Skip to content
BibleKenya

Common Language Bible

တ​ရား​ဟော 32

``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။

ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။

ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊

မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။

ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်

ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။

အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။

သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။

သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊

လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။

မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို

ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။

ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။

သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။

``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။

ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။

အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။

အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သည်​တိုင်း​နိုင်​ငံ​တို့​၏ နယ်​နိ​မိတ်​များ​ကို​လည်းကောင်း၊

လူ​မျိုး​အ​သီး​သီး​တို့​နေ​ထိုင်​ရာ​ပြည်​များ ကို​လည်း​ကောင်း

သတ်​မှတ်​ပေး​တော်​မူ​သော​အ​ခါ၊

နိုင်​ငံ​အ​သီး​သီး​တို့​အ​တွက်​နတ်​ဘု​ရား များ​ကို သတ်​မှတ်​ပေး​တော်​မူ​၏။1

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို

မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။

``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော

တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊

မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို

အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊

ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။

အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊

မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။

``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍

လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။

သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊

ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော

သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။

သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။

မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍

မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။

``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့်

ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။

သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။

သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍

တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။

သူ​တို့​သည်​ရုပ်​တု​ဘု​ရား​များ​ကို​ကိုး​ကွယ်​သည့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့်

ပြိုင်​ဘက်​ကင်း​သည့်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက်​တော်​ထွက်​စေ​ကြ​၏။

သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော

ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။2

သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊

မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။

``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊

မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။

ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။'

ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။

သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။

သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော

ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။

သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။

မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။3

ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍

မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။

အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊

တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။

`` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။

ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။

သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။

ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။

သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။

မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။

စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။

နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။

ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။

နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။

ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။

သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့်

ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'

``ဣ​သ​ရေ​လ​လူ​မျိုး​သည်​စဉ်း​စား​ဉာဏ်​မ​ရှိ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။

သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။

ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။

လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊

လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း

အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။

သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။

သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည်

သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။

သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။

သူ​တို့​၏​ရန်​သူ​များ​သည်​သော​ဒုံ​မြို့​သား၊ ဂေါ​မော​ရ မြို့​သား​တို့​ကဲ့​သို့​အ​ကျင့်​ပျက်​လျက်

ခါး​၍​အ​ဆိပ်​တောက်​သော​စ​ပျစ်​သီး​ကို​သီး​သည့် စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်းကောင်း၊

မြွေ​အ​ဆိပ်​တောက်​သော​စ​ပျစ်​ရည် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ကြ​၏။

``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊

သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။

သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။

သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။4

ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ

သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ

သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။5

ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား

`သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။

သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။

ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။

အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။

`` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။

ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။

ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။

အ​သက်​ကို​ပေး​ပိုင်​၏။

ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။

ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။

ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း

ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။

ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။

ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။

ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။

ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။

ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။

ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'

``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။

ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။

ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။

မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''6

မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။

မော​ရှေ​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊- ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။- ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။

ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။- သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။- သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။7

Source notes (7)
  1. Cross-reference တ၊ ၁၇:၂၆။
  2. Cross-reference ၁ကော၊ ၁၀:၂၀။
  3. Cross-reference ၁ကော၊ ၁၀:၂၂။ ရော၊ ၁၀:၁၉။
  4. Cross-reference ရော၊ ၁၂:၁၉။ ဟေဗြဲ၊ ၁၀:၃၀။
  5. Cross-reference ဆာ၊ ၁၃၅:၁၄။
  6. Cross-reference ရော၊ ၁၅၊၁၀။ ဗျာ၊ ၁၉:၂။
  7. Cross-reference တော၊ ၂၇:၁၂-၁၄။ တရား၊ ၃:၂၃-၂၇။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.