Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၂ သက်သာလောနိတ် 2

မတရားသောသူ

1

ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော် ကြွလာတော်မူခြင်းအကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကိုယ်တော်နှင့်အတူဟိရန် ငါရို့ စုရုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ငါရို့၏ ပရောဖက်ပြုခြင်းအားဖြင့် ဖြစ်စီ၊ တရားဟောခြင်းအားဖြင့် ဖြစ်စီ၊ ငါရို့၏စာတွင် ရီးထားခြင်းအားဖြင့်ဖြစ်စီ၊ သခင်ဘုရား၏နိ့ရက် ရောက်လာပြီဟု ပြောဆိုခြင်းကို လျှပ်တစ်ပြတ် စိတ်ရှုပ်ထွီးကာ စိုးရိမ်တုန်လှုပ်ခြင်း မဟိကတ်ကေ့ဟု သင်ရို့အား ငါတောင်းပန်၏။ ဇာသူသည် ဇာနည်းနှင့်မျှ သင်ရို့ကို မလှည့်ဖြားစီကေ့။ အကြောင်းမူကား နောက်ဆုံးသော ပုန်ကန်မှုကြီးမဖြစ်ခင်နှင့် ပျက်စီးခြင်းခံရမည့် သူတည်းဟူသော မတရားသောသူ မပေါ်ထွန်းခင် ထိုနိ့ရက်သည် ရောက်လာလိမ့်မည် မဟုတ်။ ထိုသူသည် ဘုရားဟု ခေါ်သော အရာ သို့မဟုတ် ဝတ်ပြုကိုးကွယ်သောအရာ မှန်သမျှကို ဆန့်ကျင်၍ ခပ်သိမ်းသောအရာထက်၌ မိမိကိုယ်ကို ချီးမြှောက်လိမ့်မည်။ သူသည် ဘုရားသခင်၏ ဗိမာန်တော်ထဲသို့ ဝင်၍ ထိုင်ကာ မိမိကိုယ်ကို ဘုရားဟု ကြေညာလိမ့်မည်။

ငါသည် သင်ရို့နှင့်အတူ ဟိခစဉ်က ဤအကြောင်းအရာများကို သင်ရို့အား ပြောပြခသည်ကို မမှတ်မိကြသလော။ သင့်လျှော်သောအချိန်၌ ထိုသူကို ဖော်ပြခြင်းငှာ ဟန့်တားထားသည်ကို သင်ရို့သည် အဂု သိကြ၏။ အကြောင်းမူကား လျှို့ဝှက်ထားသည့် ထိုမတရားသောအရာသည် လှုပ်ယှားလျက်ဟိ၏။ သို့သော်လည်း ထိုအမှုကို အဂု ဟန့်တားထားသောသူသည် မိမိဖယ်ယှားခြင်းကို ခံရသည်အချိန် ရောက်သည့်တိုင်အောင် ဆီးတားနိန်လိမ့်မည်။ ထိုအခါ မတရားသောသူသည် ထင်ရှားလာလိမ့်မည်။ အသျှင်ယေသျှုသည် ထိုသူအား မိမိ၏ နှုတ်မှထွက်သော လီအားဖြင့် ကွက်မျက်ကာ၊ မိမိကြွလာတော်မူသော ဘုန်းရောင်ခြည်တော်ဖြင့် ဖျက်ဆီးတော်မူလိမ့်မည်။ 2 ထိုမတရားသောသူသည် စာတန်မာရ်နတ်၏တန်ခိုးနှင့် ရောက်လာ၍ မုသာနှင့်ဆိုင်သော နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာအမျိုးမျိုးကို ပြလိမ့်မည်။ ပျက်စီးခြင်းသို့ ရောက်မည့် သူရို့အား မတရားသောအမှုအမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ ထိုသူရို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရားအားနှစ်သက်မှုကို ငြင်းဆန်ကြသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရကြ၏။ ထိုသို့အလို့ငှာ ဘုရားသခင်က သူရို့သည် မုသာကို ယုံကြည်ကြစီရန် သူရို့ပါးသို့ လှည့်ဖြားတတ်သောတန်ခိုးကို စီရွှတ်တော်မူ၏။ ဤသည်ကား သမ္မာတရားကို မယုံကြည်ဘဲ အပြစ်တရားကို နှစ်သက်ကြသောသူရို့သည် စီရင်တော်မူခြင်းကို ခံရစီခြင်းငှာ ဖြစ်၏။

ကယ်တင်ခြင်း ခံရစီရန် သင်ရို့အား ရွီးကောက်တော်မူခြင်း

သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဘုရားသခင်ကို ချီးမွမ်းကြရ၏။ အကြောင်းမူကား ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သန့်ယှင်းခြင်းကို ခံရ၍ သမ္မာတရား၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရဟိရန်အတွက် ဘုရားသခင်သည် သင်ရို့အား ဦးစွာပထမ3 ရွီးကောက်တော်မူ၏။ သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ဘုန်းတော်ကို ပိုင်ဆိုင်ကြစီရန် ဘုရားသခင်သည် ငါရို့ဟောပြောသည့် သတင်းကောင်းအားဖြင့် သင်ရို့ကို ခေါ်ထားတော်မူ၏။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ဟောပြောခြင်းအားဖြင့် လည်းကောင်း၊ ငါရို့၏ ပီးစာအားဖြင့် လည်းကောင်း သင်ရို့အား သွန်သင်ခသည့် သမ္မာတရားများကို သင်ရို့သည် စွဲကိုင်၍ ခိုင်ခံ့စွာ ရပ်တည်ကြလော့။

ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊ သင်ရို့၏စိတ်နှလုံးကို နှစ်သိမ့်မှုနှင့် ပြည့်ဝစီပြီးလျှင် ကောင်းသောစကားနှင့် ကောင်းသောအမှုအလုံးစုံ၌ သင်ရို့ကို အစဉ်မပြတ် ခိုင်ခံ့မြဲမြံတော်မူပါစီသတည်း။

Source notes (3)
  1. Cross-reference ၁ သက် ၄.၁၅–၁၇
  2. Cross-reference မ ၂၄.၂၄
  3. Footnote ဦးစွာပထမ၊ တချို့သော လက်ရီးမူရင်းကျမ်းများတွင် အစအဦးမှ၊ ဟု ဖော်ပြပါဟိသည်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.