ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
၂ ကောရိန္သု 9
ယုံကြည်သူများကို ကူညီထောက်ပံ့ခြင်း
ယုဒပြည်၌ဟိသော ဘုရားသခင်၏လူစုတော်အား ကူညီထောက်ပံ့ခြင်း အမှုနှင့်ပတ်သတ်၍ သင်ရို့ပါးသို့ ရီးသားရန် အမှန်ပင် မလိုအပ်ပေ။ အကြောင်းမူကား သင်ရို့၏ ကူညီထောက်ပံ့လိုသော စေတနာစိတ်ကို ငါသိသည်ဖြစ်၍ သင်ရို့အကြောင်းကို မာကေဒေါနိပြည်သားတိအား၊ “အခါယပြည်၌ဟိသော ညီအစ်ကိုမောင်နှမရို့သည်၊ မနှစ်ကပင် ကူညီရန် အသင့်ဟိကြသည်” ဟု ငါသည် ဂုဏ်ယူလျက် ပြောခ၏။ သင်ရို့၏ စေတနာစိတ်ထက်သန်မှုသည် များစွာသောသူတိကို နှိုးဆော်ပီး၏။ သို့ရာတွင် ငါရို့သည် သင်ရို့အကြောင်းကို ဂုဏ်ယူပြောဆိုခသောစကားသည် အလကားမဖြစ်စီဘဲ ငါပြောထားခသည်အတိုင်း သင်ရို့သည် သူရို့အား ကူညီပီးရန် အသင့်ပျင်ဆင်ထားရန် ညီအစ်ကိုမောင်နှမတိအား အဂုပင် ငါ စီရွှတ်လိုက်၏။ အကယ်၍ မာကေဒေါနိပြည်သားရို့သည် ငါနှင့်အတူ လိုက်လာကြလျှင် သင်ရို့၌ အသင့်ပျင်ဆင်မှု မဟိသည်ကို တွိ့ရပါက သင်ရို့သာလျှင် အရှက်ရကြလိမ့်မည် မဟုတ်။ သင်ရို့အား ယုံကြည်စိတ်ချမိသည့်အတွက် ငါရို့ကိုလည်း အရှက်ရစီလိမ့်မည်။ သို့ဖြစ်၍ သင်ရို့ ကတိပြုထားသည့်အတိုင်း ဤအလှူကို အသင့်ပျင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို မောင်နှမတိကို တိုက်တွန်း၍ သင်ရို့ပါးသို့ ကြိုတင် စီရွှတ်နိုင်ရန် လိုအပ်သည်ဟု ငါထင်မှတ်၏။ ငါရောက်လာသောအခါ အလှူသည် အသင့်ပျင်ဆင်ထားပြီးဖြစ်၍ သင်ရို့သည် ဝတ္တရားအရ ပီးကမ်းခြင်း မဟုတ်ဘဲ စေတနာအလျောက် ပီးကမ်းခြင်း ဖြစ်ကြောင်းကို ပေါ်လွင်လိမ့်မည်။
အနည်းချေသော မျိုးစိ့ကို ကြဲသောသူသည် အနည်းချေသာ ရိတ်သိမ်းရလိမ့်မည်။ များစွာသော မျိုးစိ့ကို ကြဲသောသူမူကား များစွာ ရိတ်သိမ်းရလိမ့်မည် ဖြစ်ကြောင်း သိမှတ်ကြလော့။ လူတိုင်း မိမိစေတနာစိတ် ဟိသည်အတိုင်း ပီးကမ်းအပ်၏။ နှမြောသောစိတ် သို့မဟုတ် ပီးကမ်းရန် တာဝန်ဝတ္တရားဟိသည်ဟူသော စိတ်နှင့်လည်း မပီးကမ်းအပ်။ ဘုရားသခင်သည် ဝမ်းမြောက်ခြင်းနှင့် ပီးကမ်းတတ်သောသူကို နှစ်သက်တော်မူ၏။ သင်ရို့၏ လိုအပ်သမျှတိကို အစဉ်မပြတ် ရပြီးလျှင် ကောင်းသောအမှု အမျိုးမျိုး၌ ကူညီမစနိုင်ကြစီရန် ဘုရားသခင်သည် သင်ရို့အား လိုအပ်သည်ထက် ပို၍ ပီးနိုင်တော်မူ၏။ ကျမ်းစာတော်မြတ်၌ ဖော်ပြထားသည်မှာ၊
“သူသည် ဆင်းရဲသားရို့အား ရက်ရောစွာ ပီးကမ်း၏။
သူ၏ ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏” ဟု ဖြစ်၏။
ပျိုးကြဲသောသူအား မျိုးစိ့ကိုလည်းကောင်း၊ အစာအတွက် မုန့်ကိုလည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။ သင်ရို့သည် အချိန်တိုင်း၌ ရက်ရောစွာ ပီးကမ်းနိုင်ကြစီရန် ကိုယ်တော်သည် သင်ရို့အား အစဉ် ချမ်းသာကြွယ်ဝ စီတော်မူလိမ့်မည်။ သင်ရို့ ပီးကမ်းသော အလှူများကို ငါရို့ပါးက ခံယူကြသော များစွာသော သူရို့သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူကြလိမ့်မည်။ သင်ရို့၏ ဆောင်ရွက်မှုများသည် သန့်ယှင်းသူရို့၏ လိုအပ်သောအရာများကို ကူညီမစသည်သာမက၊ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းကိုလည်း များစွာ တိုးပွားစီတော်မူ၏။ အကြောင်းမူကား ဤသို့ သင်ရို့၏ လုပ်ဆောင်မှုကြောင့် လူအပေါင်းရို့သည် ခရစ်တော်၏ သတင်းကောင်းကို သစ္စာဟိစွာ သင်ရို့ ခံယူကြသည်ကိုလည်းကောင်း၊ သူရို့မှစ၍ တခြားသူအပေါင်းရို့အား ရက်ရောစွာ ဝီမျှပီးကမ်းကြသည်ကိုလည်းကောင်း လူအပေါင်းရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြပေလိမ့်မည်။ ထို့အပြင် သင်ရို့အား ဘုရားသခင်ပီးသနားတော်မူသော ထူးမြတ်သော ကျေးဇူးတော်ကြောင့် သူရို့သည် အလွန် စိတ်နှလုံးပါလျက် သင်ရို့အတွက် ဆုတောင်းပီးကြလိမ့်မည်။ ကိုယ်တော်၏ ဖော်ပြ၍မကုန်နိုင်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.