Skip to content
BibleKenya

၁ ရာ​ချုပ်

1 Chronicles

Introduction from this edition

ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်

နိ​ဒါန်း

ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​နှင့်​ဒု​တိ​ယ​စောင် သည် ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​များ​ထဲ​တွင်​မှတ်​တမ်း တင်​ထား​သော​အ​ဖြစ်​အ​ပျက်​များ​ကို​များ သော​အား​ဖြင့် ပြန်​လည်​ဖော်​ပြ​ချက်​များ​ဖြစ် သော်​လည်း​တင်​ပြ​ချက်​အ​မြင်​ချင်း​ကွဲ​ပြား ပေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ကျမ်း​စောင်​များ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှင်​ဘု​ရင်​များ သ​မိုင်း​အ​ကြောင်း​ကို အ​ဋ္ဌိ​က​ရည်​ရွယ်​ချက် နှစ်​ခု​အား​ဖြင့်​ထိန်း​ချုပ်​ထား​သည်။

၁။ ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နိုင်​ငံ​များ​အ​ပေါ် သို့​ဘေး​ဥ​ပဒ်​များ​ကျ​ရောက်​နေ​စေ​ကာ​မူ၊ ဘု​ရား​သ​ခင်​သည်​ယု​ဒ​နိုင်​ငံ​တွင်​နေ​ထိုင် လျက်​ရှိ​သော​သူ​များ​အား​ဖြင့် ကိုယ်​တော် ရှင်​၏​လူ​မျိုး​တော်​အ​တွက်​ကိုယ်​တော်​ရှင်​၏ အ​ကြံ​အ​စည်​တော်​ကို​အ​ကောင်​အ​ထည် ဖော်​လျက်​ရှိ​ကြောင်း၊ ထို​နိုင်​ငံ​အ​ပေါ်​ထား ခဲ့​သော​က​တိ​တော်​ကို​လည်း အ​ကောင်​အ​ထည် ဖော်​လျက်​ရှိ​ကြောင်း​တင်​ပြ​ရန်​ဖြစ်​သည်။ ဤ အာ​မ​ခံ​ချက်​ကို​အ​ခြေ​ခံ​သည့်​အ​နေ​ဖြင့် စာ​ရေး​သူ​သည်​ဒါ​ဝိဒ်၊ ရှော​လ​မုန်​တို့​၏ ကြီး​မား​သော​အောင်​မြင်​မှု​များ​ကို​လည်း ကောင်း၊ ယော​ရှ​ဖတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​နှင့် ယော​ရှု​မင်း​တို့​၏​အ​သစ်​ပြု​ပြင်​ပြောင်း လဲ​မှု​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အား​ဆက်​လက်​၍​သစ္စာ​စောင့်​သော​သူ​များ ကို​လည်း​ကောင်း​ဖော်​ပြ​သည်။

၂။ ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​မှု​စ​တင်​ဖြစ် ပေါ်​လာ​ပုံ​ကို​လည်း​ကောင်း၊ အ​ထူး​သ​ဖြင့် ကိုး​ကွယ်​ခြင်း​အ​စီ​အ​စဉ်​ကို​ဆောင်​ရွက်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​များ​၏​အ​ဖွဲ့​အ​စည်း​စ​တင်​ဖွဲ့​စည်း​ပုံ ကို​လည်း​ကောင်း​တင်​ပြ​ရန်​ဖြစ်​သည်။ ဗိ​မာန် တော်​ကြီး​ကို​တည်​ဆောက်​သော​သူ​မှာ ရှော​လ​မုန်​မင်း​ဖြစ်​သော်​လည်း၊ ဘာ​သာ​ရေး အ​ခမ်း​အ​နား​များ​နှင့်​ဗိ​မာန်​တော်​ကို စ​တင်​တည်​ဆောက်​သူ​အ​စစ်​အ​မှန်​မှာ ဒါ​ဝိဒ်​မင်း​သာ​ဖြစ်​ကြောင်း​တင်​ပြ​ထား သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ဆွေ​စဉ်​မျိုး​ဆက်​ဆင်း​သက်​လာ​ပုံ​နှင့်​စာ​ရင်း​များ ၁:၁-၉:၄၄

ရှော​လု​မင်း​ကွယ်​လွန်​ခြင်း ၁၀:၁-၁၄

ဒါ​ဝိဒ်​မင်း​အုပ်​စိုး​စဉ်​ကာ​လ ၁၁:၁-၂၉:၃၀

(က) ဒုက္ခ​များ​နှင့်​အောင်​မြင်​မှု​များ ၁၁:၁-၂၂:၁

(ခ) ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ပြင်​ဆင်​ခြင်း ၂၂:၂-၂၉:၃၀

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.