Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ရောမ 5

ဘုရားသခင်နှင့်အတူ ဖြောင့်မတ်ခြင်း

အဂုတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခံရပြီးလျှင် ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်အတူ ငြိမ်းသက်ခြင်းကို ရဟိကြ၏။1 ငါရို့သည် အဂု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။2 ထိုမျှမက ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ဖြစ်စီတတ်၏ဟု သိသောကြောင့် ဒုက္ခဆင်းရဲခြင်း၌လည်း ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။3 အကြောင်းမူကား သည်းခံခြင်းသည် ဘုရားသခင်၏ သက်သီကို ဖြစ်စီတတ်၏။ ကိုယ်တော်၏သက်သီသည် မျှော်လင့်ခြင်းကို ဖြစ်စီတတ်၏။ ဤမျှော်လင့်ခြင်းသည် ငါရို့ကို အရှက်ရစီမည် မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိမိ၏မေတ္တာကို ငါရို့ စိတ်နှလုံးထဲသို့ သွန်းလောင်းပီးထားသောကြောင့် ဖြစ်၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်သည်ကား ငါရို့အတွက် ဘုရားသခင်၏ လက်ဆောင်ဖြစ်ပေ၏။

အကြောင်းမူကား ငါရို့သည် ကူညီမည့်သူ မဟိ ဖြစ်နိန်စဉ်တွင် ခရစ်တော်သည် ဘုရားသခင် သတ်မှတ်သားထားသော အချိန်တွင် အပြစ်သားတိအတွက် အသီခံပီးတော်မူခ၏။ သူတော်ကောင်းတစ်ယောက်အတွက် အသီခံပီးဝံ့သူ ဟိကောင်းဟိလိမ့်မည်။ ဖြောင့်မတ်သောသူ တစ်ယောက်အတွက် အသီခံပီးမည့်သူ ဟိခဲ၏။ သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။ သို့ဖြစ်၍ အဂုတွင် ငါရို့သည် ကိုယ်တော်၏ အသွီးတော်ဖြင့် 4 ဖြောင့်မတ်ရာသို့ ရောက်ကြပြီဖြစ်၍ ထိုသခင်အားဖြင့် ငါရို့သည် ဘုရားသခင်၏ အမျက်တော်မှ ကယ်တင်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ငါရို့သည် ဘုရားသခင်၏ ရန်သူတိ ဖြစ်ခလျက်ပင်၊ သားတော်၏ အသီခံပီးတော်မူခြင်းအားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ပြန်လည်သင့်မြတ်ခွင့်ကို ရထားပြီးသော ငါရို့သည် သားတော်၏အသက်အားဖြင့် ကယ်တင်တော်မူခြင်းကို သာ၍ ခံရလိမ့်မည်။ ဤမျှမက အဂုအခါ၌ ငါရို့ကို ပြန်လည်သင့်မြတ်ခွင့် ရဟိစီတော်မူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့သည်လည်း ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်လျက်ဟိကြ၏၊

အာဒံနှင့် ခရစ်တော်

အပြစ်တရားသည် လူတစ်ယောက်အားဖြင့် ဤလောကသို့ ဝင်ရောက်လာ၍ ထိုအပြစ်တရားအားဖြင့် သီခြင်းတရားသည် ဝင်ရောက်လာသည်နှင့်အညီ လူသားအားလုံးသည် အပြစ်ပြုကြသည်ဖြစ်သောကြောင့် လူသားအားလုံး၌ သီခြင်းတရားသည် သက်ရောက်ခ၏။ ပညတ်တရားကို မချပီးခင်ကတည်းကပင် အပြစ်တရားသည် ဤလောက၌ ဟိလေ၏။ သို့သော် ပညတ်တရား မဟိလျှင် အပြစ်တရားကို မှတ်ယူ၍ မရ။ သို့ရာတွင် အာဒံလက်ထက်မှစ၍ မောသျှေလက်ထက်တိုင်အောင် သီခြင်းတရားသည် လူသားအားလုံးကို အစိုးရလေ၏။ အာဒံ ပြစ်မှားခသည့်နည်းတူ ပညတ်တရား မိန့်မှာချက် တစ်ခုကိုပင် လွန်ကျူး၍ မပြစ်မှားသော သူရို့ကိုလည်း အစိုးရလေ၏။

ထိုအာဒံသည် နောက်လာမည့် အသျှင်၏ပုံကို ဆောင်ခြင်းဖြစ်၏။ သို့သော်လည်း အာဒံ၏ပြစ်မှားခြင်းနှင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်သည် ကွာခြား၏။ အကြောင်းမူကား တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် များစွာသောလူအပေါင်းရို့သည် သီခြင်းသို့ ရောက်ကြရ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ကြီးမြတ်တော်မူသည်ဖြစ်၍ ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ ကျေးဇူးအားဖြင့် ဘုရားသခင်၏ အခမဲ့ကျေးဇူးတော်ကို များစွာသောလူအပေါင်းရို့သည် ခံစားကြရ၏။ ထိုမှတပါး၊ လူတစ်ယောက် ပြစ်မှားသောအပြစ်နှင့် ဘုရားသခင်၏ကျေးဇူးတော်သည် ကွာခြား၏။ အကြောင်းမူကား အပြစ်တစ်ခု၏နောက်တွင် တရားစီရင်ခြင်းသည် ဝင်ရောက်လာ၏။ သို့ရာတွင် ဘုရားသခင်၏ လက်ဆောင်မူကား အပြစ်များလျက်ပင် ဖြောင့်မတ်သည်ဟု စီရင်လေ၏။ ထို့အပြင် လူတစ်ယောက်သည် ပြစ်မှားခြင်းဖြင့် ထိုတစ်ယောက်သောသူကြောင့် သီခြင်းတရားသည် စတင်၍ အစိုးရလျှင် ဘုရားသခင်၏ကြွယ်ဝသော ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း လက်ဆောင်ကို ခံစားရသောသူရို့သည် ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူအားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍ အစိုးရပေလိမ့်မည်။

ထို့ကြောင့် တစ်ယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့် လူသားအားလုံးသည် အပြစ်စီရင်ခြင်းနှင့် တွိ့ကြုံရကြသည်နည်းတူ၊ တစ်ယောက်သောသူ၏ဖြောင့်မတ်ခြင်းအားဖြင့်၊ လူသားအားလုံးသည် အပြစ်မှ လွတ်မြောက်ကြပြီးလျှင် အသက်ကို ရကြ၏ အကြောင်းမူကား တစ်ယောက်သောသူ၏ မလိုက်နာခြင်းအားဖြင့် လူအားလုံးသည် အပြစ်သားများဖြစ်ကြရသည့်နည်းတူ၊ တစ်ယောက်သောသူ၏ လိုက်နာခြင်းအားဖြင့် လူအားလုံးသည် ဘုရားသခင်၏ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။

အပြစ်လုပ်ခြင်းကို ထင်ရှားစီခြင်းငှာ ပညတ်တရားသည် ဝင်ရောက်လာရ၏။ သို့ရာတွင် အပြစ်တရား ထင်ရှားသောအရာ၌ ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ထင်ရှားလာ၏။ ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သီခြင်းကို အုပ်စိုးသည့်နည်းတူ၊ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရစီခြင်းငှာ ဖြောင့်မတ်ခြင်းတရားသည် ငါရို့အား အုပ်စိုးလျက်ဟိ၏။

Source notes (4)
  1. Footnote ရဟိကြ၏၊ တချို့သော လက်ရီးမူကျမ်းများ၌ ငါရို့ ရဟိကြစို့။
  2. Footnote ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏၊ သို့မဟုတ် ငါရို့သည်လည်း ဝင့်ကြွား နိန်ကတ်ပါ။
  3. Footnote ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏၊ သို့မဟုတ် ငါရို့သည်လည်း ဝင့်ကြွား ကြစို့။
  4. Footnote ကိုယ်တော်၏ အသွီးတော်ဖြင့်၊ သို့မဟုတ် ကိုယ်တော်၏ အသီခံပီးခြင်းအားဖြင့်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.