Biblica® Open Burmese Contemporary Bible
လုကာ 13
နောင်တရ/ရန် ခေါ်ဖိတ်တော်မူခြင်း
ထို/အချိန်/၌/ပင် လူ/တချို့/သည် ယေရှု/ထံတော်သို့ လာ/၍ ပိလတ်မင်း/သည် ဂါလိလဲပြည်သား/တချို့/ကို သတ်/၍ ထို/သူတို့/၏/သွေး/ကို သူတို့/ပူဇော်/သော/ယဇ်များ/နှင့် ရောနှောကြောင်း ပြောပြကြ၏။ ထိုအခါ ယေရှု/က “ဤ/ဂါလိလဲပြည်သားတို့/သည် အခြား/ဂါလိလဲပြည်သားတို့/ထက် ပို၍ အပြစ်များ/သောကြောင့် ယခု/ကဲ့သို့/ခံရသည်/ဟု သင်တို့/ထင်သလော။ ထိုသို့/မဟုတ်ပါ။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ သင်တို့/သည်လည်း နောင်တ/မရ/လျှင် ထို/နည်းတူ/ပျက်စီးကြ/လိမ့်မည်။ ထို့ပြင် ရှိလောင်/မျှော်စင်/လဲပြို/သောကြောင့် ပိ/၍ သေဆုံးသော/လူ/ဆယ့်ရှစ်ဦး/သည် ဂျေရုဆလင်မြို့/ရှိ အခြား/လူများ/ထက် ပို၍ အပြစ်/ကြီးသည်/ဟု ထင်ကြသလော။ ထိုသို့/မဟုတ်ပါ။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ သင်တို့/အားလုံး/သည်လည်း နောင်တ/မရ/လျှင် ထို/နည်းတူ ပျက်စီးကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။
အသီးမသီး/သည့် သဖန်းပင်/ပုံဥပမာ
ထို့နောက် ယေရှု/သည် ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူ၏။ ကိုယ်တော်/က “လူ/တစ်ဦး/တွင် သူ/၏/စပျစ်ခြံ/၌ စိုက်ပျိုးထားသော/သဖန်းပင်/တစ်ပင် ရှိ၏။ သူ/သည် လာ/၍ အပင်/၌ အသီး/ကို/ရှာ/သော်လည်း အဘယ်/အသီး/ကိုမျှ မတွေ့။ ထို့ကြောင့် ခြံစောင့်လုပ်သား/အား ‘ကြည့်လော့။ ငါ/သည် သုံးနှစ်/တိုင်တိုင် ဤ/သဖန်းပင်/မှ အသီး/ကို လာ/၍ ရှာ/သော်လည်း အသီး/တစ်လုံး/မျှ/မသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေ/ကို အကျိုးမဲ့/ဖြစ်စေမည်နည်း’ ဟု ဆို၏။
ခြံစောင့်လုပ်သား/က ‘ဆရာ… ဤ/အပင်/ကို ယခု/တစ်နှစ်/တော့/ရှိစေပါ။ ကျွန်ုပ်/သည် အပင်/ပတ်လည်/ကို တူးဆွ/ကာ မြေသြဇာ/ထည့်/၍ ပြုစုပါမည်။ ဤသို့/ပြုလျှင် နောက်/နှစ်/တွင် အသီး သီးကောင်း/သီးပါ/လိမ့်မည်။ အကယ်၍ အသီး/မသီး/လျှင်/ခုတ်ပစ်ပါ’ ဟု တောင်းဆိုလေသည်” ဟု မိန့်တော်မူ၏။
ဥပုသ်နေ့/၌ ကျန်းမာစေတော်မူခြင်း
ဥပုသ်နေ့/တစ်နေ့/၌ ယေရှု/သည် ဝတ်ပြုဆောင်/တွင် ဆုံးမသြဝါဒ/ပေး/လျက်/နေတော်မူ၏။ ထို/နေရာ/၌ ဆယ့်ရှစ်နှစ်/ပတ်လုံး နတ်ဆိုး/ကြောင့် မသန်စွမ်း/ဖြစ်နေသော အမျိုးသမီး/တစ်ဦး ရှိလေ၏။ ထို/အမျိုးသမီး/သည် ခါးကိုင်း/၍ မိမိ/ကိုယ်ခန္ဓာ/ကို မတ်မတ်/မဆန့်နိုင်ဘဲ/ရှိ၏။ ယေရှု/သည် သူ့/ကို မြင်တော်မူ/လျှင် မိမိ/ထံသို့ ခေါ်/၍ “အို အမျိုးသမီး… သင့်/ရောဂါ ပျောက်ပြီ” ဟု မိန့်/လျက် ထို/အမျိုးသမီး/အပေါ်/၌ လက်တော်/ကို/တင်တော်မူ၏။ ထိုအခါ အမျိုးသမီး/သည် ချက်ချင်း/ပင် တည့်မတ်စွာ/ရပ်နိုင်/သဖြင့် ဘုရားသခင်/အား ချီးမွမ်းလေ၏။
ထိုအခါ ဥပုသ်နေ့/တွင် ထို/အမျိုးသမီး/အား ယေရှု/ကျန်းမာစေ/သောကြောင့် ဝတ်ပြုဆောင်မှူး/သည် စိတ်ဆိုး/လျက် “အလုပ်လုပ်/ရန် ခြောက်ရက်/ရှိသည် ဖြစ်/၍ ဥပုသ်နေ့/တွင် မဟုတ်ဘဲ ကျန်သည့်/နေ့များ/တွင် ကုသမှု/ခံယူ/ရန်/လာကြလော့” ဟု ပရိသတ်များ/ကို ပြောလေ၏။
သို့သော် သခင်ဘုရား/က “သူတော်ကောင်း/ယောင်ဆောင်သူတို့… သင်တို့/ရှိသမျှ/သည် ဥပုသ်နေ့/တွင် သင်/၏/နွား၊ မြည်းများ/ကို တင်းကုပ်/ထဲမှ ကြိုးဖြေ/၍ ရေတိုက်/ရန် ခေါ်ဆောင်ကြသည်/မဟုတ်ပါလော။ သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်/ပတ်လုံး နတ်ဆိုး/၏/ချည်နှောင်ထားခြင်း/ခံရသည့် အာဗြဟံ/၏/မျိုးဆက်/ဖြစ်သော ဤ/အမျိုးသမီး/သည် ဥပုသ်နေ့/တွင် လွတ်ခွင့်/မရသင့်/သလော” ဟု မိန့်တော်မူ၏။
ဤသို့/မိန့်တော်မူ/သောအခါ ယေရှု/ကို ဆန့်ကျင်သူတို့/သည် အရှက်ရကြ၏။ သို့သော် အခြားသော/လူထုပရိသတ်/တစ်ရပ်လုံး/သည် ယေရှု/လုပ်ဆောင်သော အံ့ဖွယ်/အမှုများ/ကြောင့် ဝမ်းမြောက်/လျက်/ရှိကြ၏။
မုန်ညင်းစေ့ ပုံဥပမာ
ထို့နောက် ယေရှု/က “ဘုရားသခင်/၏/နိုင်ငံတော်/သည် အဘယ်အရာ/နှင့် တူသနည်း။ အဘယ်/အရာ/နှင့် နှိုင်းယှဉ်ရမည်နည်း/ဟု ဆိုသော် သေးငယ်သော မုန်ညင်းစေ့/နှင့်/တူ၏။ လူတစ်ဦး/သည် ထို/အစေ့/ကို/ယူ/၍ ခြံ/၌/စိုက်သော် ထို/အစေ့/သည် အပင်ပေါက်/၍ ကြီးထွား/သဖြင့် ထို/အပင်/၏/အကိုင်းအခက်တို့/တွင် ငှက်တို့/သည် အသိုက်/ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
တဆေး ပုံဥပမာ
တစ်ဖန် ယေရှု/က “ဘုရားသခင်/၏/နိုင်ငံတော်/သည် မည်သည့်/အရာ/နှင့် တူသနည်း/ဟု ဆိုသော် တဆေး/နှင့်/တူ၏။ အမျိုးသမီး/တစ်ဦး/သည် ဂျုံမှုန့်/သုံးတင်း/ထဲသို့ တဆေး/အနည်းငယ်/ကို/ယူ၍ ထည့်/သဖြင့် မုန့်/အားလုံး/ကို ဖောင်းကြွစေ၏” ဟု မိန့်တော်မူ၏။
ကျဉ်းမြောင်းသော/တံခါးဝ
ထို့နောက် ယေရှု/သည် ဂျေရုဆလင်မြို့/သို့ ခရီးသွားတော်မူရာ/လမ်းတွင် တစ်မြို့/မှ/တစ်မြို့၊ တစ်ရွာ/မှ/တစ်ရွာ/သို့ လှည့်လည်/၍ ဆုံးမသွန်သင်တော်မူ၏။ လူ/တစ်ဦး/က “သခင်… ကယ်တင်ခြင်း/ခံရသူ/မှာ လူနည်းစု/သာ/ဖြစ်ပါသလော” ဟု မေးသော် ယေရှု/က “ကျဉ်းမြောင်းသော/တံခါး/ကို ဝင်/နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ များစွာသော/လူတို့/သည် ဝင်/နိုင်ရန် ကြိုးပမ်းကြ/သော်လည်း မတတ်နိုင်ကြပေ။ အိမ်ရှင်/သည် ထ/၍ တံခါး/ကို/ပိတ်/သောအခါ သင်တို့/သည် အိမ်/အပြင်/၌ ရပ်/၍ တံခါး/ကို ခေါက်/လျက် ‘သခင်… ကျွန်ုပ်တို့/အား တံခါး/ဖွင့်ပေးပါ’ ဟု တောင်းပန်မည်။ သို့သော် အိမ်ရှင်/က ‘သင်တို့/သည် အဘယ်က/လာသည်/ကို ငါ/မသိ’ ဟု ပြန်ဖြေ/လိမ့်မည်။ ထိုအခါ သင်တို့/ကလည်း ‘ကျွန်ုပ်တို့/သည် သခင်/နှင့်အတူ စားသောက်ခဲ့ကြပြီး လမ်းများ/ပေါ်/၌ သခင်/၏/သွန်သင်မှု/ကို ခံယူခဲ့ကြရပါသည်’ ဟု ပြန်/၍ လျှောက်ကြ/လိမ့်မည်။ ထိုအခါ သခင်/က ‘သင်တို့ အဘယ်/က/လာသည်/ကို ငါ/မသိ။ အို ဆိုးသွမ်းသော/သူ/အပေါင်းတို့… ငါ့/ထံမှ ထွက်သွားကြ’ ဟု ပြန်ပြော/လိမ့်မည်။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်/နှင့် ပရောဖက် အားလုံးတို့/သည် ဘုရားသခင်/၏/နိုင်ငံတော်/ထဲ၌ ရှိနေသည်/ကို မြင်ရ/သော်လည်း သင်တို့/သည် အပြင်/သို့ နှင်ထုတ်ခြင်း/ခံရကြမည်။ ထို/နေရာ/၌ သင်တို့/သည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်။ ကမ္ဘာ/တစ်ဝန်းလုံး/ရှိ လူအပေါင်းတို့/သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်/မှ ရောက်လာကြ/၍ ဘုရားသခင်/၏/နိုင်ငံတော်/ထဲ/၌ စားသောက်ကြ/လိမ့်မည်။ ထိုအခါ ယခု အကြီးမြတ်ဆုံးသော/သူတို့/သည် အသေးနုပ်ဆုံး/ဖြစ်/လိမ့်မည်။ ယခု/အသေးနုပ်ဆုံးသော/သူများ/သည် အကြီးမြတ်ဆုံး/ဖြစ်/လိမ့်မည်” ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့/အတွက် ဝမ်းနည်းပူဆွေးတော်မူခြင်း
ထို/အချိန်/တွင် ဖာရိရှဲ1/တချို့/သည် ယေရှု/ထံတော်သို့ လာ/၍ “ဤ/နေရာ/မှ ထွက်သွားပါလော့။ ဟေရုဒ်/သည် သင့်/ကို သတ်/ရန် ကြံစည်/လျက်/ရှိသည်” ဟု လျှောက်ကြ၏။
ယေရှု/က “ထို/မြေခွေး/ကို သွား/၍ ပြောလော့။ ‘ငါ/သည် ယနေ့/နှင့် မနက်ဖြန် နတ်ဆိုးများ/ကို နှင်ထုတ်/၍ လူနာများ/ကို ကျန်းမာစေ/လျက်/ရှိမည်။ သုံးရက်မြောက်/နေ့/တွင် ငါ/၏/အမှု/ကို ပြီးစီးစေမည်။ သို့သော်လည်း ငါ/သည် ယနေ့၊ မနက်ဖြန်/နှင့် နောက်/တစ်နေ့/တွင် ခရီး/ဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်/သည် ဂျေရုဆလင်မြို့/မှလွဲ၍ အခြား/နေရာ/၌ အသေခံ/ရန်/မဖြစ်နိုင်/သောကြောင့် ဖြစ်၏’ အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်/သည် ပရောဖက်များ/ကို သတ်/၍ သင့်/ထံသို့ ဘုရားသခင်/စေလွှတ်တော်မူသော တမန်တော်များ/ကို ကျောက်ခဲ/နှင့် ပေါက်သတ်၏။ ကြက်မ/သည် ကြက်ကလေးများ/ကို သူ/၏/တောင်ပံ/အောက်/၌ အုပ်/၍ ကာကွယ်/သကဲ့သို့ သင်/၏/သားသမီးတို့/ကို စုစည်း/စေရန် အကြိမ်ကြိမ် ငါ/အလို/ရှိ၏။ သို့သော်လည်း သင်/သည် ထိုသို့ အလို/မရှိ။ ကြည့်လော့။ သင်တို့/အိမ်/သည် စွန့်ပစ်ထားခြင်း/ခံရ/လိမ့်မည်။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ ‘ထာဝရဘုရား/၏/အမည်/နာမ/နှင့် ကြွလာသော/အရှင်/သည် မင်္ဂလာ/ရှိပါစေသော’2 ဟူ၍ သင်တို့/မကြွေးကြော်/မီ/အထိ သင်တို့/သည် ငါ့/ကို မည်သည့်/အခါမျှ မြင်ရ/လိမ့်မည်/မဟုတ်” ဟု မိန့်တော်မူ၏။
Source notes (2)
- Footnote ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ လိုက်နာသည့် ဂျူး/ဘာသာရေးခေါင်းဆောင်များ။
- Footnote ဆာ ၁၁၈:၂၆။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.