Biblica® Open Burmese Contemporary Bible
လုကာ 14
ဥပုသ်နေ့/၌ ကျန်းမာစေတော်မူခြင်း
ဥပုသ်နေ့/တစ်နေ့/၌ ယေရှု/သည် ညစာ/သုံးဆောင်/ရန် ဖာရိရှဲ1/ခေါင်းဆောင်/တစ်ဦး/၏/အိမ်/သို့ ဝင်တော်မူ၏။ ထိုအခါ လူတို့/သည် ယေရှု/အား စောင့်ကြည့်နေကြ၏။ ရှေ့တော်/တွင် ရေဖျဉ်းစွဲသော/လူနာ/တစ်ဦး ရှိ/သဖြင့် ယေရှု/က ဖာရိရှဲများ/နှင့် ကျမ်းတတ်/ပညာရှင်များ/အား “ဥပုသ်နေ့/၌ လူနာ/တစ်ဦး/ကို ကုသပေးခြင်း/သည် ပညတ်တော်/နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။ သို့သော် သူတို့/သည် မဖြေဘဲ တိတ်ဆိတ်/နေကြသဖြင့် ယေရှု/က လူနာ/ကို/တို့ထိ/၍ ရောဂါ/မှ/ကျန်းမာစေ/ပြီးလျှင် အိမ်/သို့/ပြန်စေတော်မူ၏။ ထို့နောက် ယေရှု/က သူတို့/အား “သင်တို့/၏/သား2/ဖြစ်စေ၊ နွား/ပင်/ဖြစ်စေ ဥပုသ်နေ့/၌ တွင်း/ထဲသို့/ကျ/လျှင် ချက်ချင်း/ဆယ်ယူကြသည်/မဟုတ်လော” ဟု မေးတော်မူ၏။ ဤ/အချက်/ကို/လည်း သူတို့/သည် မတုံ့ပြန်နိုင်ကြပေ။
နှိမ့်ချခြင်း/အကြောင်း သွန်သင်တော်မူခြင်း
ဖိတ်ခေါ်ခြင်း/ခံရသော ဧည့်သည်များ/သည် စားပွဲဝိုင်း/၏/အထူး/နေရာ/ကိုသာ ရွေးချယ်/လျက် ရှိကြောင်း/ကို ယေရှု/သည် မြင်တော်မူ/လျှင် သူတို့/အား ပုံဥပမာ/ပေး/၍ မိန့်တော်မူ၏။ ယေရှု/က “တစ်စုံတစ်ယောက်/သည် သင့်/အား မင်္ဂလာပွဲ/သို့ ဖိတ်ခေါ်/သောအခါ အထူး/နေရာ/၌ မထိုင်နှင့်။ သင့်/ထက် ဂုဏ်ရှိသူ/တစ်ဦး/ကို ဖိတ်ခေါ်ထား/၍ ရောက်လာခဲ့/လျှင် သင်တို့/နှစ်ဦးလုံး/ကို ဖိတ်ခေါ်သော/ပွဲရှင်/သည် သင့်/ထံသို့ လာ/၍ ‘သင့်/နေရာ/၌ ဤ/ပုဂ္ဂိုလ်/အား ထိုင်စေလော့’ ဟူ၍ ပြော/လိမ့်မည်။ ထိုအခါ သင်/သည် အရှက်ရ/လျက် နောက်ဆုံး နေရာ/၌သာ ထိုင်ရ/လိမ့်မည်။
သို့ဖြစ်၍ သင်/သည် ဖိတ်ခေါ်ခြင်း/ခံရ/သောအခါ နောက်ဆုံး/နေရာ/၌သာ ထိုင်လော့။ ထိုသို့/ပြု/လျှင် ပွဲရှင်/သည် သင့်/ကို မြင်/သောအခါ ‘မိတ်ဆွေ… ရှေ့/၌ နေရာ/ရှိပါသည်’ ဟူ၍ ပြော/လိမ့်မည်။ ထိုအခါ သင်/နှင့်အတူ/ထိုင်သော ဧည့်သည်/အားလုံး ရှေ့/တွင် သင်/သည် ဂုဏ်အသရေရှိ/လိမ့်မည်။ မိမိကိုယ်ကိုယ် ချီးမြှောက်သော/သူ/သည် နှိမ့်ချခြင်း/ကို ခံရ/လိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသော/သူ/သည် ချီးမြှောက်ခြင်း/ကို ခံရ/လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှု/က မိမိ/အား/ဖိတ်ခေါ်သူ/ဘက်သို့ လှည့်/၍ “သင်/သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲ/ပြုလုပ်/သောအခါ သင်/၏/မိတ်ဆွေများ၊ ညီအစ်ကို/မောင်နှမများ၊ ဆွေမျိုးများ/နှင့် ချမ်းသာသော/အိမ်နီးချင်းများ/ကို မဖိတ်ခေါ်နှင့်။ သူတို့/သည်လည်း သင့်/အား ပြန်လည်/ဖိတ်ခေါ်/၍ ကျေးဇူးတုံ့ပြန်ကြ/လိမ့်မည်။ သို့သော် သင်/သည် ပွဲ/ကျင်းပ/သောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများ/နှင့် မျက်စိ/မမြင်သူများ/ကို ဖိတ်ခေါ်လော့။ ထိုသို့ ကျေးဇူး/မတုံ့ပြန်နိုင် သူများ/ကို ဖိတ်ခေါ်သည့်/အတွက် သင်/သည် မင်္ဂလာရှိ/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သော/သူများ ထမြောက်မည့်/ကာလ/၌ ဘုရားသခင်/သည် သင့်/အား ကျေးဇူးတုံ့ပြန်/လိမ့်မည်” ဟု မိန့်တော်မူ၏။
မင်္ဂလာဧည့်ခံပွဲ/ပုံဥပမာ
ယေရှု/အနီး/တွင် ထိုင်နေသူ/တစ်ဦး/က ထို/စကားတော်/ကို ကြား/သောအခါ “ဘုရားသခင်/၏/နိုင်ငံတော်/ထဲ/၌ စားသောက်ခွင့်/ရမည့်သူ/သည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။
ထိုအခါ ယေရှု/က ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူသည်/မှာ “လူ/တစ်ဦး/သည် စားသောက်ပွဲကြီး/တစ်ခု/ကို ပြင်ဆင်ပြီး လူများ/ကို ဖိတ်ခေါ်လေ၏။ ပွဲ/စတင်/ရန် အချိန်/ရောက်/သောအခါ ဖိတ်ခေါ်ခံထားရသော/သူများ/ထံ အစေအပါးတို့/ကို စေလွှတ်/၍ ‘လာကြလော့၊ ပွဲ/သည် အဆင်သင့်/ဖြစ်ပါပြီ’ ဟု ပြောစေ၏။ သို့ရာတွင် လူတိုင်း/က အကြောင်းပြချက်များ/ပေးကြ၏။ တစ်ဦး/က ‘စိတ်မရှိပါနှင့်။ အကျွန်ုပ်/သည် မြေကွက်/အနည်းငယ်/ကို ဝယ်ထား/သဖြင့် သွားကြည့်ရပါမည်’ ဟု ပြောလေ၏။ နောက်/တစ်ဦး/က ‘စိတ်မရှိပါနှင့်။ နွား/ငါးရှဉ်း/ကို ဝယ်ယူထား/သဖြင့် သူတို့/ကို သွား/၍ စမ်းသပ်ရပါမည်’ ဟု ဆို၏။ အခြား/တစ်ဦး/ကလည်း ‘အကျွန်ုပ်/သည် အိမ်ထောင်/ပြုစဖြစ်/၍ မလာနိုင်ပါ’ ဟု ပြော၏။
အစေအပါး/သည်လည်း ပြန်လာ/၍ ထို/အကြောင်းအရာများ/ကို သခင်/ဖြစ်သူ/ထံ တင်ပြလေ၏။ ထိုအခါ သခင်/သည် အမျက်ထွက်/၍ ထို/အစေအပါး/အား ‘မြို့ထဲ/လမ်းမ၊ လမ်းသွယ်၊ လမ်းကြား/သို့ ချက်ချင်း/သွား/၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများ/နှင့် ခြေမသန်သူများ/ကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။ အစေအပါး/သည် ထိုသို့/ဆောင်ရွက်ပြီး/နောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။ သခင်/ဖြစ်သူ/က အစေအပါး/အား ‘မြို့ပြင်/လမ်းမများ/နှင့် လမ်းကြိုလမ်းကြားများ/သို့ သွား/၍ တွေ့မြင်/သမျှ/လူတို့ကို ပွဲ/သို့ ခေါ်ဆောင်/လာပြီး အိမ်/ကို ပြည့်စေလော့။ သို့သော် ယခင်/က ဖိတ်ကြားထားသော/သူ တစ်ယောက်/မျှ ငါ/၏/စားသောက်ပွဲ/သို့ မဝင်စေနှင့်/ဟု သင်တို့/အား ငါ/ပြောပြီ’ ဟု မှာကြားလေသည်” ဟူ၍ ဖြစ်၏။
တပည့်တော်/ဖြစ်ခြင်း/အတွက် ပေးဆပ်ရမည့်/အဖိုးအခ
ထို့နောက် လူအုပ်ကြီး/သည် ယေရှု/နောက်သို့ လိုက်ပါ/လျက်/ရှိကြ/သဖြင့် ယေရှု/သည် ထို/သူတို့/ဘက်/သို့ လှည့်/၍ “ငါ့/ထံသို့/လာသော/သူ/သည် ငါ့/ကို/ချစ်သည်/ထက် မိဘ၊ သားမယား၊ ညီအစ်ကို/မောင်နှမများ/နှင့် မိမိ/အသက်/ကို ပို၍ ချစ်သော/သူ/ဖြစ်/လျှင် ထို/သူ/သည် ငါ့/တပည့်/မဖြစ်နိုင်။ မိမိ/လက်ဝါးကပ်တိုင်/ကို ထမ်း/၍ ငါ့/နောက်သို့ မလိုက်သောသူ/သည်လည်း ငါ့/တပည့်/မဖြစ်နိုင်ပါ။
တစ်စုံတစ်ဦး/သည် အဆောက်အအုံ/တစ်ခု/ကို တည်ဆောက်မည်/ဟု ရည်ရွယ်ရာ/တွင် ထို/အဆောက်အအုံ/ပြီးစီးသည်/အထိ လုံလောက်သော/ငွေ/ပမာဏ/ရှိ၊ မရှိ/ကို သိ/ရန် ကုန်ကျစရိတ်/ကို ဦး/စွာ မတွက်ချက်ဘဲ နေမည်လော။ ထိုသို့ မတွက်ချက်ဘဲ အုတ်မြစ်ချ/၍ မပြီးစီးနိုင်/လျှင် ထို/အဖြစ်/ကို မြင်သူတိုင်း/က ကဲ့ရဲ့/လှောင်ပြောင်/လျက် ‘ဤ/လူ/သည် စတင်/ဆောက်လုပ်/သော်လည်း အဆုံး/မသတ်နိုင်ပါ’ ဟု ပြောဆိုကြမည်။
တစ်နည်းဆိုသော် ရှင်ဘုရင်/တစ်ပါး/သည် အခြား/ရှင်ဘုရင်/ကို စစ်တိုက်မည်/ပြု/သောအခါ ရန်သူ/စစ်သား နှစ်သောင်း/ဖြင့် ချီတက်လာသော/ရှင်ဘုရင်/ကို မိမိ/စစ်သား တစ်သောင်းကျော်/ဖြင့် တိုက်ခိုက်/နိုင်စွမ်း ရှိသည်၊ မရှိသည်/ကို အတိုင်ပင်ခံများ/နှင့် ဦးစွာ ဆွေးနွေး/တိုင်ပင်/လိမ့်မည် မဟုတ်ပါလော။ အကယ်၍ မတိုက်ခိုက်နိုင်/ပါလျှင် မိမိ/ရန်သူများ အဝေး/၌ ရှိနေစဉ်/မှာပင် သံတမန်/ကို စေလွှတ်/၍ စစ်ပြေငြိမ်း/ရန် တောင်းဆို/လိမ့်မည်။ ထို/နည်းတူ မိမိ/ပိုင်ဆိုင်သော ဥစ္စာ/ပစ္စည်းများ/ကို မစွန့်လွတ်နိုင်သော/သူ/သည် ငါ့/တပည့်/မဖြစ်နိုင်။
ဆား/သည် အရသာ/ကောင်း၏။ သို့သော် အငန်ဓာတ်/ပျောက်ဆုံး/လျှင် ငန်သော/အရသာ/ကို မည်သို့/ပြန်ရနိုင်မည်နည်း။ အရသာ/မဲ့သော ဆား/သည် မြေဆီသြဇာ/အတွက်/ဖြစ်စေ၊ အမှိုက်ပုံ/အတွက်/ပင်/ဖြစ်စေ မည်သို့မျှ အသုံး/မဝင်ဘဲ အပြင်/သို့ လွှင့်ပစ်လိုက်ရ၏။ နား/ရှိသောသူ/သည် ကြား/၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။
Source notes (2)
- Footnote ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ လိုက်နာသည့် ဂျူး/ဘာသာရေးခေါင်းဆောင်များ။
- Footnote အချို့/လက်ရေးမူကျမ်းများ/တွင် “မြည်း” ဟု ဖော်ပြထားသည်။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.