Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

လုကာ 15

ပျောက်သော/သိုး ပုံဥပမာ

အခွန်/ကောက်သူများ/နှင့် အပြစ်သားများ/သည် ယေရှု/၏/သွန်သင်ချက်/ကို နားထောင်/ရန် ယေရှု/အနီး/သို့ ချဉ်းကပ်လာကြ၏။ ထိုအခါ ဖာရိရှဲများ1/နှင့် ကျမ်းတတ်ဆရာများ/က “ယေရှု/သည် အပြစ်သားများ/ကို လက်ခံ/ပေါင်းသင်း/၍ သူတို့/နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။

ထို့ကြောင့် ယေရှု/က ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူသည်/မှာ “အကယ်၍ သင်တို့/အထဲမှ တစ်စုံတစ်ဦး/တွင် သိုး/အကောင်/တစ်ရာ/ရှိရာ ထို/သိုးများ/အနက် တစ်ကောင်/ပျောက်ဆုံးသွား/ပါက အခြားသော/သိုး ကိုးဆယ့်ကိုးကောင်/ကို စားကျက်2/တွင် ထားခဲ့/ပြီးလျှင် ပျောက်သော/သိုး/တစ်ကောင်/ကို တွေ့သည်/တိုင်အောင် ရှာမည်/မဟုတ်လော။ ထို/သိုး/ကို တွေ့/သောအခါ ပခုံးပေါ်/တင်/၍ ဝမ်းမြောက်/စွာ အိမ်/သို့ ယူဆောင်လာ/လိမ့်မည်။ အိမ်ရောက်/သောအခါ မိတ်ဆွေများ/နှင့် အိမ်နီးချင်းများ/ကို ခေါ်/လျက် ‘ပျောက်သော/သိုး/ကို တွေ့ပြီ/ဖြစ်သောကြောင့် ငါ/နှင့်အတူ/ဝမ်းမြောက်ကြလော့’ ဟု ပြော/လိမ့်မည်။ ထို/နည်းတူ ဖြောင့်မတ်/၍ နောင်တရ/ရန် မလိုသော/သူ ကိုးဆယ့်ကိုးဦး/အတွက် ဝမ်းမြောက်သည်/ထက် အပြစ်/မှ နောင်တရ/၍ ဘုရားသခင်/ထံ ပြန်လာသော/သူ/တစ်ဦး/အတွက် ကောင်းကင်ဘုံ/တွင် ပို၍ ဝမ်းမြောက်ခြင်း/ရှိ/လိမ့်မည်။

ပျောက်သော/ဒင်္ဂါးပြား ပုံဥပမာ

တစ်နည်းဆိုသော် အမျိုးသမီး/တစ်ဦး/၌ ငွေ/ဒင်္ဂါး/ဆယ်ပြား3/ရှိ/၍ ထို/အထဲ/မှ တစ်ပြား/ပျောက်သွား/ပါက သူ/သည် ဆီမီးခွက်/ကို/ထွန်း/၍ အိမ်/အခန်းထောင့်/ရှိသမျှတို့/ကို လှည်းကျင်းပြီး ပြန်တွေ့သည်/အထိ ဂရုတစိုက်/ရှာဖွေမည် မဟုတ်လော။ ထို့နောက် ပြန်တွေ့/သောအခါ မိတ်ဆွေများ/နှင့် အိမ်နီးချင်းများ/ကို ခေါ်/ကာ ‘ပျောက်သွားသော/ဒင်္ဂါးပြား/ကို တွေ့ပြီဖြစ်/သောကြောင့် ငါ/နှင့်အတူ ဝမ်းမြောက်ကြလော့’ ဟု ပြော/လိမ့်မည်။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ ထို/နည်းတူ အပြစ်သား/တစ်ဦး နောင်တရ/သောအခါ ဘုရားသခင်/၏/ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။

ပျောက်သော/သား ပုံဥပမာ

ထို့ပြင် ယေရှု/က “လူ/တစ်ဦး/တွင် သား/နှစ်ယောက်/ရှိ၏။ သားငယ်/ဖြစ်သူ/က ဖခင်/အား ‘အဖေ… ကျွန်ုပ်/ရထိုက်သော အမွေ/ပစ္စည်းများ/ကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်/သည်လည်း သူ/၏/စည်းစိမ်ဥစ္စာများ/ကို သူတို့/နှစ်ဦး/အား ခွဲဝေပေးလေ၏။

ရက်/အနည်းငယ်/ကြာသော် သားငယ်/သည် မိမိ/ပိုင်ဆိုင်/သမျှ/ကို ထုပ်ပိုး/ကာ ဝေးသော/တိုင်းပြည်/သို့ ထွက်သွား၏။ ထို/ပြည်/သို့ ရောက်/သောအခါ သူ/သည် ပျော်ပါး/သောက်စား/၍ အသက်ရှင်/လျက် ယူဆောင်လာ/သမျှ စည်းစိမ်များ/ကို ဖြုန်းတီးလေ၏။ ဥစ္စာ/ပစ္စည်း/ရှိသမျှ/ကို သုံး/၍ ကုန်/သောအခါ ထို/ပြည်/၌ ပြင်းထန်သော/အစာ/ခေါင်းပါးခြင်း/ဘေး ဆိုက်ရောက်/သဖြင့် သူ/သည် ငတ်ပြတ်လေ၏။ ထိုအခါ ပြည်သား/တစ်ဦး/ထံ/သွားပြီး အလုပ်/တောင်း/သော် ထို/သူ/က စားကျက်ကွင်း/သို့ စေလွှတ်/၍ ဝက်များ/ကို ထိန်းကျောင်း/စေ၏။ သူ/သည် အလွန်/ဆာလောင်/သဖြင့် ဝက်များ/စားနေသော ပဲတောင့်/အစာ/ကို/ပင် စားချင်စိတ်/ဖြစ်လေ၏။ သို့သော်လည်း သူ့/အား စားစရာ/ကျွေးမည့်/သူ တစ်ယောက်မျှ/မရှိ။

ထို/အချိန်/တွင် သူ/သည် အသိတရားရလာ/၍ ‘ငါ့/အဖေ/အိမ်/တွင်/ရှိသော အလုပ်သမားများ/သည် ဝလင်စွာ/စားရကြ၏။ သို့သော် ငါ/သည် ဤ/နေရာ/တွင် ဆာလောင်/သဖြင့် သေရပါတော့မည်။ ငါ/ထ/၍ အဖေ့/ထံ/သွားပြီး “အဖေ၊ ကျွန်ုပ်/သည် ဘုရားသခင်/နှင့် အဖေ့/ကို ပြစ်မှားပါပြီ။ အဖေ့/သား/ဟူ၍ အခေါ်/မခံထိုက်တော့ပါ။ ကျွန်ုပ်/အား အဖေ့/အလုပ်သမား/တစ်ယောက်/အဖြစ်သာ သဘောထားပေးပါ” ဟူ၍ တောင်းပန်မည်’ ဟု ဆိုလေ၏။

ထို့နောက် သူ/သည် ထ/၍ ဖခင်/ထံ ပြန်လေ၏။ အဝေး/၌ ရှိနေ/စဉ်ပင် ဖခင်/သည် သား/ကို/မြင်လျှင် သနားကြင်နာသော/စိတ်/နှင့် ပြေးဖက်/လျက် နမ်းရှုပ်လေ၏။ သား/ဖြစ်သူ/က ဖခင်/အား ‘အဖေ၊ ကျွန်ုပ်/သည် ဘုရားသခင်/နှင့် အဖေ့/ကို ပြစ်မှားပါပြီ။ ကျွန်ုပ်/သည် အဖေ့သား/ဟူ၍/ပင် အခေါ်/မခံထိုက်တော့ပါ’ ဟု ဆိုလေ၏။

သို့သော် ဖခင်/က အစေခံတို့/အား ‘အကောင်းဆုံး/ဝတ်ရုံ/ကို အမြန်/ယူလာ/၍ သူ့/အား/ဝတ်ပေးကြလော့။ သူ့/လက်/၌ လက်စွပ်/ကို စွပ်ပေး/၍ သူ့/ခြေထောက်/၌ ဖိနပ်/ကို စီးပေးကြလော့။ ထို့ပြင် ဆူဖြိုးသော/နွားကလေး/ကို သတ်/၍ ပျော်ပွဲရွှင်ပွဲ/လုပ်လျက် စားသောက်ကြစို့။ ငါ့/သား/သည် ယခင်/က သေဆုံး/သော်လည်း ယခု အသက်/ပြန်ရှင်ပြီ။ ယခင်/က ပျောက်ဆုံး/သော်လည်း ယခု/ပြန်တွေ့ပြီ’ ဟု ဆို/၍ ပွဲ/ကျင်းပကြလေ၏။

ထို/အချိန်/တွင် သားကြီး/သည် လယ်/၌ ရှိလေ၏။ သူ/သည် အိမ်/သို့ ပြန်လာ/၍ အနီး/သို့/ရောက်/သောအခါ တီးမှုတ်/ကခုန်သံများ/ကို ကြား၏။ ထိုအခါ အစေခံ/တစ်ဦး/အား ‘မည်သည့်/အရာများ/ဖြစ်ပျက်နေသနည်း’ ဟု မေး၏။ အစေခံ/က ‘သင်/၏/ညီ ပြန်ရောက်လာပါပြီ။ သူ/သည် ဘေးကင်းလုံခြုံ/စွာ ပြန်ရောက်လာသည့်/အတွက်ကြောင့် သင့်/ဖခင်/က ဆူဖြိုးသော/နွားကလေး/ကို သတ်စေပါပြီ’ ဟု ဖြေ၏။

ထိုအခါ သားကြီး/ဖြစ်သူ/သည် ဒေါသထွက်/၍ အိမ်/ထဲ/သို့ မဝင်ဘဲ/နေ၏။ ဖခင်/သည် အိမ်ပြင်/သို့ ထွက်လာ/၍ သူ့/အား ဖျောင်းဖျ/ပြောဆိုလေ၏။ သို့သော် သူ/သည် ဖခင်/အား ‘ကျွန်ုပ်/သည် နှစ်ပေါင်းများစွာ အဖေ့/အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့/စကား တစ်ခွန်း/ကို/မျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများ/နှင့်အတူ ပျော်ပွဲရွှင်ပွဲ/ကျင်းပ/ရန် အဖေ/သည် ကျွန်ုပ်/အား ဆိတ်ငယ်ကလေး/တစ်ကောင်/ကိုမျှ မပေးခဲ့ဖူးပါ။ သို့သော် အဖေ့/ထံမှ ဥစ္စာများ/ကို ယူ/လျက် မိန်းမရွှင်များ/နှင့် ပျော်ပါး/ဖြုန်းတီးပြီး/မှ ပြန်လာသော/သားငယ်/အတွက် ဆူဖြိုးသော/နွားကလေး/ကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။

ထိုအခါ ဖခင်/က ‘ငါ့/သား… သင်/သည် ငါ/နှင့် အမြဲ/ရှိနေ၏၊ ငါ/၌/ရှိသမျှ ဥစ္စာများ/သည် သင့်/ဥစ္စာ/ဖြစ်၏။ သို့သော် သင့်/ညီငယ်/သည် ယခင်/က/သေဆုံး/၍ ယခု/အသက်/ပြန်ရှင်လာ၏၊ ယခင်က/ပျောက်ဆုံး/၍ ယခု/ပြန်တွေ့ရ/သောကြောင့် သူ့/အတွက် ဝမ်းမြောက်/ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု/မိန့်တော်မူ၏။

Source notes (3)
  1. Footnote ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ/လိုက်နာသည့် ဂျူး/ဘာသာရေး/ခေါင်းဆောင်များ။
  2. Footnote “စားကျက်” မူရင်း/ဂရိကျမ်း/တွင် “တောကန္တာရ” ဟု ပါရှိသည်။
  3. Footnote မူရင်း/ဂရိကျမ်း/တွင် “တစ်ဆယ်/ဒရက်မာ” ဟု ပါရှိသည်။ တစ်/ဒရက်မာ/သည် တစ်နေ့တာ/လုပ်အားခ/နှင့်/ညီမျှသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.