Common Language Bible
ထွက်မြောက် 25
တဲတော်အတွက်အလှူဝတ္ထု
(ထွ၊ ၃၅:၄-၉)
ထာဝရဘုရားသည်မောရှေအား အောက်ပါ ပညတ်ချက်များကိုမိန့်မြွက်တော်မူ၏။- ``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။- သင်လက်ခံရမည့်လှူဖွယ်ပစ္စည်းများသည် ကား ရွှေ၊ ငွေ၊ ကြေးဝါ၊- ပိတ်ချော၊ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ဆိတ်မွေးအထည်၊- အနီဆိုးသောသိုးထီးသားရေ၊ သားရေချော၊ အကာရှသစ်သား၊- မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊- ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း1 နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။- ငါသည်သူတို့နှင့်အတူနေနိုင်ရန် ငါ့အတွက် တဲတော်ကိုတည်ဆောက်ရကြမည်။- တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
ပဋိညာဉ်သေတ္တာတော်
(ထွ၊ ၃၇:၁-၉)
``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။- သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။- သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။- အကာရှသစ်သားဖြင့်ထမ်းပိုးများပြုလုပ်၍ ရွှေချထားရမည်။- သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။- ထမ်းပိုးများကိုကွင်းများမှမထုတ်ရ။ အမြဲလျှိုသွင်းထားရမည်။- ပညတ်တော်များကိုအက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကိုငါပေးမည်။ ထိုကျောက် ပြားများကိုသေတ္တာထဲ၌ထည့်ထားရမည်။
``အလျားလေးဆယ့်ငါးလက်မနှင့် အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာအဖုံးကိုရွှေစင်ဖြင့် ပြုလုပ်ရမည်။-2 အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ်3 နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။- ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။- သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။- ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
ရှေ့တော်တင်မုန့်အတွက်စားပွဲ
(ထွ၊ ၃၇:၁၀-၁၆)
``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။- စားပွဲကိုရွှေချ၍အနားကိုရွှေကွပ်ထားရမည်။- စားပွဲပတ်လည်တွင်သုံးလက်မဗြက်ရှိသော ဘောင်တပ်၍အနားကိုရွှေကွပ်ရမည်။- စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ်ယူ ရန် ရွှေကွင်းလေးကွင်းတပ်ထားရမည်။- ထမ်းပိုးလျှိုရန်ကွင်းများကိုဘောင်အနီး၌ ကပ်၍တပ်ဆင်ရမည်။- ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍ရွှေချထားရမည်။- စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။- ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။4
ဆီမီးခုံ
(ထွ၊ ၃၇:၁၇-၂၄)
``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။- ဆီမီးခုံတိုင်တစ်ဘက်တစ်ချက်မှအလက် သုံးလက်စီ၊ ပေါင်းခြောက်လက်ဖြာထွက်စေ ရမည်။- အလက်ခြောက်လက်မှတစ်လက်စီတွင်ပွင့်ဖူး၊ ပွင့်ချပ်ပါရှိသောဗာဒံပွင့်ပုံအလှပန်းသုံး ပွင့်ရှိစေရမည်။- ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များပါရှိ သောဗာဒံပွင့်ပုံပန်းလေးပွင့်ရှိစေရမည်။- အလက်သုံးစုံတွင်တစ်စုံစီကြား၌ပွင့်ဖူး တစ်ဖူးရှိစေရမည်။- ပွင့်ဖူးအလက်နှင့်ဆီမီးခုံတိုင်တို့ကိုရွှေ ဖြင့်တစ်သားတည်းထုလုပ်ရမည်။- ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။- မီးညှပ်နှင့်မီးခံခွက်တို့ကိုလည်းရွှေဖြင့်ပြုလုပ် ရမည်။- ဆီမီးတိုင်နှင့်ကိရိယာတန်ဆာရှိသမျှတို့ ကိုရွှေခုနစ်ဆယ့်ငါးပေါင်အချိန်ဖြင့်ပြု လုပ်ရမည်။- တောင်ပေါ်တွင်သင့်အားငါပြသောပုံစံနှင့် အညီပြုလုပ်ရန်သတိပြုလော့။5
Source notes (5)
- Footnote 2 * သင်တိုင်း။ အဖိုးတန်၍အရောင်တောက်ပသောအဝတ် ဖြင့်ပြုလုပ်ထားသောအထည်ဖြစ်သည်။ ၎င်း၌ ချုပ်ထားသောအိတ်တွင်ဘုရားသခင်၏အလို တော်ကိုသိရန်အသုံးပြုသောအရာနှစ်ခု ဖြစ်သည့်ဥရိမ်နှင့်သုမိမ်ကိုထည့်ထားသည်။
- Cross-reference ဟေဗြဲ၊ ၉:၅။
- Footnote 3 * ခေရုဗိမ်။ ရှင်းလင်းချက်ကြည့်ပါ။
- Cross-reference ဝတ်၊ ၂၄:၅-၈။
- Cross-reference တ၊ ၇:၄၄။ ဟေဗြဲ၊ ၈:၅။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.