Common Language Bible
တောလည် 3
အာရုန်၏သားများ
ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။- အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။-1 သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဘိသိက် ခံခဲ့၍ဆက်ကပ်ထားသူများဖြစ်ကြ၏။- သို့ရာတွင်နာဒပ်နှင့်အဘိဟုတို့သည်သိနာ တောကန္တာရတွင်ထာဝရဘုရားအားမပူဇော် အပ်သောမီးဖြင့်ပူဇော်သောကြောင့်သေဆုံးခဲ့ ကြ၏။ သူတို့တွင်သားသမီးများမကျန်ရစ် ခဲ့ချေ။ ဧလာဇာနှင့်ဣသမာတို့သည်အာရုန် ၏လက်အောက်တွင်ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြရသည်။2
လေဝိအနွယ်ဝင်တို့အား ယဇ်ပုရောဟိတ်တို့၏အမှုထမ်းများ အဖြစ်ခန့်ထားခြင်း
ထာဝရဘုရားကမောရှေအား၊-
``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။- သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။- သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။- လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။- သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။
တစ်ဖန်ထာဝရဘုရားကမောရှေအား``လေဝိ အနွယ်ဝင်တို့ကိုငါပိုင်၏။ ငါသည်အီဂျစ် အမျိုးသားတို့၏သားဦးအားလုံးကိုသေ ဒဏ်ခတ်စဉ်အခါ ဣသရေလအမျိုးသား မိသားစုတိုင်းမှသားဦးနှင့်တိရစ္ဆာန်သား ဦးပေါက်တို့ကိုငါ့အတွက်ရွေးချယ်ခဲ့သည်။ ယခုဣသရေလအမျိုးသားတို့၏သားဦး အစားလေဝိအနွယ်ဝင်တို့ကိုငါ့အတွက် ရွေးယူပြီ။ သူတို့ကိုငါပိုင်၏။ ငါသည် ထာဝရဘုရားဖြစ်တော်မူသည်'' ဟု မိန့်တော်မူ၏။3
လေဝိအနွယ်ဝင်တို့၏လူဦးရေစာရင်း
ထာဝရဘုရားသည်သိနာတောကန္တာရတွင်၊- လေဝိအနွယ်ဝင်ထဲမှတစ်လသားအရွယ် နှင့်အထက်ရှိသူတိုင်းကို သားချင်းစုနှင့် မိသားစုအလိုက်စာရင်းကောက်ရန်အမိန့် ရှိတော်မူသည့်အတိုင်း၊- မောရှေလိုက်နာဆောင်ရွက်လေ၏။- လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။
ဂေရရှုန်၏သားချင်းစုတွင်လိဗနိ၏ မိသားစုနှင့်ရှိမိ၏မိသားစုတို့ပါဝင်၍၊- အသက်တစ်လသားအရွယ်နှင့်အထက်ရှိသူ ယောကျာ်းဦးရေစုစုပေါင်းမှာခုနစ်ထောင့်ငါး ရာဖြစ်သည်။- ယင်းသားချင်းစုသည်တဲတော်၏အနောက် ဘက်မျက်နှာတွင်စခန်းချရမည်။- သူတို့၏ခေါင်းဆောင်မှာလေလ၏သားဧလျာ သပ်ဖြစ်သည်။- သူတို့သည်တဲတော်နှင့်ဆိုင်သောအတွင်းအမိုး၊ အပြင်အမိုး၊ တံခါးဝရှိကန့်လန့်ကာ၊- တဲတော်ဝင်းကိုကာရံထားသောကန့်လန့်ကာ များနှင့်တဲတော်ဝင်းတံခါးရှိကန့်လန့်ကာ ကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကိုထိန်း သိမ်းစောင့်ရှောက်ရကြသည်။
ကောဟတ်၏သားချင်းစုတွင်အာမရံမိသားစု၊ ဣဇဟာမိသားစု၊ ဟေဗြုန်မိသားစု၊ သြဇေလ မိသားစုတို့ပါဝင်၍၊- အသက်တစ်လသားအရွယ်နှင့်အထက်ရှိ သူယောကျာ်းဦးရေ စုစုပေါင်းမှာရှစ်ထောင့် ခြောက်ရာဖြစ်သည်။- ယင်းသားချင်းစုသည်တဲတော်၏တောင်ဘက် မျက်နှာတွင်စခန်းချရမည်။- သူတို့၏ခေါင်းဆောင်မှာသြဇေလ၏သား ဧလိဇာဖန်ဖြစ်သည်။- သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
မေရာရိ၏သားချင်းစုတွင်မဟာလိ မိသားစုနှင့်မုရှိမိသားစုပါဝင်၍၊- အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။- ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။- သူတို့သည်တဲတော်ဘောင်များ၊ တန်းများ၊ တိုင်များ၊ အောက်ခံခုံများနှင့်ယင်းတို့နှင့် စပ်လျက်ရှိသောတန်ဆာများတို့ကိုထိန်း သိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူ တို့သည်အထက်ပါပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ရကြသည်။- သူတို့သည်တဲတော်ဝင်းရှိတိုင်များ၊ အောက်ခံ ခုံများ၊ ကြက်ဆူးများ၊ ကြိုးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။- ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည်အသက်တစ်လသားအရွယ် နှင့်အထက်ရှိလေဝိအနွယ်ဝင်ယောကျာ်း တို့ကိုသားချင်းစုအလိုက်စာရင်းကောက် ယူရာ လူဦးရေစုစုပေါင်းနှစ်သောင်းနှစ် ထောင်ရရှိလေသည်။
သားဦးတို့အစားလေဝိအနွယ်ဝင်တို့ကို ဆက်ကပ်ခြင်း
ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့၏သားဦးရှိသမျှတို့သည် ငါနှင့်ဆိုင်၏။ သို့ဖြစ်၍အသက်တစ်လသား အရွယ်နှင့်အထက်ရှိသားဦးအားလုံးတို့ ၏နာမည်စာရင်းကိုကောက်ယူလော့။ သို့ရာ တွင်ထိုသူတို့ကိုငါပိုင်ဆိုင်ရာအဖြစ်ရွေး ချယ်မည့်အစားလေဝိအနွယ်ဝင်အပေါင်း တို့ကိုရွေးချယ်၏။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။ ထို့အပြင်သိုးနွားတိရစ္ဆာန် သားဦးပေါက်အားလုံးကိုငါပိုင်ဆိုင်ရာ အဖြစ်ရွေးချယ်မည့်အစားငါသည်လေဝိ အနွယ်ဝင်တို့၏သိုးနွားတိရစ္ဆာန်တို့ကို ငါရွေးချယ်၏'' ဟုမိန့်တော်မူ၏။- မောရှေသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း၊- အသက်တစ်လသားအရွယ်နှင့်အထက်ရှိ ဣသရေလအမျိုးသားတို့၏သားဦးများ ကိုစာရင်းကောက်ယူရာစုစုပေါင်းနှစ်သောင်း နှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက်ရှိ၏။
တစ်ဖန်ထာဝရဘုရားကမောရှေအား၊- ``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။- ဣသရေလအမျိုးသားတို့၏သားဦး အရေအတွက်သည်လေဝိအမျိုးသားဦး ရေထက်နှစ်ရာခုနစ်ဆယ့်သုံးယောက်ပိုသော ကြောင့်ပိုများသောဦးရေကိုရွေးယူရမည်။- တစ်ဦးလျှင်တရားဝင်ချင်တွယ်နည်းအရ ငွေသားငါးကျပ်ဖြင့်ရွေးယူရမည်။- ထိုငွေကိုအာရုန်နှင့်သူ၏သားတို့လက်သို့ ပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။- မောရှေသည်ထာဝရဘုရားမိန့်တော်မူသည် အတိုင်းရရှိသော၊- ငွေသားတစ်ထောင့်သုံးရာခြောက်ဆယ့်ငါး ကျပ်ကို၊- အာရုန်နှင့်သူ၏သားတို့အားပေးအပ်လေ သည်။
Source notes (3)
- Cross-reference တော၊ ၂၆:၆၀။
- Cross-reference ဝတ်၊ ၁၀:၁-၂။ တော၊ ၂၆:၆၁။
- Cross-reference ထွ၊ ၁၃:၂။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.