Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၂ သက်သာလောနိတ် 1

1

ပေါလု၊ သိလွာနုနှင့် တိမောသေရို့ပါးမှ —

ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်၌ တည်သော သက်သာလောနိကမြို့တွင်ဟိသော အသင်းတော်ထံပါးသို့ နှုတ်ဆက်လိုက်ပါ၏။

ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။

ခရစ်တော်ကြွလာချိန်၌ တရားစီရင်တော်မူမည့်အကြောင်း

ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။ သင်ရို့သည် ညှည်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်း ခံရသမျှ၌ ယုံကြည်ခြင်း၊ သည်းခံခြင်း ဟိကြသည်ကို ထောက်၍ ငါရို့သည် ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။

သင်ရို့သည် ဆင်းရဲဒုက္ခ ခံနေရကြသည်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ထိုက်တန်သောသူတိ ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်တော်မူချက်သည် ဖြောင့်မတ်သည်ကိုလည်းကောင်း ဤအရာအားလုံးသည် သက်သီပြလျက်ဟိ၏။ ဘုရားသခင်သည် ဖြောင့်မတ်စွာ စီရင်တော်မူသောအသျှင် ဖြစ်တော်မူသည့်အတိုင်း သင်ရို့ကို ဒုက္ခရောက်စီသော သူရို့အား ဒုက္ခ ရောက်စီတော်မူလိမ့်မည်။ ဆင်းရဲဒုက္ခ ရောက်လျက်ဟိသော သင်ရို့သည်လည်း ငါရို့နည်းတူ သက်သာခြင်း ရစီတော်မူလိမ့်မည်။ အသျှင်ယေသျှုသည် မိမိ၏ တန်ခိုးကြီးသော ကောင်းကင်တမန်တိ ခြံရံလျက် မီးလျှံနန့်တကွ ကောင်းကင်မှ ထင်ရှားလာသောအခါ ဤအမှုအရာများသည် ဖြစ်လာလိမ့်မည်။ ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။ ထိုသူရို့သည် သခင်ဘုရား ကြွလာတော်မူသောအခါ ကိုယ်တော်၏ ရှိ့တော်မှ လည်းကောင်း၊ ကိုယ်တော်၏ အစွမ်းသတ္တိနှင့် ပြည့်စုံသော ဘုန်းတော်မှ လည်းကောင်း ဖယ်ယှားခြင်းခံရလျက် ထာဝရပျက်စီးခြင်း ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။ ထိုနိ့၌ ကိုယ်တော်သည် မိမိ၏ သန့်ယှင်းသောသူများအားဖြင့် ဘုန်းတော် ထင်ရှားရန်နှင့် ယုံကြည်သောသူအပေါင်းရို့၏ အံ့ဩချီးမွမ်းခြင်းကို ခံယူရန် ကြွလာတော်မူလိမ့်မည်။ ငါရို့ ဟောပြော သက်သီခံချက်ကို သင်ရို့သည်လည်း ယုံကြည်ကြသောကြောင့် ထိုသူရို့၌ အပါအဝင်ဖြစ်ကြ၏။

ထို့ကြောင့် ငါရို့၏ ဘုရားသခင်သည် သင်ရို့ကို ခေါ်ထားတော်မူခြင်းနှင့် ထိုက်တန်သောသူများ ဖြစ်စီခြင်းငှာလည်းကောင်း၊ သင်ရို့၏ ကောင်းမြတ်သောစိတ်ဆန္ဒနှင့် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်မှုဟူသမျှ၌ မိမိ၏ တန်ခိုးတော်ဖြင့် ပြည့်ဝစီခြင်းငှာလည်းကောင်း ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဆုတောင်းလျက်ဟိကြ၏။ ဤနည်းအားဖြင့် ငါရို့၏ အသျှင် ယေသျှု၏နာမတော်သည် သင်ရို့၌လည်းကောင်း၊ ငါရို့၏ ဘုရားသခင်နှင့် အသျှင်2ယေသျှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့သည်လည်း ကိုယ်တော်၌လည်းကောင်း ဘုန်းတော်ထင်ရှားစီခြင်းငှာ ငါရို့သည် ဆုတောင်းလျက်ဟိကြ၏။

Source notes (2)
  1. Cross-reference တ ၁၇.၁
  2. Footnote ဘုရားသခင်နှင့် အသျှင်၊ သို့မဟုတ် အသျှင်နှင့် ဘုရားသခင်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.