Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

မဿဲ 10

တမန်တော်/ဆယ့်နှစ်ပါး/အား စေလွှတ်တော်မူခြင်း

ယေရှု/သည် တပည့်တော်/ဆယ့်နှစ်ပါးတို့/ကို ခေါ်တော်မူ/၍ နတ်ဆိုးများ/ကို နှင်ထုတ်နိုင်သော/အခွင့်အာဏာ/နှင့် အနာရောဂါ/အမျိုးမျိုး၊ ဖျားနာခြင်း/အမျိုးမျိုး/ကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့/ကို ပေးတော်မူ၏။ ထို/တမန်တော်/ဆယ့်နှစ်ပါးတို့/၏/အမည်များ/မှာ

ရှေးဦးစွာ ပေတရု/ဟူ၍/လည်း ခေါ်ဝေါ်သော/ရှိမုန်၊

ထို့နောက် သူ/၏/ညီ အန္ဒြေ၊

ဇေဗေဒဲ/၏/သား ယာကုပ်၊

ယာကုပ်/၏/ညီ ယောဟန်၊

ဖိလိပ္ပု၊

ဗာသောလမဲ၊

သောမ၊

အခွန်/ကောက်သူ မဿဲ၊

အာလဖဲ/၏/သား ယာကုပ်၊

သဒ္ဒဲ၊1

မျိုးချစ်စိတ်/ထက်သန်သူ2 ရှိမုန်/နှင့်

ယေရှု/အား သစ္စာဖောက်သော/ယုဒရှကာရုတ်/တို့

ဖြစ်ကြ၏။

ယေရှု/သည် ထို/တမန်တော် ဆယ့်နှစ်ပါးတို့/အား စေလွှတ်တော်မူ/၍ “လူမျိုးခြားများ/ထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့/၏/မြို့ရွာများ/သို့ မသွားကြနှင့်။ ဘုရားသခင်/၏ ပျောက်သော/သိုးများ/ဖြစ်သည့် အစ္စရေးလူမျိုးများ/ထံသို့/သာ သွားကြလော့။ သူတို့/ထံသို့ သွား/၍ ‘ကောင်းကင်/နိုင်ငံတော် ပေါ်ထွန်းချိန်/နီးပြီ’ ဟု ဟောပြောကြလော့။ ဖျားနာသူများ/ကို ကျန်းမာစေကြလော့။ သေလွန်သော/သူတို့/ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များ/ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများ/ကို နှင်ထုတ်ကြလော့။ သင်တို့/သည် အဖိုးအခ/မပေးဆောင်ရဘဲ ရရှိထားသည်/ဖြစ်၍ အဖိုးအခ/မယူဘဲ ပေးကမ်းကြလော့။

သင်တို့/၏ ခါးစည်း/ထဲတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါး/စသည်တို့/ကို မဆောင်ကြနှင့်။ ခရီးဆောင်အိတ်၊ အင်္ကျီ/အပို၊ ဖိနပ်/အပို၊ တောင်ဝှေး/တို့/ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်/ကိုလည်း လက်ခံ/ရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ/သည် စားစရာ/ကို ရထိုက်/သောကြောင့်/ဖြစ်၏။

မြို့/တစ်မြို့၊ သို့မဟုတ် ရွာ/တစ်ရွာ/သို့ ဝင်/သောအခါ သင်တို့/အား လက်ခံကြိုဆိုမည့်သူ/ကို ရှာ/၍ ထို/မြို့ရွာ/မှ မထွက်/မီ/တိုင်အောင် သူ/၏/အိမ်/၌သာ တည်းခိုကြလော့။ ထို/အိမ်/သို့ ဝင်/သောအခါ မင်္ဂလာပါ/ဟု နှုတ်ဆက်လော့။ ထို/အိမ်/သည် ထိုက်တန်/လျှင် သင်တို့/၏/ငြိမ်းချမ်းခြင်း/သည် ထို/အိမ်/အပေါ် သက်ရောက်/လိမ့်မည်။ မထိုက်တန်/ပါက ထို/ငြိမ်းချမ်းခြင်း/သည် သင်တို့/ထံ ပြန်လာ/လိမ့်မည်။ သို့သော်လည်း မည်သူ/မျှ သင်တို့/ကို မကြိုဆို၊ သင်တို့/ဟောသည့်/တရား/ကိုလည်း မနာယူ/လျှင် ထို/အိမ်၊ သို့မဟုတ် ထို/မြို့/မှ ထွက်ခွာ/သောအခါ သင်တို့/၏/ခြေဖဝါး/မှ ဖုန်မှုန့်/ကို ခါချလော့။ သင်တို့/အား ငါ/အမှန်/ဆို၏။ တရားစီရင်သော/နေ့/တွင် ထို/မြို့/သည် ဆိုးသွမ်းသည့်/သောဒုံမြို့/နှင့် ဂေါမောရမြို့/ထက် ပို၍/အပြစ်ဒဏ်ခံရ/လိမ့်မည်။ ဝံပုလွေများ/ထဲသို့ သိုးများ/ကို စေလွှတ်/သကဲ့သို့ သင်တို့/ကို ငါ/စေလွှတ်၏။ ထို့ကြောင့် မြွေများ/ကဲ့သို့ လိမ္မာပါးနပ်/၍ ချိုးငှက်များ/ကဲ့သို့ အဆိပ်ကင်းကြလော့။ လူတို့/ကို သတိပြုကြလော့။ သူတို့/သည် သင်တို့/ကို တရားရုံးများ/သို့ အပ်ကြ/လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ/တွင်လည်း ကြိမ်ဒဏ်ပေးကြ/လိမ့်မည်။ ငါ/၏ နောက်လိုက်များ/ဖြစ်/သောကြောင့် သင်တို့/ကို အစိုးရအာဏာပိုင်များ/နှင့် ရှင်ဘုရင်များ/ရှေ့သို့ ခေါ်ဆောင်သွားကြ/လိမ့်မည်။ သို့သော် ဤ/အရာ/သည် ထို/သူတို့/နှင့် လူမျိုးခြားတို့/ထံ ငါ့/အကြောင်း/သက်သေခံရသော/အခွင့်/ကို ဖြစ်စေ/လိမ့်မည်။ သင်တို့/ကို အပ်နှံကြ/သောအခါ မည်သို့/တုံ့ပြန်/ပြောဆို/ရမည်/ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်/သည် သင်တို့/ပြောဆိုရမည့်/စကား/ကို ထို/အချိန်/၌ ပေးတော်မူ/လိမ့်မည်။ သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ/မှာ သင်တို့/မဟုတ်ဘဲ သင်တို့/အဖ/၏/ဝိညာဉ်တော်/သည် သင်တို့/အားဖြင့် ပြောဆိုနေမည်/ဖြစ်၏။

ညီအစ်ကို/ချင်း တစ်ဦး/ကို/တစ်ဦး သေ/စေရန် သစ္စာဖောက်/လိမ့်မည်။ ဖခင်/သည်လည်း မိမိ/သားသမီး/ကို သေ/စေရန် သစ္စာဖောက်/လိမ့်မည်။ သားသမီးတို့/သည်လည်း မိဘ/ကို ပုန်ကန်/၍ သေစေကြ/လိမ့်မည်။ ငါ/၏/နောက်လိုက်များ/ဖြစ်/သောကြောင့်3 လူအပေါင်းတို့/သည် သင်တို့/ကို မုန်းတီးကြ/လိမ့်မည်။ သို့သော် အဆုံး/တိုင်အောင် ကြံ့ကြံ့ခံသော/သူ/သည် ကယ်တင်ခံရ/လိမ့်မည်။ မြို့/တစ်မြို့/တွင် သင်တို့/ကို ညှဉ်းပန်းနှိပ်စက်/သောအခါ အခြား/တစ်မြို့/သို့ ပြေးကြလော့။ သင်တို့/အား ငါ/အမှန်/ဆို၏။ အစ္စရေးမြို့များ/ကို သင်တို့/နှံ့စပ်အောင်/မရောက်/မီ လူသား4/သည် ကြွလာ/လိမ့်မည်။

တပည့်/သည် ဆရာ/ထက် မြတ်သည်/မဟုတ်။ ကျွန်/သည်လည်း သခင်/ထက် မြတ်သည်/မဟုတ်။ တပည့်/သည် ဆရာ/ကဲ့သို့/လည်းကောင်း၊ ကျွန်/သည်/သခင်/ကဲ့သို့/လည်းကောင်း ဖြစ်လာ/လျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီး/ဖြစ်သူ/ကို နတ်ဆိုးမင်း5/ဟု ခေါ်ကြ/လျှင် အိမ်သူအိမ်သားတို့/ကို ပို/၍ ဆိုးရွား/စွာ ခေါ်ကြ/လိမ့်မည်။

သို့သော် ထို/သူတို့/ကို မကြောက်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဖုံးကွယ်ထား/သမျှ/သည် ဖော်ထုတ်/ခံရ/ပြီး လျှို့ဝှက်ထား/သမျှတို့/သည် ပေါ်လာမည်/ဖြစ်/သောကြောင့်/ပင် ဖြစ်၏။ သို့ဖြစ်၍ သင်တို့/အား အမှောင်/၌ ငါ/ပြော/သမျှ/ကို အလင်း/တွင် ပြောကြလော့။ သင်တို့/နား/၌ ငါ/တီးတိုး/ပြောသမျှ/ကို လသာဆောင်6/ပေါ်မှ ကြေညာကြလော့။

ကိုယ်ခန္ဓာ/ကိုသာ သတ်/၍ စိတ်ဝိညာဉ်/ကို/မသတ်နိုင်သော/သူတို့/ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာ/နှင့် စိတ်ဝိညာဉ်/နှစ်မျိုးလုံး/ကို ငရဲ/တွင် ဖျက်ဆီးနိုင်သော/ဘုရားသခင်/ကိုသာ ကြောက်ကြလော့။ စာကလေး/နှစ်ကောင်/ကို ကြေးဒင်္ဂါးလေး7/တစ်ပြား/နှင့်သာ ဝယ်ရသည်/မဟုတ်လော။ သို့သော်လည်း သင်တို့/အဖ/၏/အခွင့်/မရှိဘဲ ထို/စာကလေး/တစ်ကောင်/မျှ မြေ/ပေါ်သို့/မကျရ။ ထိုမျှမက သင်တို့/၏/ဦးခေါင်း/မှ ဆံပင်/ရှိသမျှ/ကိုလည်း ရေတွက်ထားတော်မူ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့/သည် စာကလေး/များစွာ/ထက် ပို၍/အဖိုးတန်၏။

သို့ဖြစ်၍ လူတို့/ရှေ့တွင် ငါ့/ကို ထုတ်ဖော်ဝန်ခံ/သူ ရှိသမျှတို့/ကို ငါ/သည်လည်း ကောင်းကင်ဘုံ/၌ ရှိတော်မူသော ငါ့/ခမည်းတော်/ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။ သို့သော် လူတို့/ရှေ့တွင် ငါ့/ကို ငြင်းပယ်သော/သူ/အား ကောင်းကင်ဘုံ/၌ ရှိတော်မူသော ငါ့/ခမည်းတော်/ရှေ့တွင် ငါ/သည် ငြင်းပယ်မည်။

ဤ/လောက/သို့ ငြိမ်းချမ်းခြင်း/ကို ယူဆောင်လာ/ရန် ငါ/လာသည်/ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်း/ကို ယူဆောင်လာ/ရန် ငါ/လာသည် မဟုတ်ပါ။ ဓား/ကို/ယူဆောင်လာ/ရန် ငါ/လာ၏။

သား/သည် ဖခင်/ကို/လည်းကောင်း၊

သမီး/သည် မိခင်/ကို/လည်းကောင်း၊

ချွေးမ/သည် ယောက္ခမ/ကို/လည်းကောင်း၊

အချင်းချင်း ဆန့်ကျင်/စေရန် ငါ/လာ၏။

မိမိ/၏/အိမ်သူအိမ်သားများ/သည်

မိမိ/ရန်သူများ ဖြစ်ကြ/လိမ့်မည်။8

ငါ့/ကို/ချစ်သည်/ထက် မိမိ/၏/ဖခင်၊ သို့မဟုတ် မိခင်/ကို ပို၍/ချစ်သော/သူ/သည် ငါ့/တပည့်/ဖြစ်/ရန် မထိုက်တန်ပါ။ ငါ့/ကို/ချစ်သည်/ထက် မိမိ/၏/သားသမီး/ကို ပို၍/ချစ်သော/သူ/သည်လည်း ငါ့/တပည့်/ဖြစ်/ရန် မထိုက်တန်ပါ။ မိမိ/လက်ဝါးကပ်တိုင်/ကို ထမ်း/၍ ငါ့/နောက်သို့ မလိုက်သောသူ/သည်လည်း ငါ့/တပည့်/ဖြစ်/ရန် မထိုက်တန်ပါ။ မိမိ/အသက်/ကို ဖက်တွယ်သော/သူ/သည် အသက်/ဆုံးရှုံး/လိမ့်မည်။ ငါ့/ကြောင့် အသက်/ဆုံးရှုံးသော/သူ/သည် အသက်/ကို ရ/လိမ့်မည်။

သင်တို့/ကို လက်ခံသော/သူ/သည် ငါ့/ကို/လက်ခံ၏။ ငါ့/ကို လက်ခံသော/သူ/သည် ငါ့/ကို စေလွှတ်တော်မူသော/ခမည်းတော်/ကို လက်ခံ၏။ ပရောဖက်/တစ်ပါး/ကို ဘုရားသခင်/၏/ကိုယ်စားလှယ်/အဖြစ် လက်ခံသော/သူ/သည်9 ပရောဖက်/၏/အကျိုးကျေးဇူး/ကို ခံစားရ/လိမ့်မည်။ ဖြောင့်မတ်သောသူ/၏ မျက်နှာ/ကို/ထောက်/၍ ဖြောင့်မတ်သောသူ/ကို လက်ခံသော/သူ/သည် ဖြောင့်မတ်သောသူ/၏ အကျိုးကျေးဇူး/ကို ခံစားရ/လိမ့်မည်။ ငါ့/တပည့်/၏ မျက်နှာ/ကို/ထောက်/၍ ဤ/အသေးနုပ်ဆုံးသောသူ/ထဲမှ တစ်ဦး/အား ရေအေး/တစ်ခွက်/ကို တိုက်သော/သူသည် အကျိုးကျေးဇူး/ကို မခံစားဘဲ/မနေရ/ဟု ငါ/အမှန်/ဆို၏” ဟု ညွှန်ကြား/လျက် မိန့်တော်မူ၏။

Source notes (9)
  1. Footnote အခြား/လက်ရေးမူကျမ်းများ/တွင် “လေဗဲ၊” သို့မဟုတ် “သဒ္ဒဲ” ဟု ခေါ်သော “လေဗဲ” ဟု ဖော်ပြထားသည်။
  2. Footnote မူရင်း/ဂရိကျမ်း/တွင် “ကာနနိတ်လူမျိုး” ဟု ဖော်ပြထားပြီး ၎င်း/သည် ဂျူး/မျိုးချစ်စိတ်/ရှိသူများ/အား ခေါ်ဝေါ်သည့် အာရမိတ်/အခေါ်/ဖြစ်သည်။
  3. Footnote မူရင်း/ဂရိကျမ်း/တွင် “ငါ/၏/အမည်/နာမ/ကြောင့်” ဟု ဖော်ပြထားသည်။
  4. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော/ဂုဏ်ပုဒ်/ဖြစ်သည်။
  5. Footnote မူရင်း/ဂရိကျမ်း/တွင် “ဗေလဇေဗုလ” ဟူ၍ ဖော်ပြထားသည်။
  6. Footnote ပထမ/ရာစု/ကာလ/၌ ယုဒပြည်/နှင့် ဂါလိလဲပြည်/တို့/တွင် အိမ်အမိုးများ/မှာ ပြန့်/ပြီး တက်ရောက်/သွားလာ/နိုင်သည်။ ထို/အိမ်အမိုး/ပေါ်မှ အော်ပြော/လျှင် လမ်းပေါ်/ရှိ လူတိုင်း/ကြားနိုင်သည်။
  7. Footnote မူရင်း/ဂရိကျမ်း/တွင် “အဿရိ” ဟု တွေ့ရှိရသည်။ ၎င်း/သည် “အဿရိ” ဟု ခေါ်သော “ရောမ/ကြေးဒင်္ဂါး” ကို/ဆိုလိုသည်။ ထို/အဿရိ/ခေါ် ကြေးဒင်္ဂါး/တစ်ပြား/သည် ဒေနာရိ ဆယ့်ခြောက်ပုံ/တစ်ပုံ၊ သို့မဟုတ် ပျမ်းမျှ/နာရီဝက်/လုပ်အားခ/ထက်/နည်းသည့် တန်ဖိုး/နှင့် ညီမျှသည်။
  8. Footnote မိ ၇:၆။
  9. Footnote မူရင်း/ဂရိကျမ်း/တွင် “ပရောဖက်/အမည်/နာမ/ကို ထောက်/၍ ပရောဖက်/တစ်ပါး/ကို လက်ခံသော/သူ/၏” ဟု ဖော်ပြထားသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.