Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ သက်သာလောနိတ် 5

သခင်ဘုရား ကြွလာတော်မူချိန်အတွက် အဆင်သင့်ပျင်ထားပါ

ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။ 1အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။ “အရာရာတိုင်းသည် ငြိမ်ဝပ်ခြင်းနှင့် လုံခြုံမှုဟိ၏” ဟု လူတိပြောဆိုနိန်စဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာ ရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူရို့ပါးသို့ ရုတ်ကနဲ ရောက်လာ၍ သူရို့သည် လွတ်မြောက်ကြလိမ့်မည် မဟုတ်။ သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့မူကား မှောင်မိုက်ထဲ၌ မဟိသောကြောင့် ထိုနိ့ရက်သည် သင်ရို့ပါးသို့ သူခိုးကဲ့သို့ အထိတ်တလန့် ရောက်လာမည် မဟုတ်။ သင်ရို့အားလုံးသည် အလင်း၏ သားသမီးတိ၊ နိ့၏ သားသမီးတိ ဖြစ်ကြ၏။ ငါရို့သည် ညတွင်လည်းကောင်း၊ မှောင်မိုက်တွင်လည်းကောင်း ကျင်လည်သောသူတိ မဟုတ်။ သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။ အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။ 2သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။ အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။ ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။ သို့ဖြစ်၍ သင်ရို့သည် အဂုပြုသည့်နည်းတူ အချင်းချင်း တိုက်တွန်းနှိုးဆော်၍ တစ်ယောက်ကိုတစ်ယောက် ကူညီမစ ကြလော့။

နောက်ဆုံး ညွှန်ကြားချက်များနှင့် နှုတ်ဆက်စကားများ

ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၌ သင်ရို့ကို ဂရုတစိုက် ဆုံးမပဲ့ပျင်လျက် သင်ရို့၌ အမှုတော်ကို ဆောင်ရွက်နိန်ကြသော သူများကို ကြည်ညိုလေးစားကြရန် ငါရို့တောင်းပန်၏။ သူရို့ ဆောင်ရွက်ကြသည့် အမှုတော်ကို ထောက်၍ သူရို့အား မေတ္တာစိတ်ဖြင့် အထူး ရိုသီကြလော့။ သင်ရို့အချင်းချင်း သင့်မြတ်စွာ နီထိုင်ကြလော့။

ညီအစ်ကိုမောင်နှမရို့၊ အပျင်းကြီး၍ အလုပ်မလုပ်သောသူတိကို သတိပီးကြလော့၊ ကြောက်တတ်သောသူတိကို နှစ်သိမ့်ပီးကြလော့၊ အားနည်းသောသူရို့ကို ကူညီကြလော့၊ ခပ်သိမ်းသောသူရို့၌ စိတ်ရှည်ကြလော့ ဟု သင်ရို့အား ငါတိုက်တွန်း၏။ မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။

အစဉ်မပြတ် ဝမ်းမြောက်ခြင်း ဟိကြလော့။ မခြားမလပ် ဆုတောင်းကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ဤသည်ကား သင်ရို့အဖို့အလို့ငှာ ခရစ်တော်ယေသျှု၌ ဘုရားသခင် အလိုတော် ဖြစ်၏။

ဝိညာဉ်တော်၏အရှိန်​ကို မ​ငြိမ်း​စီ​ကတ်ကေ့။ ပရောဖက်ရို့၏ဖော်ပြချက်များကို မထီမဲ့မြင် မပြုကတ်ကေ့။ သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊ မကောင်းသောအရာ မှန်သမျှကို ယှောင်ကြဉ်ကြလော့။

ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။ သင်ရို့ကို ခေါ်ယူတော်မူသော အသျှင်သည် သစ္စာနန့် ပြည့်စုံတော်မူသည်ဖြစ်၍ ထိုသို့ ပြုတော်မူလိမ့်မည်။

ညီအစ်ကိုမောင်နှမရို့၊ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။

ယုံကြည်သူအပေါင်းရို့အား သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။

ဤစာကို ယုံကြည်သူအပေါင်းရို့အား ဖတ်ပြကြရန် သခင်ဘုရား၏ အခွင့်အာဏာအရ သင်ရို့အား ငါတိုက်တွန်းလိုက်၏။

ငါရို့၏ အသျှင်ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့နှင့်အတူ ဟိပါစီသောဝ်။

Source notes (2)
  1. Cross-reference မ ၂၄.၄၃; လု ၁၂.၃၉; ၂ ပေ ၃.၁၀
  2. Cross-reference ဧ ၆.၁၃–၁၇

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.