Skip to content
BibleKenya

Common Language Bible

ဆာ​လံ 150

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​လော့။

ကောင်း​ကင်​ထက်​တွင်​ကိုယ်​တော်​၏​တန်​ခိုး​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

ကိုယ်​တော်​ပြု​တော်​မူ​သည့်​မ​ဟာ

အ​မှု​တော်​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

အ​လွန်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ ထော​မ​နာ​ပြု​ကြ​လော့။

တံ​ပိုး​ခ​ရာ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

စောင်း​ကြီး​စောင်း​ငယ်​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့်​ရှင်​အာ​သပ်​အ​စ​ရှိ​သော ပ​ရော​ဖက်​များ​တို့​ရေး​ထား​သော​ဆာ​လံ​ကျမ်း ပြီး​၏။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.