Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၂ ကောရိန္သု 8

ခရစ်ယာန် ပီးကမ်းခြင်း

1

ညီအစ်ကိုမောင်နှမရို့၊ မာကေဒေါနိပြည်၌ဟိသော အသင်းတော်တိအား ဘုရားသခင် ပီးသနားတော်မူသော ကျေးဇူးတော်အကြောင်းကို သင်ရို့ သိကြရန် ငါရို့သည် အလိုဟိကြ၏။ ထိုသူရို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဖြင့် ပြင်းထန်သော စမ်းသပ်ခြင်းကို ခံစားရ၏။ သို့သော်လည်း သူရို့သည် အလွန် ဆင်းရဲကြလျက်ပင် ကြီးစွာသော ဝမ်းမြောက်သည့်စိတ်ဖြင့် ရက်ရောစွာ ပီးကမ်းစွန့်ကြဲကြ၏။ သူရို့သည် မိမိရို့၏ စေတနာစိတ်အလျောက် တတ်နိုင်သည်ထက်ပို၍ ပီးကမ်းကြသည်ကို ငါသက်သီခံ၏။ ထိုသူရို့သည် ယုဒပြည်၌ဟိသော သန့်ယှင်းသူရို့အား ကူညီပီးကမ်းခြင်း အခွင့်ထူးကို ရလိုခြင်းငှာ ငါရို့အား အနူးအညွှတ် တောင်းပန်ကြ၏။ ဤသို့ ပြုကြခြင်းသည် ငါရို့မျှော်လင့်သည်ထက် ပိုလေ၏။ သူရို့သည် မိမိရို့ကိုယ်ကို သခင်ဘုရားအား ဦးစွာ ဆက်ကပ် ပြီးနောက် ဘုရားသခင်၏ အလိုတော်နှင့်အညီ သူရို့ကိုယ်တိုင် ငါရို့အား ပီးကမ်းကြ၏။ သို့ဖြစ်၍ တိတုသည် ဤကျေးဇူးပြုခြင်းအမှုကို စတင်ခသူဖြစ်၍ ပြီးပြည့်စုံသည့်တိုင်အောင် သင်ရို့အား ကူညီဆောင်ရွက်ပီးရန် သူ့ကိုလည်း ငါရို့ တိုက်တွန်းကြ၏။ သင်ရို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်းနှင့် အသိပညာ၌လည်းကောင်း၊ ကူညီမစခြင်းတွင် စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း၊ ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ2 သည် လည်းကောင်း အလွန် ကြွယ်ဝကြပေ၏။ သို့ဖြစ်၍ သင်ရို့၌ ထိုကျေးဇူးပြုခြင်း အမှုကိုလည်း ကြွယ်ဝခြင်းငှာ ငါရို့ အလိုဟိ၏။

ထိုသို့ဆိုသော် ပညတ်ချက်အားဖြင့် ငါဆိုသည် မဟုတ်။ သို့သော်လည်း အခြားသူရို့သည် ကူညီလိုသော စိတ်အားထက်သန်မှုကို ဖော်ပြနိန်ခြင်းသည် သင်ရို့၏ ချစ်ခြင်းမေတ္တာ စစ်မှန်မှုကို စစ်ဆေးနိန်ခြင်းသာဖြစ်၏။ အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။

လွန်ခသောနှစ်က အစပြုခသည့်အမှုကို အဂုအချိန်၌ အဆုံးသတ်ခြင်းသည် သင်ရို့အဖို့ သာ၍ ကောင်းမွန်သည်ဟု ငါထင်၏။ အကြောင်းမူကား၊ သင်ရို့သည် အပြုအမူအားဖြင့်သာ အစပြုခြင်း မဟုတ်ဘဲ စိတ်ဆန္ဒအလျှောက် ဆောင်ရွက်ကြသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ထိုအမှုကို ပြီးဆုံးအောင် ဆောင်ရွက်ကြလော့။ သင်ရို့သည် စီစဉ်ထားသည့်အတိုင်း သင်ရို့၌ အဂု ဟိသောအရာနှင့် ဤအမှုကို စိတ်အားထက်သန်စွာဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ကြလော့။ သင်ရို့ ပီးကမ်းခြင်း၌ စေတနာစိတ်ဟိလျှင် ဘုရားသခင်သည် သင်ရို့၏ မတတ်နိုင်သည်ကို မထောက်ဘဲ တတ်နိုင်သည်ကိုသာ ထောက်၍ သင်ရို့၏ ပီးလှူခြင်းကို လက်ခံတော်မူလိမ့်မည်။

ငါရို့သည် သင်ရို့အား ဒုက္ခရောက်စီပြီး အခြားသူရို့အား သက်သာစီရန် မဟုတ်ဘဲ ညီတူညီမျှ ဖြစ်စီရန်သာ လိုလားခြင်းဖြစ်၏။ အဂုအချိန်၌ သင်ရို့၏ ကြွယ်ဝမှုသည် သူရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးသကဲ့သို့ နောင်တစ်ချိန်၌ သူရို့၏ ကြွယ်ဝမှုသည် သင်ရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးလိမ့်မည်။ သို့ဖြစ်၍ ညီတူညီမျှ ဖြစ်စီရန် ဖြစ်၏။ ကျမ်းစာတော်မြတ်က ဖော်ပြထားသည်အတိုင်း၊ “များများရသောသူလည်း မပို၊ နည်းနည်းရသောသူလည်း မလို” ဟူ၍ ဖြစ်၏။

တိတုနှင့် သူ၏အပေါင်းအဖော်များ

ငါရို့သည် သင်ရို့အား ကူညီမစရန် စိတ်အားထက်သန် သကဲ့သို့ တိတု၏ စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ တိတုသည် ငါရို့၏ အားပီးတိုက်တွန်းချက်ကို လက်မခံဘဲ၊ စေတနာစိတ်ဖြင့် မိမိဆန္ဒအလျောက် ကူညီရန် သင်ရို့ပါးသို့ လားဖို့ရန် စိတ်ဆုံးဖြတ်ထား၏။ ဧဝံဂေလိတရားကို ဟောပြော၍ အသင်းတော်များ၌ အလွန် ရိုသီခြင်းကို ခံရသော ညီအစ်ကို တစ်ယောက်ကိုလည်း တိတုနှင့်အတူ ငါရို့ စီရွှတ်လိုက်၏။ ထိုမျှမက သူသည် အလှူကောက်ခံမှုအတွက် ငါရို့နှင့်အတူ ခရီးပြုရန် အသင်းတော်များက ရွီးချယ်ခန့်ထားသော သူလည်းဖြစ်၏။ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်နှင့် ကူညီမစခြင်း၌ ငါရို့၏ စိတ်အားထက်သန်ခြင်းကို ပြသရန်၊ ဤအမှုကို ဆောင်ရွက်ကြခြင်းဖြစ်၏။

ဤသို့ စေတနာတရားထက်သန်စွာ ပီးကမ်းကြသော အလှူငွီကို သုံးစွဲရာ၌ အခြားသူများက အပြစ်ရှာခြင်းမှ ကင်းလွတ်စီရန် ငါရို့သည် သတိနှင့် ဆောင်ရွက်လျက်ဟိကြ၏။ ငါရို့သည် သခင်ဘုရား၏ ရှိ့တော်၌သာမက လူတိရှိ့၌လည်း မှန်ကန်သည့် အမှုကိုသာပြုကြရန် ရည်ရွယ်ချက် ဟိကြ၏။

သို့ဖြစ်၍ ငါရို့သည် ထိုသူရို့နှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စီရွှတ်လိုက်ကြ၏။ ငါရို့သည် ထိုသူအား အကြိမ်ကြိမ် စစ်ဆေးကြည့်ရာ သူသည် အမြဲတမ်း ကူညီခြင်း၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွိ့ရ၏။ အဂုတွင် သူသည် သင်ရို့၌ ယုံကြည်စိတ်ချမှု များစွာဟိသဖြင့် ကူညီခြင်း၌ ပို၍ပင် စိတ်အားထက်သန်လျက် ဟိ၏။ တိတုနှင့်ပတ်သတ်၍ ဖော်ပြရမည်ဆိုသော် သူသည် သင်ရို့ကို ကူညီရာ၌ ငါနှင့်အတူ ဆောင်ရွက်သောသူ၊ ငါ၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သူနှင့်အတူ လိုက်လာကြသည့် အခြားသော ညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတန်ခိုးတော်ကို သယ်ဆောင်လာသော အသင်းတော်များ၏ ကိုယ်​စား​လှယ်များ ဖြစ်ကြ၏။ ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ဂုဏ်ယူလျက်ဟိသည်မှာ မှန်ကန်ကြောင်းကို အသင်းတော်များက စိတ်ချမှုဟိစီရန် သင်ရို့၏ ချစ်ခြင်းမေတ္တာကို သူရို့အား ပြသကြလော့။

Source notes (2)
  1. Cross-reference ရော ၁၅.၂၆
  2. Footnote ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် သင့်အတွက် ငါရို့၏ ချစ်ခြင်း၊ ဟု ဖော်ပြထားသည်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.