Common Language Bible
တရားဟော 18
ယဇ်ပုရောဟိတ်တို့၏ရပိုင်ခွင့်
``ယဇ်ပုရောဟိတ်အမျိုးဖြစ်သောလေဝိအနွယ် ဝင်အပေါင်းတို့သည် ဣသရေလနိုင်ငံတွင်နယ် မြေဝေစုမရရှိစေရ။ သို့ရာတွင်သူတို့သည် ထာဝရဘုရားအား ဆက်ကပ်ပူဇော်သောလှူ ဖွယ်များကိုသုံးဆောင်ကြရမည်။- အခြားသောအမျိုးသားချင်းတို့ကဲ့သို့ကိုယ် ပိုင်နယ်မြေမရှိရ။ သူတို့၏ရပိုင်ခွင့်သည် ကားကတိတော်ရှိသည့်အတိုင်း ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ရသည့် အခွင့်ထူးပေတည်း။''1
``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။- စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။- ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။''
``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊- ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။- သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
ရှောင်ရန်အလေ့အကျင့်များ
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။- သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-2 အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။-3 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုကဲ့သို့သောဋ္ဌလေ့ကိုကျင့်သောလူမျိုးများ ကိုရွံရှာတော်မူသောကြောင့် သင်တို့ချီတက် ရာလမ်းကြောင်းမှသူတို့ကိုနှင်ထုတ်လျက် ရှိတော်မူ၏။- သင်တို့သည်ထာဝရဘုရားအား အကြွင်း မဲ့သစ္စာရှိကြလော့'' ဟုဆို၏။4
ပရောဖက်တစ်ပါးကိုစေလွှတ်မည့်ကတိတော်
ထို့နောက်မောရှေက``သင်တို့သိမ်းယူမည့်ပြည် တွင်နေထိုင်သူတို့သည်မှော်ဆရာ၊ ဗေဒင် ဆရာတို့ထံမှအကြံဉာဏ်တောင်းခံလေ့ ရှိကြ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုသို့တောင်းခံခြင်း ကိုသင်တို့အားခွင့်ပြုတော်မမူ။- ထာဝရဘုရားသည်သင်တို့၏သားချင်း ထဲမှ ငါကဲ့သို့သောပရောဖက်တစ်ပါးကို စေလွှတ်တော်မူမည်ဖြစ်ရာ သူ၏စကား ကိုနားထောင်ကြလော့။''5
``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။- ထိုအခါထာဝရဘုရားကငါ့အား`သူတို့ ၏လျှောက်ထားချက်သည်သင့်မြတ်ပေ၏။- ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။- သူသည်ငါ၏အခွင့်အာဏာနှင့်ဆင့်ဆိုလိမ့် မည်။ ထို့ကြောင့်သူ၏စကားကိုနားမထောင် သောသူအားငါဒဏ်ခတ်မည်။-6 ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။- သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''
Source notes (6)
- Cross-reference တော၊ ၁၈:၂၀။
- Cross-reference ဝတ်၊ ၁၉:၂၆။ ထွ၊ ၂၂:၁၈။
- Cross-reference ဝတ်၊ ၁၉:၃၁။
- Cross-reference မ၊ ၅:၄၈။
- Cross-reference တ၊ ၃:၂၂၊ ၇:၃၇။
- Cross-reference တ၊ ၃:၂၃။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.