Common Language Bible
ဆာလံ 150:6
Verse 6 is marked below, with the whole chapter around it. Read from the start
ထာဝရဘုရားအားထောမနာပြုကြလော့
ထာဝရဘုရားအားထောမနာပြုကြလော့။
ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။
ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
ကိုယ်တော်ပြုတော်မူသည့်မဟာ
အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။
အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။
စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
သံလွင်များကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
လင်းကွင်းကြီးများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။
ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.