Skip to content
BibleKenya

ထွက်​မြောက်

Exodus

Introduction from this edition

ထွက်​မြောက်​ရာ​ကျမ်း

နိ​ဒါန်း

ထွက်​မြောက်​ရာ​ကျမ်း​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏​သ​မိုင်း​တွင် အ​ရေး​အ​ကြီး​ဆုံး​အ​ဖြစ်​အ​ပျက်​ကို​မှတ်​တမ်း​တင်​သော​ကျမ်း​ဖြစ်​သည်။ ဤ​ကျမ်း​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​သည်​အီ​ဂျစ်​ပြည်​၌​တစ်​ပါး​ကျွန်​အ​ဖြစ်​နေ​ထိုင်​ခဲ့​ရာ​မှ​လွတ်​မြောက်​လာ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​ထား​သည်။ အ​ဋ္ဌိ​က​အား​ဖြင့်​အ​ပိုင်း​လေး​ပိုင်း​ရှိ​သည်။ (၁) ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ခြင်း (၂) သိ​နာ​တောင်​သို့​သွား​သော​ခ​ရီး (၃) ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​တွင်​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​ပ​ဋိ​ညာဉ်​ပြု​၍​သူ​တို့​စောင့်​ထိန်း​ရ​မည့်​လူ့​ကျင့်​ဝတ်၊ နိုင်​ငံ​သား​ကျင့်​ဝတ်၊ ဘာ​သာ​ရေး​ဆိုင်​ရာ​ကျင့်​ဝတ်​စ​သည်​တို့​နှင့်​ပတ်​သက်​သော​ပ​ညတ်​များ​ကို​ပေး​တော်​မူ​ခြင်း (၄) ဣသ​ရေ​လ​လူ​မျိုး​တို့​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​တည်​ဆောက်​ခြင်း​နှင့်​အ​တွင်း​အ​ပြင်​တန်​ဆာ​ဆင်​ခြင်း၊ ယဇ်​ပု​ရော​ဟိတ်​များ​လိုက်​နာ​ရန်​ပ​ညတ်​များ၊ ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ​ကို​ပြဋ္ဌာန်း​ပေး​ခြင်း။

အ​ထူး​အ​ရေး​ကြီး​သော​အ​ချက်​မှာ​ဤ​ကျမ်း​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​စေ​ပြီး​လျှင်​အ​နာ​ဂတ်​အ​တွက်​မျှော်​လင့်​ချက်​ရှိ​သော​လူ​မျိုး​နှင့်​နိုင်​ငံ​အ​ဖြစ်​သို့​ရောက်​အောင်​ပြု​စု​ပေး​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။

ဤ​ကျမ်း​၏​အ​ထင်​ပေါ်​ဆုံး​သော​ပ္ဂိုလ်​မှာ​ဣသ​ရေ​လ​လူ​မျိုး​ကို​ခေါင်း​ဆောင်​၍​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​ဘု​ရား​သ​ခင်​ရွေး​ကောက်​ခြင်း​ခံ​ရ​သော​မော​ရှေ​ဖြစ်​သည်။ ပ​ညတ်​တော်​ဆယ်​ပါး​စာ​ရင်း​ကို​ဖော်​ပြ​ထား​သော​အ​ခန်း ၂၀ သည်​လူ​အ​များ​သိ​သော​ကျမ်း​ပိုင်း​ဖြစ်​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​လွတ်​မြောက်​စေ​ခြင်း

(က) အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရ​ခြင်း

(ခ) မော​ရှေ​မွေး​ဖွား​ခြင်း​နှင့်​ငယ်​စဉ်​ဘ​ဝ

(ဂ) မော​ရှေ​နှင့်​အာ​ရုန်​တို့​အီ​ဂျစ်​ဘု​ရင်​နှင့်​အ​ရေး​ဆို​ခြင်း

(ဃ) ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ခြင်း​နှင့်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခြင်း

ပင်​လယ်​နီ​မှ​သိ​နာ​တောင်​သို့

ပ​ညတ်​တော်​နှင့်​ပ​ဋိ​ညာဉ်

ပ​ဋိ​ညာဉ်​တဲ​တော်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.