Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

လုကာ 12

သူတော်ကောင်း/ယောင်ဆောင်ခြင်း/ကို သတိပေးခြင်း

ထို/အချိန်/အတွင်း ထောင်ပေါင်း/များစွာသော/လူတို့/သည် စုဝေးလာကြ/၍ တစ်ဦး/အပေါ်/တစ်ဦး/ပင် နင်းမိကြ၏။ ယေရှု/သည် ဦးစွာ တပည့်တော်တို့/အား “သူတော်ကောင်း/ယောင်ဆောင်ခြင်း/ဟူသော/ဖာရိရှဲတို့1/၏/တဆေး/ကို သတိပြုကြလော့။ ဖုံးကွယ်ထား/သမျှ/သည် ဖော်ထုတ်/ခံရ/လိမ့်မည်။ လျှို့ဝှက်ထား/သမျှတို့/သည် ပေါ်လာ/လိမ့်မည်။ ထို့ကြောင့် အမှောင်/၌ သင်တို့/ပြော/သမျှတို့/ကို အလင်း/တွင် ကြားရ/လိမ့်မည်။ သင်တို့/အိမ်တွင်း/တံခါး/ပိတ်/၍ တီးတိုး/ပြောသမျှ/ကို လသာဆောင်/ပေါ်မှ ကြေညာကြ/လိမ့်မည်။

မိတ်ဆွေတို့… သင်တို့/အား ငါ/ပြောမည်။ ကိုယ်ခန္ဓာ/ကိုသာ သတ်/၍ နောက်ထပ်/အဘယ်အရာ/ကိုမျှ/မသတ်နိုင်သော/သူတို့/ကို မကြောက်ကြနှင့်။ သို့သော်လည်း သင်တို့/ကြောက်ရမည့်/သူ/ကို ငါ/ပြောမည်။ ကိုယ်ခန္ဓာ/ကို သတ်/၍ ငရဲ/သို့/ပစ်ချနိုင်သော ဘုရားသခင်/ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့/ကြောက်ရွံ့ရမည်/သူ/မှာ ထို/အရှင်/ဖြစ်၏။

စာကလေး/ငါးကောင်/ကို ကြေးဒင်္ဂါးလေး/နှစ်ပြား2/နှင့်သာ ဝယ်ရသည်/မဟုတ်လော။ သို့သော်လည်း ဘုရားသခင်/သည် ထို/စာကလေး/တစ်ကောင်/ကို/မျှ မေ့လျော့သည်/မဟုတ်။ ထိုမျှမက သင်တို့/၏/ဦးခေါင်း/မှ ဆံပင်/ရှိသမျှ/ကိုလည်း ရေတွက်ထားတော်မူ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့/သည် စာကလေး/များစွာ/ထက် ပို၍/အဖိုးတန်၏။

သင်တို့/အား ငါ/ပြောမည်။ လူတို့/ရှေ့တွင် ငါ့/ကို ထုတ်ဖော်ဝန်ခံ/သူ ရှိသမျှတို့/အား လူသား3/သည်လည်း ဘုရားသခင်/၏/ကောင်းကင်တမန်များ/ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။ လူတို့/ရှေ့တွင် ငါ့/ကို ငြင်းပယ်သော/သူ/အား ဘုရားသခင်/၏/ကောင်းကင်တမန်များ/ရှေ့/တွင် ငါ/သည် ငြင်းပယ်မည်။ လူသား/ကို နှုတ်/နှင့်/ပြစ်မှားသောသူ/သည် ခွင့်လွှတ်တော်မူခြင်း/ခံရ/သော်လည်း သန့်ရှင်းသော/ဝိညာဉ်တော်/အား နှုတ်/ဖြင့် ပြစ်မှားပြောဆိုသောသူ/သည် ခွင့်လွှတ်တော်မူခြင်း/မခံရ။

လူတို့/သည် သင်တို့/ကို ဝတ်ပြုဆောင်များ/သို့/လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များ/ထံသို့/လည်းကောင်း ခေါ်ဆောင်သွား/သောအခါ သင်တို့/သည် မိမိကိုယ်ကိုယ် မည်သို့/ခုခံပြောဆိုရမည်/ကို မစိုးရိမ်ကြနှင့်။ သန့်ရှင်းသော/ဝိညာဉ်တော်/သည် သင်တို့/ပြောသင့်သည့်/အရာများ/ကို ထို/အချိန်/၌ပင် သွန်သင်တော်မူ/လိမ့်မည်” ဟူ၍ မိန့်တော်မူ၏။

မိုက်မဲသော သူဌေးကြီး/ပုံဥပမာ

ထို/အချိန်/တွင် လူစု/ထဲမှ လူ/တစ်ဦး/က “ဆရာတော်… အကျွန်ုပ်/၏/အစ်ကို/အား မိသားစု/နှင့်/ဆိုင်သော အမွေ/ကို ခွဲပေး/ရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်လေ၏။

ယေရှု/က ထို/သူ/အား “မိတ်ဆွေ4… မည်သူ/သည် ငါ့/ကို တရားသူကြီး/အဖြစ်၊ သို့မဟုတ် အမွေခွဲပေးသူ/အဖြစ် ခန့်ထားသနည်း” ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့/အား “သတိပြုလော့။ အမျိုးမျိုးသော လောဘ/တို့/ကို သတိ/နှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး/၏/အသက်/သည် စည်းစိမ်/ကြွယ်ဝချမ်းသာမှု/ပေါ်တွင် မူတည်သည်/မဟုတ်” ဟု မိန့်တော်မူ၏။

တစ်ဖန် ကိုယ်တော်/သည် ဥပမာ/တစ်ခု/ဖြင့် မိန့်တော်မူသည်/မှာ “သူဌေး/တစ်ဦး/တွင် အသီးအနှံ/များစွာ ဖြစ်ထွန်းသော/လယ်/တစ်ခု/ရှိ၏။ သူ/က ‘ငါ/၏/ကောက်ပဲသီးနှံများ/ကို သိုလှောင်/ရန် နေရာ/မရှိတော့ပြီ။ ထို့ကြောင့် မည်သို့ ပြုလုပ်/ရမည်နည်း’ ဟူ၍ တစ်ကိုယ်တည်း တွေးတောလေ၏။ ထို့နောက် သူ/က ‘ငါ/၏/စပါးကျီများ/ကို ဖျက်ပြီး/လျှင် ပို၍ ကြီးသော/စပါးကျီများ/ကို ဆောက်/၍ ရှိသမျှ/စပါး/နှင့် ကောက်ပဲသီးနှံတို့/ကို သိုလှောင်ထားမည်။ ငါ့/ကိုယ်/ငါ/လည်း “အို မိတ်ဆွေ… သင့်/ထံ/၌ နှစ်ပေါင်းများ/စွာ/ဇိမ်ခံ/ရန် ပစ္စည်းဥစ္စာများ အလျှံပယ်/ရှိပြီ/ဖြစ်၍ အပန်းဖြေ/လျက် စားသောက်/လျက် ပျော်မြူးပါလော့” ဟူ၍/ပြောမည်’ ဟု ဆိုလေ၏။

သို့ရာတွင် ဘုရားသခင်/က ‘အို လူမိုက်… ယနေ့ည/ပင် သင်/သည် သေရ/လိမ့်မည်။5 သို့ဖြစ်လျှင် သင်/ပြင်ဆင်ထား/သမျှသော စည်းစိမ်ဥစ္စာများ/သည် မည်သူ့/အတွက် ဖြစ်မည်နည်း’ ဟု မိန့်တော်မူ၏။

ထိုကဲ့သို့/ပင် မိမိ/အတွက် စည်းစိမ်/ဥစ္စာများ/ကို စုသိမ်းထား/သော်လည်း ဘုရားသခင်/ရှေ့တွင် ဆင်းရဲသော/သူ/သည် ထို/သူဌေး/နှင့်/တူ၏” ဟု မိန့်တော်မူ၏။

ငွေကြေး/နှင့်/စည်းစိမ်ဥစ္စာ/အကြောင်း/ကို သွန်သင်တော်မူခြင်း

ထို့နောက် တပည့်တော်တို့/အား “ထို့ကြောင့် သင်တို့/အား ငါ/ပြောဆိုသည်/မှာ သင်တို့/အသက်ရှင်/ရန်အတွက် မည်သည့်/အရာ/စားရမည်/ကို/လည်းကောင်း၊ သင်တို့/ကိုယ်ခန္ဓာ/အတွက် မည်သည့်/အရာ/ဝတ်ရမည်/ကို/လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်/သည် အစာ/ထက်/မြတ်၏။ ကိုယ်ခန္ဓာ/သည် အဝတ်/ထက်/မြတ်၏။ ကျီးကန်းများ/ကို ကြည့်ရှု/ဆင်ခြင်ကြလော့။ သူတို့/သည် မျိုးစေ့/ကို မကြဲ။ သီးနှံ/ကိုလည်း မရိတ်သိမ်းကြ။ သူတို့/သည် စပါးကျီ/မရှိ။ သိုလှောင်စရာ နေရာ/လည်း/မရှိ။ သို့သော် ဘုရားသခင်/သည် သူတို့/ကို ကျွေးမွေးတော်မူ၏။ သင်တို့/သည် ထို/ငှက်များ/ထက် များစွာ/အဖိုးတန်သည်/မဟုတ်လော။ မည်သူ/သည် စိုးရိမ်ခြင်း/အားဖြင့် မိမိ/၏/အသက်/ကို အနည်းငယ်/ရှည်စေနိုင်သနည်း။ သင်တို့/သည် ထို/သေးငယ်သော/အမှု/ကို/ပင် မတတ်နိုင်/လျှင် အဘယ်ကြောင့် အခြားသော/အရာများ/အတွက် စိုးရိမ်ကြ/သနည်း။

နှင်းပန်းပင်များ/မည်သို့/ကြီးထွားသည်/ကို ကြည့်ရှု/ဆင်ခြင်ကြလော့။ ထို/အပင်/တို့/သည် ပင်ပန်းစွာ/အလုပ်/မလုပ်။ ချည်/လည်း မငင်။ သို့သော် ဘုန်းကြီးသော/ရှောလမုန်မင်းကြီး/ပင်လျှင် ထို/နှင်းပန်းပင်/တစ်ပင်/ကဲ့သို့ မဝတ်ဆင်ခဲ့ရ/ဟု သင်တို့/အား ငါ/ပြောဆို၏။ ယုံကြည်ခြင်း/အားနည်းသော/သူတို့… ယနေ့/ရှင်သန်/၍ မနက်ဖြန်/မီးဖို/ထဲသို့ ပစ်ချခံရသည့် တောပန်းပင်/ကို ဘုရားသခင်/သည် ထို/မျှ/ဆင်မြန်းတော်မူ/လျှင် သင်တို့/ကိုသာ/၍ ဆင်မြန်းတော်မူမည်/မဟုတ်လော။

မည်သည့်/အရာ/ကို စားရ/မည်နည်း မည်သည့်/အရာ/ကို သောက်ရ/မည်နည်း/ဟူ၍ မတွေးတောကြနှင့်။ ထို/အရာများ/အတွက် စိုးရိမ်ပူပန်ခြင်း/မရှိကြနှင့်။ ဘုရားသခင်/ကို မကိုးကွယ်သော/လောကီ/လူသားများ/အားလုံး/သည် ထို/အရာများ/ကို ကြိုးစား/ရှာဖွေတတ်ကြ၏။ သို့ရာတွင် သင်တို့/၏/ကောင်းကင်ဘုံရှင်/အဖ/သည် ထို/အရာများ/ကို သင်တို့/လိုအပ်ကြောင်း သိမြင်တော်မူ၏။ ဘုရားသခင်/၏/နိုင်ငံတော်/ကို ဦး/စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့/လိုအပ်သော အရာ/အားလုံး/ကို ပေးတော်မူ/လိမ့်မည်။

အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့/၏/အဖ/သည် သင်တို့/အား နိုင်ငံတော်/ကို ပေး/ရန် အလိုတော်/ရှိတော်မူ၏။

သင်တို့/၏/ဥစ္စာပစ္စည်းများ/ကို ရောင်း/၍ ဆင်းရဲသော/သူတို့/အား ပေးကမ်းကြလော့။ သင်တို့/အတွက် မဆွေးမြေ့နိုင်/သည့် ပိုက်ဆံအိတ်များ/ကို ပြုလုပ်/၍ သူခိုး/မကပ်၊ ပိုး/မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ/၌ မကုန်ခန်း/နိုင်သော/ဘဏ္ဍာ/ကို သိုထားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့/၏/ဘဏ္ဍာ/ရှိသော/နေရာ/သို့ သင်တို့/စိတ်နှလုံး ရောက်တတ်/သောကြောင့်/ဖြစ်၏။

ဘုရားသခင်/၏/ကြွလာခြင်း/အတွက် အဆင်သင့်/ဖြစ်စေခြင်း

ခါးပတ်/ကို ပတ်/လျက် ဆီမီးခွက်/ကိုလည်း အသင့်/ထွန်းညှိထားလော့။ မိမိ/သခင်/သည် မင်္ဂလာဆောင်/ပွဲ/မှ ပြန်လာ/၍ တံခါးခေါက်/လျှင် ချက်ချင်း/ဖွင့်ပေး/နိုင်ရန် အသင့်/စောင့်နေသော အစေခံ/ကဲ့သို့ ဖြစ်ကြလော့။ ထိုသို့ သခင်/၏/အိမ်/အပြန်/ကို အသင့်/စောင့်နေကြသော/အစေခံ/တို့/သည် မင်္ဂလာ/ရှိကြ၏။ ငါ/အမှန်/ဆိုရ/လျှင် ထို/သခင်/သည် အစေခံများ/အား ထိုင်စေ/၍ ခါးစည်း/ကို ဝတ်/လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေး/လိမ့်မည်။ သခင်/သည် သန်းခေါင်ယံ/အချိန်/၌/ဖြစ်စေ၊ မိုးမလင်းမီ/အချိန်6/၌/ဖြစ်စေ ပြန်လာ/သောအခါ အသင့်/စောင့်နေကြသော/အစေခံ/တို့/သည် မင်္ဂလာ/ရှိကြ၏။

အိမ်ရှင်/သည် သူခိုး/လာမည့်/အချိန်/ကို သိ/လျှင် သူ/၏/အိမ်/ကို ဖောက်ထွင်း/ခွင့်ပြုမည်/မဟုတ်ကြောင်း သိမှတ်ကြလော့။ သင်တို့/လည်း အသင့်/ရှိစေကြလော့။ လူသား/သည် မမျှော်လင့်သော/အချိန်/တွင် ကြွလာမည်” ဟု မိန့်တော်မူ၏။

ပေတရု/ကလည်း “သခင်… ဤ/ဥပမာ/သည် ကျွန်ုပ်တို့/အတွက် မိန့်တော်မူသလော။ ဤ/လူ/အားလုံး/အတွက် မိန့်တော်မူသလော” ဟု မေးလျှောက်လေ၏။

ထိုအခါ သခင်ဘုရား/က “သစ္စာရှိ/၍ ပညာ/အလိမ္မာ/နှင့်/ပြည့်စုံသော/စီမံခန့်ခွဲသူ/သည် မည်သူနည်း။ ထို/သူ/သည် အစေခံများ/ကို အုပ်ချုပ်/ရန်/နှင့် အချိန်တန်/သောအခါ စားနပ်ရိက္ခာ/ကို ခွဲဝေ/စေရန် သခင်/ခန့်ထားသော/သူ/ဖြစ်၏။ သခင်/သည် ပြန်လာ/သောအခါ ထိုသို့ အလုပ်/လုပ်နေသော အစေခံ/ကို တွေ့မြင်/လျှင် ထို/အစေခံ/သည် မင်္ဂလာရှိ၏ သင်တို့/အား ငါ/အမှန်/ဆို၏။ သခင်/သည် ထို/အစေခံ/အား စည်းစိမ်ဥစ္စာ/ရှိသမျှ/ကို စီမံကွပ်ကဲ/ရန် ခန့်အပ်/လိမ့်မည်။ သို့သော် ထို/အစေခံ/က ‘ငါ/၏/သခင်/သည် အိမ်ပြန်/နောက်ကျ/လိမ့်မည်’ ဟု စိတ်/တွင်/ထင်မှတ်/၍ အခြားသော/အစေခံ/ယောက်ျား၊ အစေခံ/မိန်းမတို့/အား ရိုက်နှက်/ကာ သောက်စားမူးယစ်/လျက်/နေလျှင် သူ/၏/သခင်/သည် သူ/မမျှော်လင့်သော/အချိန်/နှင့် သူ/မသိသော/နေ့ရက်/တွင် ရောက်လာ/လိမ့်မည်။ ထိုအခါ သူ့/အား ပြင်းထန်/စွာ ပြစ်ဒဏ်ပေး7/၍ သစ္စာဖောက်သူတို့/နှင့်အတူ နေရာချထား/လိမ့်မည်။

မိမိ/သခင်/၏/အလို/ကို သိ/လျက် သခင်/အလို/ရှိသော/အရာ/ကို အသင့်/မပြင်ဆင်သော အစေခံ/သည် ရိုက်နှက်ခြင်း/ကို ပြင်းစွာ/ခံရ/လိမ့်မည်။ သို့သော် မိမိ/သခင်/၏/အလို/ကို မသိဘဲ ရိုက်နှက်ခြင်း/ဒဏ်/နှင့်/ခံထိုက်သော/အမှု/ကို ကျူးလွန်မိသော/သူ/သည် အနည်းငယ်/သာ ရိုက်နှက်ခြင်း/ခံရ/လိမ့်မည်။ များစွာ/ရရှိထားသော/သူ/ထံမှ များစွာ/တောင်းဆို/လိမ့်မည်။ များစွာ/အပ်နှံခံရသော သူ/ထံမှ ပို/၍ တောင်း/လိမ့်မည်။

ကွဲပြားစေတော်မူခြင်း

ဤ/ကမ္ဘာ/မြေကြီး/သို့ မီး/ကျ/စေရန် ငါ/လာ၏။ ယခု မီး/လောင်ကျွမ်းပြီးသား/ဖြစ်/ရန်/ပင် ငါ/အလိုရှိလှ၏။ ငါ/ခံရမည့် နှစ်ခြင်းမင်္ဂလာ/တစ်ပါး/ရှိ၏။ ထို/နှစ်ခြင်းမင်္ဂလာ/ကို မခံမီ/အထိ ငါ/သည် အလွန်/စိတ်ဖိစီးလှ၏။ ဤ/လောက/သို့ ငြိမ်းချမ်းခြင်း/ကို ယူဆောင်လာ/ရန် ငါ/လာသည်/ဟု သင်တို့/ထင်ကြသလော။ မဟုတ်ပါ။ သင်တို့/အား ငါ/ပြောမည်။ ငါ/သည် ကွဲပြား/စေရန်/လာ၏။ ယခု/မှစ၍ ငါးဦး/ရှိသော/အိမ်ထောင်/တစ်စု/တွင် သုံးဦး/သည် နှစ်ဦး/ကို/လည်းကောင်း၊ နှစ်ဦး/သည် သုံးဦး/ကို/လည်းကောင်း ဆန့်ကျင်/၍ ကွဲပြားကြ/လိမ့်မည်။

ထို/အိမ်ထောင်/တွင် ဖခင်/သည် သား/ကို/လည်းကောင်း၊

သား/သည် ဖခင်/ကို/လည်းကောင်း၊

မိခင်/သည် သမီး/ကို/လည်းကောင်း၊

သမီး/သည် မိခင်/ကို/လည်းကောင်း၊

ယောက္ခမ/သည် ချွေးမ/ကို/လည်းကောင်း၊

ချွေးမ/သည် ယောက္ခမ/ကို/လည်းကောင်း

အချင်းချင်း/ဆန့်ကျင်ကြ/လိမ့်မည်”

ဟု မိန့်တော်မူ၏။

ယေရှု/က ပရိသတ်တို့/အား “အနောက်ဘက်/တွင် မိုးတိမ်/တက်လာသည်/ကို သင်တို့/မြင်/သောအခါ ‘မိုးရွာတော့မည်’ ဟု ချက်ချင်း ပြောဆိုတတ်ကြ၏။ သင်တို့ ပြောဆိုသည့်/အတိုင်း/လည်း မိုးရွာတတ်၏။ တောင်လေ/တိုက်လာ/သောအခါ သင်တို့/က ‘ပူအိုက်/တော့မည်’ ဟု ပြောဆိုတတ်ကြ၏။ သင်တို့/ပြောဆိုသည့်/အတိုင်း/လည်း ပူအိုက်တတ်၏။ သူတော်ကောင်း/ယောင်ဆောင်သူတို့… သင်တို့/သည် ကောင်းကင်/နှင့် မြေကြီး/ကို ကြည့်/၍ မိုးလေဝသ/အခြေအနေ/ကို ပိုင်းခြား/သိမြင်နိုင်ကြ၏။ သို့သော်လည်း ယခု/ကာလ/ကို အဘယ်ကြောင့် မပိုင်းခြားနိုင်ကြသနည်း။

သင်တို့/သည် မှန်ကန်သော/အရာ/ကို အဘယ်ကြောင့် ကိုယ်တိုင်/မဆုံးဖြတ်နိုင်ကြ/သနည်း။ သင်/သည် တရားလို/နှင့်အတူ တရားသူကြီး/ထံသို့ သွား/သောအခါ လမ်း/၌/အမှု/ကျေအေး/စေရန် ကြိုးစားအားထုတ်လော့။ ထိုသို့မဟုတ်/လျှင် သူ/သည် သင့်/ကို တရားသူကြီး/ရှေ့/သို့ ဆွဲခေါ်သွား/လိမ့်မည်။ ထိုမှ/တစ်ဖန် တရားသူကြီး/သည်လည်း အရာရှိ/ထံသို့ အပ်/ကာ ထို/အရာရှိ/သည် သင့်/ကို ထောင်ချ/လိမ့်မည်။ ထိုသို့/ဖြစ်လျှင် သင်/ဆပ်ရမည့်/ငွေ8/ကို အကုန်အစင်/မဆပ်/သရွေ့ ထောင်/မှ လုံးဝ/လွတ်နိုင်မည်/မဟုတ်” ဟု မိန့်တော်မူ၏။

Source notes (8)
  1. Footnote ဖာရိရှဲများ/မှာ ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ လိုက်နာသည့် ဂျူး/ဘာသာရေး/ခေါင်းဆောင်များ/ဖြစ်သည်။
  2. Footnote မူရင်း/ဂရိကျမ်း/တွင် “အဿရိ/နှစ်ပြား” ဟု ဖော်ပြထားသည်။ ၎င်း/သည် “အဿရိ” ဟု ခေါ်သော “ရောမ/ကြေးဒင်္ဂါး” ကို/ဆိုလိုသည်။ ထို/အဿရိ/ခေါ် ကြေးဒင်္ဂါး/တစ်ပြား/သည် ဒေနာရိ ဆယ့်ခြောက်ပုံ/တစ်ပုံ၊ သို့မဟုတ် ပျမ်းမျှ/နာရီဝက်/လုပ်အားခ/ထက်/နည်းသည့် တန်ဖိုး/နှင့် ညီမျှသည်။
  3. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော ဂုဏ်ပုဒ်/ဖြစ်သည်။
  4. Footnote မူရင်း/ဂရိကျမ်း/တွင် “အချင်းလူ” ဟု ပါရှိသည်။
  5. Footnote မူရင်း/ဂရိကျမ်း/တွင် “သင့်/အသက်/ကို သင့်/ထံမှ ရုပ်သိမ်း/လိမ့်မည်” ဟု ဖော်ပြထားသည်။
  6. Footnote မူရင်း/ဂရိကျမ်း/တွင် “နှစ်ချက်တီး၊ သို့မဟုတ် သုံးချက်တီး” ဟု ပါရှိသည်။
  7. Footnote မူရင်း/ဂရိကျမ်း/တွင် “အပိုင်း/ပိုင်းဖြတ်၏” ဟု ဖော်ပြထားသည်။
  8. Footnote မူရင်း/ဂရိကျမ်း/တွင် “လက်(ပ်)တို့စ်” ဟူသော စကားလုံး/မှ လာပြီး ရှေးခေတ်/ဂရိလူမျိုးများ သုံးသည့် အသေးငယ်ဆုံး/ကြေးဒင်္ဂါးပြား/ကို ဆိုလိုသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.