Common Language Bible
ထွက်မြောက် 20
ပညတ်တော်ဆယ်ပါး
(တရား၊ ၅:၁-၂၁)
ဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။
``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။- ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-1 သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။2
``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။3
``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-4 သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။- သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။-5 ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။6
``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။7
``လူ့အသက်ကိုမသတ်နှင့်။8
``သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။9
``သူ့ဥစ္စာကိုမခိုးနှင့်။10
``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။11
``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။12
လူတို့ကြောက်ရွံ့ကြခြင်း
(တရား၊ ၅:၂၂-၃၃)
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။- သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။13
ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။- သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
ယဇ်ပလ္လင်နှင့်ဆိုင်သောပညတ်များ
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားဤသို့မိန့်တော်မူ ၏။``ငါထာဝရဘုရားသည်သင်တို့အားမိုး ကောင်းကင်မှမိန့်ကြားသည်ကိုသင်တို့သိရ ကြပြီ။- သင်တို့သည်ငါ့ကိုသာကိုးကွယ်ရမည်။ ငွေ ရုပ်တု၊ ရွှေရုပ်တုဘုရားများကိုပြုလုပ်၍ မကိုးကွယ်နှင့်။- ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။- သင်တို့သည်ငါ့အတွက်ကျောက်ဖြင့်ယဇ်ပလ္လင် တည်လျှင် ဆစ်သောကျောက်ဖြင့်မတည်ရ။ သံ ကိရိယာကိုသုံး၍ဆစ်ရသောကျောက်ဖြင့် တည်သောယဇ်ပလ္လင်သည် မသန့်ရှင်းပေ။-14 ယဇ်ပလ္လင်တွင်လှေကားထစ်မရှိစေရ။ အကယ် ၍လှေကားထစ်ရှိခဲ့လျှင်သင်တို့သည်ပလ္လင် သို့တက်သည့်အခါ သင်တို့၏ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုမြင်ရလိမ့်မည်။
Source notes (14)
- Cross-reference ထွ၊ ၃၄:၁၇။ ဝတ်၊ ၁၉:၄၊ ၂၆:၁။ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။
- Cross-reference ထွ၊ ၃၄:၆-၇။ တော၊ ၁၄:၁၈။ တရား၊ ၇:၉-၁၀။
- Cross-reference ဝတ်၊ ၁၉:၁၂။
- Cross-reference ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။
- Cross-reference ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊၃၅:၂။ ဝတ်၊၂၃:၃။
- Cross-reference က၊၂:၁-၃။ ထွ၊၃၁:၁၇။
- Cross-reference တရား၊ ၂၇:၁၆။ မ၊ ၁၅:၄၊ ၁၉:၁၉။ မာ၊ ၇:၁၀၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ဧ၊ ၆:၂(ခ)၊ ဧ၊ ၆:၃။
- Cross-reference က၊ ၉:၆။ ဝတ်၊ ၂၄:၁၇။ မ၊ ၅:၂၁၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
- Cross-reference ဝတ်၊ ၂၀:၁၀။ မ၊ ၅:၂၇၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
- Cross-reference ဝတ်၊ ၁၉:၁၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။
- Cross-reference ထွ၊ ၂၃:၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။
- Cross-reference ရော၊ ၇:၇၊ ၁၃:၉။
- Cross-reference ဟေဗြဲ၊ ၁၂:၁၈-၁၉။
- Cross-reference တရား၊ ၂၇:၅-၇။ ယောရှု၊ ၈:၃၁။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.