Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

မဿဲ 8

အနာကြီးရောဂါသည်/တစ်ဦး/ကို ကျန်းမာစေတော်မူခြင်း

ယေရှု/သည် တောင်ပေါ်/မှ ဆင်းကြွတော်မူ/သောအခါ လူအုပ်ကြီး/သည် နောက်တော်/သို့ လိုက်ကြ၏။ ထိုအခါ အနာကြီးရောဂါသည်/တစ်ဦး/သည် ကိုယ်တော်/ထံသို့ လာ/၍ ဒူးထောက်/လျက် “သခင်… သခင်/အလိုတော်/ရှိ/လျှင် အကျွန်ုပ်/ကို စင်ကြယ်/စေနိုင်ပါသည်” ဟု လျှောက်လေ၏။

ယေရှု/သည်လည်း လက်တော်/ကို ဆန့်/၍ ထို/သူ/ကို တို့ထိတော်မူ/ပြီးလျှင် “ငါ/အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထို/ခဏ/အတွင်း/၌ ထို/သူ/၏/ရောဂါ/သည်လည်း ပျောက်ကင်းလေ၏။ ထို့နောက် ယေရှု/က ထို/သူ/အား “ဤ/အကြောင်း/ကို မည်သူ့/ကို/မျှ မပြောနှင့်။ ယဇ်ပုရောဟိတ်/ထံသို့ သွား/၍ သူ့/အား/ကြည့်ရှုစစ်ဆေးစေလော့။ သင့်/ရောဂါ/ပျောက်ကင်းကြောင်း လူတို့/ရှေ့/၌ သက်သေပြ/ရန် မောရှေ/၏/ပညတ်ကျမ်း/အတိုင်း ပူဇော်စရာများ/ကို ဆက်သလော့” ဟု မိန့်တော်မူ၏။

ရောမ/တပ်မှူး/တစ်ဦး/၏ ယုံကြည်ခြင်း

ယေရှု/သည် ကပေရနောင်မြို့/သို့ ကြွတော်မူ/သောအခါ ရောမ/တပ်မှူး/တစ်ဦး1/သည် ကိုယ်တော်/ထံသို့ ချဉ်းကပ်/၍ “သခင်… အကျွန်ုပ်/၏ အစေခံ/တစ်ယောက်/သည်2 လေဖြတ်/၍ ဝေဒနာ/ပြင်း/စွာ ခံစား/လျက် အိပ်ရာ/တွင် လဲနေရပါသည်” ဟု လျှောက်လေ၏။

ထိုအခါ ယေရှု/က “ငါ/လာ/၍ သူ့/ကို ကျန်းမာစေမည်” ဟု မိန့်တော်မူ၏။

သို့သော် တပ်မှူး/က “သခင်… အကျွန်ုပ်/သည် ထိုက်တန်သော/သူ မဟုတ်/သောကြောင့် အကျွန်ုပ်/၏/အိမ်မိုး အောက်/သို့ သခင်/ကြွလာတော်မူ/ရန် မသင့်လျော်ပါ။ သခင်/ရှိသည့်/နေရာ/မှ အမိန့်တော်/ကိုသာ ပေးတော်မူ/လျှင် အကျွန်ုပ်/၏/အစေခံ/သည် ပြန်လည်/ကျန်းမာပါ/လိမ့်မည်။ ဤသို့/ဆိုရခြင်း/မှာ အကျွန်ုပ်/သည် အမိန့်အာဏာ/အောက်/တွင် ရှိသူ/ဖြစ်ပြီး အကျွန်ုပ်/၏/လက်အောက်/တွင်လည်း စစ်သားများ/ရှိ/သောကြောင့် ဖြစ်၏။ အကျွန်ုပ်/သည် တစ်ဦး/ကို ‘သွားလော့’ ဟု ပြော/လျှင် သူ/သည်/သွားရ၏။ အခြား/တစ်ဦး/ကို ‘လာလော့’ ဟု ပြော/လျှင် သူ/သည်/လာရ၏။ အကျွန်ုပ်/၏/အစေခံ/ကို ‘ဤ/အရာ/ကို လုပ်ဆောင်လော့’ ဟု ပြော/လျှင် သူ/သည် လုပ်ဆောင်ရပါ၏” ဟု လျှောက်လေ၏။

ယေရှု/သည် ထို/တပ်မှူး/၏ စကား/ကို ကြား/သော် အံ့သြတော်မူ/လျက် နောက်တော်/သို့ လိုက်သောသူများ/ဘက်/သို့ လှည့်/၍ “သင်တို့/အား ငါ/အမှန်/ဆို၏။ ထို/ကဲ့သို့ ယုံကြည်ခြင်း/ရှိသော/သူ/တစ်ဦး/ကိုမျှ အစ္စရေးလူမျိုး/ထဲ၌ ငါ/မတွေ့ဖူးသေး။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ လူမျိုးခြား/များစွာတို့/သည် အရှေ့အရပ်/နှင့် အနောက်အရပ်/မှ လာ/၍ ကောင်းကင်/နိုင်ငံတော်/၏ စားသောက်ပွဲ/၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်/တို့/နှင့်အတူ စားသောက်ကြ/လိမ့်မည်။3 နိုင်ငံတော်သားများ/ဖြစ်သော အစ္စရေးလူမျိုးတို့/မှာမူ အပြင်ဘက်/မှောင်မိုက်သော/အရပ်/သို့ နှင်ထုတ်ခံကြရ/လိမ့်မည်။ ထို/နေရာ/၌ သူတို့/သည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်” ဟု မိန့်တော်မူ၏။

ထို့နောက် ယေရှု/က ထို/ရောမ/တပ်မှူး/အား “အိမ်/သို့ ပြန်လော့။ သင်/၏/ယုံကြည်ခြင်း/အတိုင်း ဖြစ်ပြီ” ဟု မိန့်တော်၏။ ထိုသို့ မိန့်တော်မူသည့်/အချိန်/၌ပင် တပ်မှူး/၏ အစေခံ/သည် ပြန်လည်/ကျန်းမာလေ၏။

လူ/များစွာ/ကို ကျန်းမာစေတော်မူခြင်း

ယေရှု/သည် ပေတရု/အိမ်/သို့ ကြွ/သောအခါ ပေတရု/၏ ယောက္ခမ/သည် ဖျား/လျက် အိပ်ရာ/ထဲ၌ လဲနေသည်/ကို မြင်တော်မူ၏။ ယေရှု/သည် ထို/အမျိုးသမီး/၏ လက်/ကို တို့ထိတော်မူ/လျှင် အဖျားပျောက်လေ၏။ ထိုအခါ သူ/သည် အိပ်ရာ/မှ ထပြီး/လျှင် ယေရှု/အား ဧည့်ခံလေ၏။

ထို/ညနေ/တွင် လူတို့/သည် နတ်ဆိုးပူးသူများ/ကို ယေရှု/ထံတော်သို့ ခေါ်ဆောင်လာကြ၏။ ယေရှု/သည် ထို/နတ်ဆိုးတို့/ကို အမိန့်ပေး/၍ နှင်ထုတ်တော်မူ၏။ ဖျားနာသောသူ/အားလုံး/ကိုလည်း ကျန်းမာစေတော်မူ၏။ ဤ/အရာ/သည် ပရောဖက်/ဟေရှာယ/အားဖြင့် မိန့်တော်မူသော ဘုရားသခင်/၏/စကားတော်/အတိုင်း ဖြစ်ပျက်လာ/ရန်/ပင် ဖြစ်၏။ ထို/ဟောပြောချက်/မှာ

“ကိုယ်တော်/သည် ကျွန်ုပ်တို့/၏ ဖျားနာခြင်း/နှင့်

ရောဂါဝေဒနာများ/ကို ယူဆောင်သွားတော်မူ၏”4

ဟူ၍ ဖြစ်၏။

ယေရှု/နောက်တော်/သို့ လိုက်ခြင်း/၏ အကျိုးဆက်

ယေရှု/သည် မိမိ/ပတ်လည်/၌/ရှိသော လူထု/ကို မြင်တော်မူ/လျှင် တပည့်တော်တို့/အား တစ်ဖက်ကမ်း/သို့ ကူး/ရန် ညွှန်ကြားတော်မူ၏။

ထိုအခါ ကျမ်းတတ်ဆရာ/တစ်ဦး/က “ဆရာတော်/ကြွသည့် မည်သည့်/နေရာ/ကို/မဆို အကျွန်ုပ်/လိုက်ပါမည်” ဟု လျှောက်လေ၏။

သို့သော် ယေရှု/က “မြေခွေးတို့/၌ နေစရာ တွင်း/ရှိ၏။ ငှက်တို့/၌ နားစရာ/အသိုက်/ရှိ၏။ လူသား5/၌/မူ ခေါင်းချစရာ/နေရာ/ပင် မရှိ” ဟု မိန့်တော်မူ၏။

အခြား/တပည့်တော်/တစ်ဦး/က “သခင်… အိမ်/သို့/ပြန်/၍ အကျွန်ုပ်/၏/ဖခင်/ကို ဦးစွာ သင်္ဂြိုဟ်ခွင့်/ပြုတော်မူပါ” ဟု လျှောက်လေ၏။

သို့သော် ယေရှု/က “ယခု/ပင် ငါ့/နောက်သို့ လိုက်လော့။ ဝိညာဉ်ရေးရာ/၌ သေဆုံးနေသော/သူတို့/သာ မိမိတို့/၏/လူသေ/ကို သင်္ဂြိုဟ်ပါစေ6” ဟု မိန့်တော်မူ၏။

လေမုန်တိုင်း/ကို ငြိမ်သက်စေတော်မူခြင်း

ထို့နောက် ယေရှု/သည် လှေ/ပေါ်သို့ တက်တော်မူ/၍ တပည့်တော်များ/နှင့်အတူ အိုင်/တစ်ဖက်ကမ်း/သို့ ကူးဖြတ်တော်မူ၏။ ရုတ်တရက် အိုင်/ထဲတွင် လေပြင်းမုန်တိုင်း/ကျလာ/သဖြင့် လှေ/သည် လှိုင်းတံပိုးများ/အောက်တွင် နစ်လုမတတ်/ရှိ၏။ သို့သော် ထို/အချိန်/တွင် ယေရှု/သည် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့/သည် ကိုယ်တော်/ထံသို့ ချဉ်းကပ်/၍ နှိုးပြီး/လျှင် “သခင်… ကယ်တော်မူပါ။ အကျွန်ုပ်တို့/ရေနစ်/သေရပါတော့မည်” ဟု အော်ဟစ်/လျက် လျှောက်ကြ၏။

ယေရှု/က “ယုံကြည်ခြင်း/အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ/ပြီးနောက် ထ/၍ လေ/နှင့် လှိုင်းတံပိုး/အား အမိန့်ပေး/ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ/နှင့် လှိုင်းတံပိုးတို့/သည် ချက်ချင်း/ငြိမ်သက်သွားလေ၏။

တပည့်တော်တို့/သည် အံ့အားသင့်/လျက် “ဤ/သူ/သည် မည်သူနည်း။ လေ/နှင့် လှိုင်းတံပိုးတို့/ပင်လျှင် သူ့/ကို နာခံကြသည်” ဟူ၍ ပြောဆိုကြ၏။

နတ်ဆိုးပူးနေသော/လူနှစ်ဦးတို့/ကို ကျန်းမာစေတော်မူခြင်း

အိုင်/တစ်ဖက်ကမ်း/ရှိ ဂါရစ7/ဒေသ/သို့ ကြွ/သောအခါ နတ်ဆိုးပူးသူ/နှစ်ဦးတို့/သည် သင်္ချိုင်းဂူများ/အကြား/မှ ထွက်လာ/၍ ယေရှု/နှင့် တွေ့ဆုံကြ၏။ ထို/သူတို့/သည် အလွန်/ဆိုးသွမ်း/သဖြင့် မည်သူ/မျှ ထို/သင်္ချိုင်း/လမ်း/ကို ဖြတ်/မသွားနိုင်ကြပေ။

ထို/သူတို့/က “ဘုရားသခင်/၏/သားတော်… ကိုယ်တော်/သည် အကျွန်ုပ်တို့/နှင့် မည်သို့/ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်/မတိုင်မီ ကိုယ်တော်/သည် အကျွန်ုပ်တို့/ကို ညှဉ်းဆဲ/ရန် ဤ/နေရာ/သို့ ကြွလာတော်မူသလော” ဟူ၍ ယေရှု/ကို အော်ဟစ်ပြောဆိုကြ၏။

ထို/သူတို့/နှင့် မလှမ်းမကမ်း/တွင် ဝက်အုပ်ကြီး/တစ်အုပ်/သည် အစာစားနေ၏။ နတ်ဆိုးတို့/က “အကျွန်ုပ်တို့/ကို နှင်ထုတ်မည်/ဆိုပါက ထို/ဝက်အုပ်/ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြ၏။

ယေရှု/က “သွားကြလော့” ဟု မိန့်တော်မူ၏။ ထို့ကြောင့် နတ်ဆိုးတို့/သည် ထို/သူတို့/အထဲ/မှ ထွက်/၍ ဝက်အုပ်/ထဲသို့ ဝင်ကြ၏။ ထို/ဝက်/တစ်အုပ်လုံး/သည် မတ်စောက်သော/တောင်စောင်း/အတိုင်း အိုင်/ကမ်းပါး/သို့ တစ်ဟုန်ထိုး/ပြေဆင်း/၍ ရေနစ်/သေဆုံးကြ၏။

ဝက်ကျောင်းသော/သူတို့/သည် မြို့/သို့ ထွက်ပြေး/၍ လူအပေါင်းတို့/ကို ထို/နတ်ဆိုးပူးခံရသောသူတို့/၌ ဖြစ်ပျက်ခဲ့/သမျှ/အကြောင်း/ကို ပြောပြကြ၏။ ထိုအခါ တစ်မြို့လုံးရှိ/လူတို့/သည် ယေရှု/ထံသို့ သွားကြ၏။ ယေရှု/ကို တွေ့/သောအခါ မိမိတို့/အရပ်/မှ ထွက်ခွာသွားတော်မူ/ရန် တောင်းပန်ကြ၏။

Source notes (7)
  1. Footnote မူရင်း/ဂရိကျမ်း/တွင် “တပ်မှူး” ဟု သုံးနှုန်းထားသည်။ ၈:၈ ၌လည်း ထို့အတူ/ဖြစ်သည်။
  2. Footnote မူရင်း/ဂရိကျမ်း/တွင် “ကလေး” ဟု ဖော်ပြထားသည်။
  3. Footnote မူရင်း/ဂရိကျမ်း/တွင် “လျောင်းကြ/လိမ့်မည်” ဟု တွေ့ရှိရသည်။ ပထမ/ရာစု/အရှေ့အလယ်ပိုင်း/၌ အစာ/စားသုံးရာ/တွင် စားပွဲ/ရှေ့၌/ထိုင်/၍ စားသုံးလေ့/မရှိပါ။ ကြမ်းပြင်/ပေါ်၌ အခြား/တစ်ဦး/အပေါ် မှီလျောင်း/၍ စားပွဲ/ကို/ဦးတည်/ကာ စားသောက်လေ့/ရှိသည်။
  4. Footnote ဟေရှာ ၅၃:၄။
  5. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော ဂုဏ်ပုဒ်/ဖြစ်သည်။
  6. Footnote မူရင်း/ဂရိကျမ်း/တွင် “လူသေတို့/သည် မိမိတို့/လူသေ/ကို သင်္ဂြိုဟ်ပါစေ” ဟူ၍ ပါရှိသည်။
  7. Footnote “ဂါရစ” အချို့/လက်ရေးမူကျမ်းများ/တွင် “ဂါဒရ/ဒေသ၊” အချို့/တွင် “ဂါဂရ/ဒေသ” ဟု ဖော်ပြထားသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.