Skip to content
BibleKenya

တ​ရား​ဟော

Deuteronomy

Introduction from this edition

တ​ရား​ဟော​ရာ​ကျမ်း

နိ​ဒါန်း

`တ​ရား​ဟော​ရာ​ကျမ်း' သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လာ​ခဲ့​သော ခ​ရီး​ရှည်​အ​ဆုံး​၌ ခါ​နာန်​ပြည်​သို့​ဝင်​ရောက် သိမ်း​ယူ​ခါ​နီး​အ​ချိန်၊ မော​ဘ​ပြည်​တွင်​စ​ခန်း ချ​နေ​ကြ​စဉ်​သူ​တို့​အား​မော​ရှေ​မိန့်​ကြား သော​မိန့်​ခွန်း​များ​ကို​စီ​စဉ်​ရေး​သား​ပြု​စု ထား​သော​ကျမ်း​ဖြစ်​သည်။

ဤ​ကျမ်း​တွင်​ပါ​ဝင်​သော​အ​ရေး​ကြီး​ဆုံး အ​ကြောင်း​အ​ရာ​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ (၁) မော​ရှေ​သည်​လွန်​ခဲ့​သော​နှစ် ပေါင်း​လေး​ဆယ်​အ​တွင်း​က​ထင်​ရှား​သော အ​ဖြစ်​အ​ပျက်​များ​ကို​ထုတ်​ဖော်​ပြော​ပြ သည်။ ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​ခ​ရီး တစ်​လျှောက်​တွင် သူ​တို့​ကို​မည်​ကဲ့​သို့​လမ်း ပြ​ပို့​ဆောင်​ခဲ့​ကြောင်း​ကို​မ​မေ့​ရန်​နှင့် ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​သစ္စာ​စောင့် ရန်​မော​ရှေ​သ​တိ​ပေး​နှိုး​ဆော်​သည်။ (၂) မော​ရှေ​သည်​ပ​ညတ်​တော်​ဆယ်​ပါး​ကို ပြန်​လည်​သုံး​သပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို သာ​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟူ​သော ပ​ထ​မ ပ​ညတ်​တော်​ဆို​လို​ရင်း​ကို​အ​လေး​အ​နက် ထား​၍​ရှင်း​ပြ​သည်။ ထို့​နောက်​ပေး​သ​နား မည်​ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ​ရ မည့်​ပ​ညတ်​များ​ကို​ပြန်​လည်​ရှင်း​ပြ​သည်။ (၃) မော​ရှေ​သည်​သူ​တို့​နှင့်​ဘု​ရား​သ​ခင် ပြု​သော ပ​ဋိ​ညာဉ်​၏​ဆို​လို​သော​အ​ဋ္ဌိပ္ပါယ် ကို​သူ​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​ပြီး လျှင် ပ​ဋိ​ညာဉ်​အ​တိုင်း​လိုက်​နာ​ပါ​မည် ဟူ​၍​အ​ဋ္ဌိ​ဋ္ဌာန်​သစ်​ပြု​ရန်​တိုက်​တွန်း သည်။ (၄) ယော​ရှု​အား​ဘု​ရား​သ​ခင်​လူ​မျိုး တော်​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဆက်​ခံ​ရန် တာ​ဝန် ပေး​အပ်​သည်။ မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ သစ္စာ​တော်​ကို​ချီး​ကူး​ဖွဲ့​ဆို​လျက် ဣ​သ​ရေ​လ အ​နွယ်​တို့​ကို​ကောင်း​ချီး​ပေး​ပြီး​နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​မော​ဘ​ပြည်​တွင် အ​နိစ္စ​ရောက်​လေ​သည်။

ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း​မှာ​ဘု​ရား​သ​ခင်​သည် မိ​မိ​ချစ်​၍​ရွေး​ကောက်​သော​လူ​မျိုး တော်​ကို​ကယ်​တင်​ပြီး​လျှင် ကောင်း​ချီး​ပေး​တော် မူ​ကြောင်း၊ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​သည်​အ​သက်​ရှင်​၍​ကောင်း​ချီး​ကို​ဆက် လက်​ခံ​စား​နိုင်​ရန် အ​ဆို​ပါ​အ​ဋ္ဌိ​က​အ​ကြောင်း ကို​သ​တိ​ရ​လျက်​ဘု​ရား​သ​ခင်​ကို​ချစ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​ရ​မည်​ဖြစ်​ကြောင်း၊

အ​ခန်း ၆:၄-၆ သည်​အ​ဋ္ဌိ​က​ကျမ်း​ပိုဒ်​ဖြစ်​သည်။ သ​ခင်​ယေ​ရှု​က​ပ​ညတ်​အ​ပေါင်း​တို့​တွင် အ​ကြီး မြတ်​ဆုံး​ပ​ညတ်​တော်​ဟူ​၍​ဖွင့်​ဆို​သော``သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​စိတ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​လော့'' ဟူ​သော ကျမ်း​ချက်​ကို​ဤ​ကျမ်း​ပိုဒ်​တွင်​တွေ့​ရှိ​ရ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

မော​ရှေ​၏​ပ​ထ​မ​ဦး​ဆုံး​မိန့်​ခွန်း ၁:၁-၄:၄၉

မော​ရှေ​၏​ဒု​တိ​ယ​မိန့်​ခွန်း ၅:၁-၂၆:၁၉

(က) ပ​ညတ်​တော်​ဆယ်​ပါး ၅:၁-၁၀:၂၂

(ခ ) ပ​ညတ်​များ၊ ပြ​ဋ္ဌာန်း​ချက်​များ၊ သ​တိ​ပေး​ချက်​များ ၁၁:၁-၂၆:၁၉

ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​ရာ​၌ လိုက်​နာ​ရ​မည့်​ပ​ညတ်​များ ၂၇:၁-၂၈:၆၈

ပ​ဋိ​ညာဉ်​ကို​အ​သစ်​ပြန်​လည်​ဖွဲ့​ခြင်း ၂၉:၁-၃၀:၂၀

မော​ရှေ​၏​နောက်​ဆုံး​အ​မှာ​စ​ကား​များ ၃၁:၁-၃၃:၂၉

မော​ရှေ​အ​နိစ္စ​ရောက်​ခြင်း ၃၄:၁-၁၂

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.