Skip to content
BibleKenya

Common Language Bible

၁ ရာ​ချုပ် 27

စစ်​မှု​ရေး​ရာ​နှင့်​မြို့​ပြ​ရေး​အ​ဖွဲ့​အ​စည်း

ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။

တစ်​လ​စီ​တာ​ဝန်​ကျ​သည့်​တပ်​မ​ဟာ​မှူး​များ မှာ၊

ပ​ထ​မ​လ​၌​ဇာ​ဗ​ဒေ​လ​၏​သား​ယာ​ရှော​ဗံ (သူ​သည်​ယု​ဒ​အ​နွယ်​ဝင်​ဖာ​ရက်​၏​သား​ချင်း စု​ဝင်​ဖြစ်​၏။)

ဒု​တိ​ယ​လ​၌​အ​ဟော​ဟိ​၏​သား​မြေး​ဒေါ​ဒဲ။ (သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​မိ​က​လုပ်​ဖြစ်​၏။)

တ​တိ​ယ​လ​၌​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ။ သူ​သည်​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ကျိပ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​သ​တည်း၊ (သူ​၏​သား​အ​မိ​ဇ​ဗဒ်​သည်​သူ​၏​ရာ​ထူး​ကို ဆက်​ခံ​ရ​ရှိ​၍​တပ်​မ​ဟာ​မှူး​ဖြစ်​လာ​၏။)

စ​တုတ္ထ​လ​၌​ယွာ​ဘ​၏​ညီ၊ အာ​သ​ဟေ​လ (သူ​၏​သား​ဇေ​ဗ​ဒိ​သည်​ရာ​ထူး​ကို​ဆက်​ခံ ရ​ရှိ​၏။)

ပဉ္စ​မ​လ​၌​ဣ​ဇ​ဟာ​၏​သား​မြေး​ရှံ​ဟုတ်။

ဆ​ဋ္ဌ​မ​လ​၌​တေ​ကော​မြို့​မှ​ဣ​ကေ​ရှ​၏ သား​ဣ​ရ။

သတ္တမ​လ​၌​ပေ​လာ​နိ​မြို့​မှ​ဧ​ဖ​ရိမ်​အ​နွယ် ဝင်​ဟေ​လက်။

အ​ဋ္ဌ​မ​လ​၌​ဟု​ရှ​မြို့​မှ​သိ​ဗေ​ကဲ (သူ​သည် ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​မှ​ဖြစ်​၏။)

န​ဝ​မ​လ​၌​အ​နေ​သော​သိ​မြို့​ဗင်္ယာ​မိန် အ​နွယ်​ဝင် ဒေ​သ​မှ​အ​ဗျေ​ဇာ။

ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​မ​ဟာ​ရဲ (သူ​သည်​ဇာ​ရ​သား​ချင်း​စု​ဝင်​ဖြစ်​၏။)

ဧ​က​ဒ​သ​မ​လ​၌​ပိ​ရ​သော​နိ​မြို့​မှ​ဧ​ဖ​ရိမ် အ​နွယ်​ဝင် ဒေ​သ​မှ​ဗေ​နာ​ယ။

ဒွါ​ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​ဟေ​လ​ဒဲ (သူ​သည်​သြ​သ​နေ​လ​၏​သား​မြေး​ဖြစ်​၏။)

ဣ​သ​ရေ​လ​အ​မျိုး​အနွယ်​တို့​အား​အုပ်​ချုပ်​မှု

ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​၏​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

အ​နွယ်

အုပ်​ချုပ်​သူ

ရု​ဗင်

ဇိ​ခ​ရိ​၏​သား​ဧ​လျေ​ဇာ။

ရှိ​မောင်

မာ​ခ​၏​သား​ရှေ​ဖ​တိ။

လေဝိ

ကေ​မွေ​လ​၏​သား​ဟာ​ရှ​ဘိ။

အာ​ရုန်

ဇာ​ဒုတ်။

ယု​ဒ

ဒါ​ဝိဒ်​၏​အစ်​ကို​ဧ​လိ​ဟု။

ဣ​သ​ခါ

မိက္ခေ​လ​၏​သား​သြ​မ​ရိ။

ဇာ​ဗု​လုန်

သြ​ဗ​ဒိ​သား​ဣရှ​မာ​ယ။

န​ဿ​လိ

အာ​ဇ​ရေ​လ​၏​သား ယေ​ရိ​မုတ်။

ဧ​ဖ​ရိမ်

အာ​ဇ​ဇိ​၏​သား​ဟော​ရှေ။

အ​နောက်​ပိုင်း​မ​နာ​ရှေ

ပေ​ဒါ​ယ​၏​သား​ယောလ။

အ​ရှေ့​ပိုင်း​မ​နာ​ရှေ

ဇာ​ခ​ရိ​၏​သား​ဣ​ဒ္ဒေါ။

ဗင်္ယာ​မိန်

အာ​ဗ​နာ​၏​သား​ယာ​သေ​လ။

ဒန်

ယေ​ရော​ဟံ​၏​သား အာ​ဇ​ရေ​လ။

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-1 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​သန်း​ခေါင်​စာ​ရင်း တစ်​ရပ်​စ​တင်​ကောက်​ယူ​ခဲ့​သော်​လည်း​အ​ပြီး မ​သတ်​ချေ။ ဤ​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​မှု အ​တွက်​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သို့​ဖြစ် ၍​ကောက်​ယူ​ရ​ရှိ​သည့်​နောက်​ဆုံး​ကိန်း​ဂ​ဏန်း များ​ကို​ဒါဝိဒ်​မင်း​၏​တ​ရား​ဝင်​မှတ်​တမ်း​များ တွင်​ရေး​မှတ်​ထား​ခြင်း​မ​ရှိ​ပေ။2

ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ​တို့​၏ စာ​ရင်း

ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ တို့​၏​စာ​ရင်း​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

ဘု​ရင့်​ကုန်​လှောင်​ရုံ​များ​ကို အ​ဒေ​လ​၏​သား အာ​ဇိ​မာ​ဝက်​က​အုပ်​ချုပ်​ရ​၏။

ဒေ​သ​ဆိုင်​ရာ​ကုန်​လှောင်​ရုံ​များ​ကို သြ​ဇိ​၏​သား ယော​န​သန်​က​အုပ်​ချုပ်​ရ​၏။

တောင်​သူ​လယ်​သ​မား​စု​ကို ခေ​လုပ်​၏​သား​ဧ​ဇ​ရိ အုပ်​ချုပ်​ရ​၏။

စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​ရာ​မ​မြို့​သား​ရှိ​မိ​က အုပ်​ချုပ်​ရ​၏။

စ​ပျစ်​ရည်​တိုက်​တို့​ကို​ရှိ​ဖ​မိ​မြို့​သား​ဇ​ဗ​ဒိ​က အုပ်​ချုပ်​ရ​၏။

အ​နောက်​တောင်​ခြေ​ရှိ​သံ​လွင်​ပင်​များ​နှင့် သ​ဖန်း​ပင်​တို့​ကို ဂေ​ဒ​ရိ​မြို့​သား​ဗာ​လ​ဟာ​နန်​က​အုပ်​ချုပ်​ရ​၏။

ဆီ​တိုက်​ကို​ယော​ရှ​သည်​အုပ်​ချုပ်​ရ​၏။

ရှာ​ရုန်​လွင်​ပြင်​ရှိ​နွား​တို့​ကို​ရှာ​ရုန်​မြို့​သား​ရှိ တ​ရဲ​က အုပ်​ချုပ်​ရ​၏။

ချိုင့်​ဝှမ်း​များ​ရှိ​နွား​တို့​ကို​အာ​ဒ​လဲ​၏​သား ရှာ​ဖတ်​က အုပ်​ချုပ်​ရ​၏။

ကု​လား​အုတ်​တို့​ကို​ဣ​ရှ​မေ​လ​အ​နွယ်​ဝင်၊ သြ​ဗိ​လ​က​အုပ်​ချုပ်​ရ​၏။

မြည်း​တို့​ကို​မေ​ရော​န​သိ​မြို့​သား​ယေ​ဒေ​ယ​က အုပ်​ချုပ်​ရ​၏။

သိုး​နှင့်​ဆိတ်​တို့​ကို​ဟာ​ဂ​ရ​အ​နွယ်​ဝင်​ယာ​ဇဇ်​က အုပ်​ချုပ်​ရ​၏။

ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ

ဒါ​ဝိဒ်​၏​ဘ​ထွေး​တော်​ယော​န​သန်​သည် တတ် သိ​လိမ္မာ​စွာ​အ​ကြံ​ဉာဏ်​ပေး​တတ်​သူ​ပ​ညာ​ရှင် ဖြစ်​၏။ သူ​နှင့်​ဟ​ခ​မော​နိ​၏​သား​ယေ​ဟေ​လ တို့​သည်​ဘု​ရင့်​သား​တော်​များ​အား​ပ​ညာ​ပို့ ချ​ရေး​ကို​တာ​ဝန်​ယူ​ရ​ကြ​၏။- အ​ဟိ​သော​ဖေ​လ​သည်​ဘု​ရင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ဖြစ်​၍ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​ဘု​ရင် ၏​အ​ဆွေ​တော်​တိုင်​ပင်​ဖော်​တိုင်​ပင်​ဖက်​ဖြစ် သ​တည်း။- အ​ဟိ​သော​ဖေ​လ​သေ​လွန်​ပြီး​နောက်​အ​ဗျာ​သာ နှင့်​ဗေ​နာ​ယ​၏​သား​ယော​ယ​ဒ​တို့​သည်​အ​တိုင် ပင်​ခံ​များ​ဖြစ်​လာ​ကြ​၏။ ယွာ​ဘ​ကား​ဘု​ရင့် တပ်​မ​တော်​၏​ဗိုလ်​ချုပ်​ဖြစ်​သ​တည်း။

Source notes (2)
  1. Cross-reference က၊ ၁၅:၅၊ ၂၂:၁၇၊ ၂၆:၄။
  2. Cross-reference ၂ရာ၊ ၂၄:၁-၁၅။ ၅ရာ၊ ၂၁:၁-၁၄။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.