Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

မဿဲ 9

လေဖြတ်သူ/တစ်ဦး/ကို ကျန်းမာစေတော်မူခြင်း

ထို့နောက် ယေရှု/သည် လှေ/ပေါ်သို့/တက်/၍ အိုင်/တစ်ဖက်ကမ်း/သို့ ကူးဖြတ်/ကာ မိမိ/နေရပ်မြို့/သို့/ကြွတော်မူ၏။ ထိုအခါ လူ/တချို့/သည် လေဖြတ်သူ/တစ်ဦး/ကို ထမ်းစင်/ပေါ်/တင်/၍ ယေရှု/ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု/သည် ထို/သူတို့/၏ ယုံကြည်ခြင်း/ကို မြင်/သောအခါ လေဖြတ်သူ/အား “ငါ့/သား… မစိုးရိမ်နှင့်။ သင်/၏/အပြစ်များ/ကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။

ထိုအခါ ကျမ်းတတ်ဆရာ/တချို့/က “ဤ/သူ/သည် ဘုရားသခင်/ကို စော်ကား/ပြောဆိုနေသည်” ဟု စိတ်ထဲ/၌ တွေးတောနေကြ၏။

ယေရှု/သည် ထို/သူတို့/၏ စိတ်/ကို/သိမြင်တော်မူ/သဖြင့် “သင်တို့/၏ စိတ်/ထဲတွင် အဘယ်ကြောင့် မကောင်းသော/အတွေးများ/ကို တွေးတော/နေကြသနည်း။ ‘သင်/၏/အပြစ်များ/ကို ခွင့်လွှတ်ပြီ’ ဟု ပြော/ရန် ပို/၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ/၍ လမ်းလျှောက်လော့’ ဟု ပြော/ရန် ပို/၍ လွယ်ကူသလော။ လူသား1/သည် ဤ/လောက/တွင် အပြစ်/လွှတ်ပိုင်သော/အခွင့်အာဏာ/ရှိကြောင်း သင်တို့/ကို ငါ/သက်သေပြမည်” ဟု ဆို/ကာ လေဖြတ်သူ/အား “ထလော့။ သင့်/ထမ်းစင်/ကို ယူ/၍ အိမ်/သို့ ပြန်လော့” ဟု မိန့်တော်မူ၏။

ထို/သူ/သည်လည်း ထ/၍ အိမ်/သို့ ပြန်လေ၏။ ထို/အဖြစ်အပျက်/ကို မြင်သော် လူထု/ပရိသတ်တို့/သည် အလွန်/ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သော/အခွင့်အာဏာ/ကို လူတို့/အား ပေးတော်မူ/သည့် ဘုရားသခင်/၏ ဂုဏ်တော်/ကိုလည်း ချီးမွမ်းကြ၏။

မဿဲ/ကို ခေါ်ဖိတ်တော်မူခြင်း

ယေရှု/သည် ထို/အရပ်/မှ ကြွ/သောအခါ မဿဲ/အမည်/ရှိသောသူ/တစ်ဦး/သည် အကောက်ခွန်ရုံး/တွင် ထိုင်နေသည်/ကို တွေ့မြင်တော်မူ/၍ “ငါ့/နောက်သို့ လိုက်/၍ ငါ့/တပည့်/အဖြစ်/ခံယူလော့” ဟု မိန့်တော်မူ၏။ သူ/သည် ထ/၍ ယေရှု/နောက်တော်/သို့ လိုက်လေ၏။

ထို့နောက် ယေရှု/နှင့် တပည့်တော်တို့/သည် မဿဲ/၏/အိမ်/တွင် ညစာ/သုံးဆောင်ကြ၏။2 ထို/နေရာ/၌ အခွန်ကောက်သူများ/နှင့် အပြစ်သားများ/လည်း ပါကြ၏။ ထို/အရာ/ကို ဖာရိရှဲတို့ မြင်/သောအခါ ယေရှု/၏ တပည့်တော်တို့/အား “သင်တို့/၏ ဆရာ/သည် အဘယ်ကြောင့် အခွန်/ကောက်သူများ၊ အပြစ်သားများ/နှင့်အတူ စားသောက်သနည်း” ဟု မေးကြ၏။

ထိုသို့/မေးကြသည်/ကို ယေရှု/ကြားတော်မူ/လျှင် “ကျန်းမာသော/သူတို့/သည် ဆရာဝန်/ကို/မလိုအပ်ပါ။ ဖျားနာသော/သူတို့/သာလျှင် လိုအပ်ကြ၏။ ‘ယဇ်ပူဇော်ခြင်း/ထက် သနားကြင်နာတတ်ခြင်း/ကို ငါ/ပို၍/အလိုရှိ၏’3 ဟူသည့် ကျမ်းစကား/ကို သင်တို့ သွား/၍ သင်ယူကြလော့။ ဖြောင့်မတ်သောသူတို့/ကို နောင်တရ/စေရန်/အတွက် ငါ/လာ/၍ ခေါ်သည်/မဟုတ်။ အပြစ်သားများ/ကို နောင်တရ/စေရန်/အတွက် လာ/၍ ခေါ်သည်” ဟု မိန့်တော်မူ၏။

အစာရှောင်ခြင်း/အကြောင်း ဆွေးနွေးခြင်း

တစ်နေ့/သောအခါ နှစ်ခြင်းဆရာ/ယောဟန်/၏ တပည့်များ/သည် ယေရှု/ထံသို့/လာ/၍ “အကျွန်ုပ်တို့/နှင့် ဖာရိရှဲတို့/သည် မကြာခဏ အစာရှောင်လေ့/ရှိကြ၏။ သို့ရာတွင် ဆရာတော်/၏/တပည့်များ/သည် အဘယ်ကြောင့် အစာမရှောင်ဘဲ/နေကြသနည်း” ဟု မေးလျှောက်ကြ၏။

ထိုအခါ ယေရှု/က “သတို့သား/၏ မိတ်ဆွေ/အပေါင်းအသင်းများ/သည် ထို/သတို့သား/နှင့်အတူ/ရှိ/နေစဉ် ဝမ်းနည်းပူဆွေး/တတ်ကြသလော။ သို့သော်လည်း သတို့သား/ကို သူတို့/ထံမှ ခေါ်ယူ/သွားမည့်/အချိန် ရောက်လာ/လိမ့်မည်။ ထိုအခါ သူတို့/သည် အစာရှောင်ကြ/လိမ့်မည်။

ထို့ပြင် မည်သူ/မျှ အထည်ဟောင်း/ကို ပိတ်စသစ်/ဖြင့် ဖာလေ့/မရှိ။ ထိုသို့/ဖာ/လျှင် ပိတ်စသစ်/သည် ရုန်း/သဖြင့် အထည်ဟောင်း/၏/စုတ်ပြဲရာ/အပေါက်/သည် ပို/၍ ကျယ်/လိမ့်မည်။

ထို့အတူ မည်သူ/မျှ စပျစ်ဝိုင်/အသစ်/ကို သားရေဘူး/အဟောင်း/ထဲသို့ ထည့်လေ့/မရှိကြ။ ထိုသို့/ထည့်/လျှင် စပျစ်ဝိုင်/အသစ်/သည် သားရေဘူး/အဟောင်း/ကို ပေါက်ပြဲစေ/သဖြင့် စပျစ်ဝိုင်/ယိုထွက်/၍ သားရေဘူး/လည်း ပျက်စီး/လိမ့်မည်။ စပျစ်ဝိုင်/အသစ်/ကို သားရေဘူး/အသစ်/တွင်/သာ ထည့်ရ၏။ သို့မှသာ စပျစ်ဝိုင်/နှင့် သားရေဘူး နှစ်မျိုး/စလုံး/ကို ကြာရှည်/စွာ ထိန်းသိမ်း/နိုင်လိမ့်မည်” ဟု ထို/သူတို့/အား မိန့်တော်မူ၏။

သွေးသွန်/ရောဂါစွဲသော/အမျိုးသမီး/နှင့် သေရာ/မှ ပြန်ရှင်သော/မိန်းကလေး

ဤ/အရာများ/ကို မိန့်တော်မူ/စဉ် ထို/အရပ်/မှ ခေါင်းဆောင်/တစ်ဦး/သည် ယေရှု/ထံတော်သို့/လာ/၍ ခြေတော်ရင်း/၌ ဝပ်တွားခယ/လျက် “အကျွန်ုပ်/၏/သမီး/သည် ယခု/ပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်/သည်/ကြွလာ/၍ သူ့/အပေါ်/၌ လက်တော်/ကို တင်/ပါက သူ/သည် အသက်ရှင်ပါ/လိမ့်မည်” ဟု လျှောက်လေ၏။

ထိုအခါ ယေရှု/သည် တပည့်တော်တို့/နှင့်တကွ ထို/သူ/နောက်သို့ လိုက်တော်မူ၏။ ထိုစဉ် ဆယ့်နှစ်နှစ်/ပတ်လုံး သွေးသွန်/ရောဂါစွဲသော အမျိုးသမီး/တစ်ဦး/သည် ယေရှု/နောက်တော်/သို့ ချဉ်းကပ်/၍ “သူ/၏/ဝတ်ရုံတော်/ကိုမျှ တို့/လျှင် ငါ/သည် ရောဂါ/ပျောက်ကင်း/လိမ့်မည်” ဟု စိတ်ထဲ/၌ ရေရွတ်/လျက် ဝတ်ရုံတော်/၏/အမြိတ်/ကို တို့လေ၏။

ယေရှု/သည် လှည့်/၍ ထို/အမျိုးသမီး/ကို မြင်တော်မူ/လျှင် “သမီး… မစိုးရိမ်နှင့်။ သင်/၏/ယုံကြည်ခြင်း/သည် သင့်/ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်း/ပင် ထို/အမျိုးသမီး/သည် ရောဂါပျောက်ကင်းလေ၏။

ထို့နောက် ယေရှု/သည် ထို/ခေါင်းဆောင်/၏ အိမ်/သို့/ရောက်တော်မူ/လျှင် ဈာပနသီချင်း/ကို/တီးမှုတ်4/၍ ဆူညံ/လျက်/ရှိသော/လူအုပ်/ကို တွေ့မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်/က “ထွက်သွားကြလော့။ ဤ/မိန်းကလေး/သည် သေသည်/မဟုတ်။ အိပ်ပျော်နေခြင်း/သာ/ဖြစ်သည်” ဟု မိန့်တော်မူ/သော် ထို/သူတို့/သည် ကိုယ်တော်/ကို ပြက်ရယ်ပြုကြ၏။ သို့သော် ကိုယ်တော်/သည် ထို/လူအုပ်/ကို အပြင်/သို့ ထွက်စေ/ပြီးနောက် အထဲသို့/ဝင်တော်မူ/၍ မိန်းကလေး/၏ လက်/ကို ကိုင်တော်မူ/လျှင် ထို/မိန်းကလေး/သည် ထလေ၏။ ဤ/သတင်း/သည် ထို/နယ်/တစ်ခွင်လုံး/သို့ ပျံ့နှံ့သွားလေ၏။

မျက်မမြင်တို့/ကို မျက်စိ/မြင်စေတော်မူခြင်း

ယေရှု/သည် ထို/နေရာ/မှ ထွက်ကြွတော်မူ/စဉ် မျက်မမြင်/နှစ်ယောက်/က “ဒါဝိဒ်မင်း/၏/သားတော် ယေရှု၊ အကျွန်ုပ်တို့/ကို သနားတော်မူပါ” ဟု ဟစ်အော်/လျက် နောက်တော်/သို့ လိုက်ကြ၏။

ယေရှု/သည် အိမ်/ထဲသို့/ဝင်တော်မူ/သောအခါ မျက်မမြင်/နှစ်ယောက်/သည် ကိုယ်တော်/ထံသို့ လာကြ၏။ ယေရှု/က “ငါ/သည်/သင်တို့/ကို မြင်စေနိုင်မည်/ဟု ယုံကြည်ကြ/သလော” ဟူ၍ မေးတော်မူ၏။ သူတို့/က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။

ထို့နောက် သူတို့/၏/မျက်စိ/ကို တို့ထိ/လျက် “သင်တို့/၏/ယုံကြည်မှု/အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့/သည် မျက်စိ/မြင်လာကြ၏။ ယေရှု/က “ဤ/အကြောင်း/ကို မည်သူ့/ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်/စွာ သတိပေးတော်မူ၏။ သို့သော်လည်း သူတို့/သည် ထွက်သွား/၍ ယေရှု/၏/သတင်းတော်/ကို ထို/နယ်/တစ်ခွင်လုံး/၌ ပျံ့နှံ့စေကြ၏။

ထို/သူတို့ ထွက်ခွာသွားကြ/ပြီးနောက် လူ/တချို့/သည် နတ်ဆိုးပူးသော ဆွံ့အသူ/တစ်ဦး/ကို ယေရှု/ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု/ကလည်း နတ်ဆိုး/ကို နှင်ထုတ်တော်မူ/သဖြင့် ထို/ဆွံ့အသူ/သည် စကားပြောလေ၏။ လူထု/ပရိသတ်တို့/သည် အံ့ဩ/၍ “အစ္စရေးလူမျိုး/တွင် ဤကဲ့သို့သော အဖြစ်အပျက်/ကို မည်သည့်/အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။

သို့သော် ဖာရိရှဲတို့/က “သူ/သည် နတ်ဆိုးများ/ကို နှင်ထုတ်နိုင်ခြင်း/မှာ နတ်ဆိုးမင်း/၏/တန်ခိုး/ကို ရရှိထား/သောကြောင့်/ဖြစ်သည်” ဟု ပြောဆိုကြ၏။

ရိတ်သိမ်းသူများ လိုအပ်ခြင်း

ထို့နောက် ယေရှု/သည် ထို/ဒေသ/၏ ရှိသမျှ/မြို့ရွာများ/သို့ လှည့်လည်/၍ ဂျူးဝတ်ပြုဆောင်များ/တွင် သွန်သင်/လျက် နိုင်ငံတော်/နှင့်/ဆိုင်သော သတင်းကောင်း/ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့/၏ အနာရောဂါ/အမျိုးမျိုး/နှင့် ဖျားနာခြင်း/အမျိုးမျိုးတို့/ကိုလည်း ပျောက်ကင်းစေတော်မူ၏။ ယေရှု/သည် လူထု/ပရိသတ်တို့/ကို မြင်တော်မူ/သောအခါ သူတို့/ကို သနားကြင်နာသော/စိတ် ရှိတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့/သည် သိုးထိန်း/မရှိသော သိုးများ/ကဲ့သို့ အားကိုးရာမဲ့/လျက် လမ်းပျောက်နေကြ/သောကြောင့်/ဖြစ်၏။ ထိုအခါ တပည့်တော်တို့/အား “ရိတ်သိမ်း/ရန် စပါး/များစွာ ရှိ/သော်လည်း ရိတ်သိမ်းသူတို့/သည် နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းသူများ/ကို လယ်/သို့ စေလွှတ်ပေး/ရန် လယ်ရှင်/ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။

Source notes (4)
  1. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော ဂုဏ်ပုဒ်/ဖြစ်သည်။
  2. Footnote မူရင်း/ဂရိကျမ်း/တွင် “လျောင်းတော်မူ/စဉ်” ဟု တွေ့ရှိရသည်။ ပထမ/ရာစု/အရှေ့အလယ်ပိုင်း/၌ အစာ/စားသုံးရာ/တွင် စားပွဲ/ရှေ့၌/ထိုင်/၍ စားသုံးလေ့/မရှိပါ။ ကြမ်းပြင်/ပေါ်၌ အခြား/တစ်ဦး/အပေါ် မှီလျောင်း/၍ စားပွဲ/ကို/ဦးတည်/ကာ စားသောက်လေ့/ရှိသည်။
  3. Footnote ဟော ၆:၆။
  4. Footnote မူရင်း/ဂရိကျမ်း/တွင် “ပလွေမှုတ်သော/သူများ” ဟု ဖော်ပြထားသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.