ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
ရောမ 6
အပြစ်၌ သီဆုံး၍ ခရစ်တော်၌ တစ်လုံးတစ်ဝတည်း အသက်ရှင်ခြင်း
ထိုသို့ဖြစ်လျှင် ငါရို့သည် ဇာပိုင်ပြောရပါမည်နည်း။ ငါရို့သည် ဘုရားသခင်၏ကျေးဇူးတော် တိုးပွားခြင်းငှာ အပြစ်တရား၌ ဆက်လက်၍ အသက်ရှင်ရဖို့လား။ ထိုသို့ မဆိုလို။ အပြစ်တရား၌ သီဆုံးပြီးသော ငါရို့သည် ထိုအပြစ်တရား၌ ဇာပိုင်အသက် ရှင်နိုင်ပါမည်နည်း။ ယေသျှုခရစ်တော်၌ ဗတ္တိဇံခံယူထားကြသော ငါရို့အားလုံးသည် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံခံယူထားကြသည်ကို သင်ရို့ မသိကြသလော။ 1ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။
ငါရို့သည် ထိုအသျှင်၏အသီခံခြင်း၌ ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိခသကဲ့သို့ ထိုအသျှင်သည် သီခြင်းမှ ထမြောက်သောအခါ၌လည်း ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိကြရလိမ့်မည်။ ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။ အကြောင်းမူကား သီလားပြီးသောသူမည်သည်ကား အပြစ်တရား၏လက်မှ လွတ်လေပြီ။ ငါရို့သည်လည်း ခရစ်တော်နှင့်အတူ အသီခံထားပြီးပြီဖြစ်၍ ထိုအသျှင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်ဟု ယုံကြည်လျက်ဟိကြ၏။ အကြောင်းမူကား ခရစ်တော်သည် သီခြင်းမှ ထမြောက်လာပြီးဖြစ်၍ ကိုယ်တော်သည် နောက်တဖန် မသီနိုင်ကြောင်းကိုလည်းကောင်း၊ သီခြင်းတရားသည်လည်း ကိုယ်တော့်ကို မအုပ်စိုးနိုင်ကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။ ထို့အပြင် ခရစ်တော်သည် အသီခံပြီးပြီဖြစ်၍ အပြစ်တရားသည် ကိုယ်တော့်ကို မအုပ်စိုးနိုင်ယာ။ အဂုတွင် ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင် လျက်ဟိ၏။ ထိုနည်းတူ သင်ရို့သည်လည်း အပြစ်တရားနှင့် ဆိုင်သောအရာ၌ သီလျက်ဟိပြီး၊ ယေသျှု ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင်လျက်ဟိကြသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်ကြလော့။
ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။ သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။ အကြောင်းမူကား သင်ရို့သည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသည် မဟုတ်၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ အသက်ရှင်နိန်ကြသော သူများဖြစ်သောကြောင့် အပြစ်တရားသည် သင်ရို့ကို အုပ်စိုးပိုင်ခွင့်မဟိယာ။
ဖြောင့်မတ်ခြင်းတရား၏ ကျွန်များ
ငါရို့သည် ပညတ်တရားအောက်၌ မဟိ၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ ဟိကြသည်ဖြစ်၍ အပြစ်ကို ပြုသင့်သလော။ ထိုသို့ မပြုရ။ သင်ရို့သည် သီခြင်းတရားသို့ ပို့ဆောင်သော အပြစ်တရား၌ဖြစ်စီ၊ ဖြောင့်မတ်ခြင်းတရားသို့ ပို့ဆောင်သော နာခံခြင်းတရား၌ဖြစ်စီ ကျွန်အဖြစ်ဖြင့် အစီခံလျှင် ထိုသခင်၏အမိန့်ကို နာခံကြရမည်ကို မသိကြသလော။ သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း အဂုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ သင်ရို့သည် အပြစ်တရားမှ လွတ်မြောက်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန်တိ ဖြစ်လာကတ်ယာ။ ဤသို့ ငါဆိုသော်၊ သင်ရို့၏ဇာတိခန္ဓာသည် ဉာဏ်နည်းသောကြောင့်၊ လောကီစကားအားဖြင့် ပြောဆိုခြင်းဖြစ်၏။ သင်ရို့သည် မိမိ ကိုယ်အင်္ဂါတိကို ညစ်ညူးသောအမှု မတရားသောအမှု၌ ကျွန်ခံဖူးကြသည့်နည်းတူ အဂုတွင် သန့်ယှင်းခြင်းသို့ ရောက်စီခြင်းငှာ သင်ရို့၏ ကိုယ်အင်္ဂါတိကို ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်စီကြလော့။
သင်ရို့သည် အပြစ်တရား၏ကျွန် ဖြစ်ခစဉ်ကာလ၌ ဖြောင့်မတ်ခြင်းတရား၏ အုပ်ထိန်းမှုနှင့် ကင်းလွတ်လျက်ဟိကြ၏။ အဂုတွင် သင်ရို့အဖို့ ရှက်ကြောက်ဖွယ်ရာ ဖြစ်စီသော အရာများကို ပြုမူခြင်းအားဖြင့် ဇာအကျိုးကို ရခကြသနည်း။ ထိုသို့ ပြုမူခြင်း၏အကျိုးကား သီခြင်းဖြစ်၏။ သို့သော်လည်း အဂုမူကား သင်ရို့သည် အပြစ်တရား၏လက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြပြီး၊ သန့်ယှင်းခြင်းသို့ ရောက်စီသည့် အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ ရလဒ်မူကား ထာဝရအသက်ဖြစ်၏။ အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
Source notes (1)
- Cross-reference ကော ၂.၁၂
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.