Common Language Bible
၁ ရာချုပ် 3
ဒါဝိဒ်မင်း၏သားသမီးများ
ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။
ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊
ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊
ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊
ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊
ဧဂလမွေးသောသားဣသရံ။
ဒါဝိဒ်မင်းသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်နှင့် ခြောက်လနန်းစံတော်မူစဉ် ဤသားခြောက် ပါးစလုံးကိုရရှိသတည်း။
သူသည်ယေရုရှလင်မြို့တွင်သုံးဆယ့်သုံး နှစ်နန်းစံတော်မူ၍၊-1 သားများထပ်မံ၍ရရှိလေသည်။
အမျေလ၏သမီးဗာသရှေဘသည်ရှမွာ၊ ရှောဗပ်၊ နာသန်နှင့်ရှောလမုန်ဟူသောသား တော်လေးပါးကိုမွေးဖွား၏။2
ဒါဝိဒ်မင်းတွင်ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်ဟူ၍အခြားသားတော်ကိုး ပါးရှိ၏။- ဤသားများအပြင်မောင်းမတော်များနှင့်ရရှိ သည့်သားများရှိသေးသည်။ သူ့မှာတာမာနာ မည်တွင်သောသမီးတော်တစ်ပါးလည်းရှိ၏။
ရှောလမုန်မင်း၏သားမြေးများ
အဖအမည်နှင့်သားအမည်မျိုးရိုးစဉ်ဆက်မှာ ရှောလမုန်၊ ရောဗောင်၊ အဘိယ၊ အာသံ၊ ယောရှဖတ်၊ ယောရံ၊ အာခဇိ၊ ယောရှ၊ အာမဇိ၊ သြဇိ၊ ယောသံ၊ အာခတ်၊ ဟေဇကိ၊ မနာရှေ၊ အာမုန်၊ ယောရှိတည်း။- ယောရှိတွင်ယောဟာနန်၊ ယောယကိမ်၊ ဇေဒကိ နှင့် ရှလ္လုံဟူ၍သားတော်လေးပါးရှိ၏။- ယောယကိမ်တွင်ယေခေါနိနှင့် ဇေဒကိဟူ သောသားတော်နှစ်ပါးရှိ၏။
ယေခေါနိမင်း၏သားမြေးများ
ဗာဗုလုန်အမျိုးသားတို့ဖမ်းဆီးထိန်းသိမ်း သွားသည့် ယေခေါနိမင်းတွင်သားတော်ခုနစ် ပါးရှိ၏။ ထိုမင်း၏သားများမှာရှာလ သေလ၊- မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတို့ဖြစ်၏။- ပေဒါယတွင်ဇေရုဗဗေလနှင့် ရှိမိဟူသော သားတော်နှစ်ပါးရှိ၏။ ဇေရုဗဗေလတွင် မေရှုလံနှင့်ဟာနနိဟူသောသားတော်နှစ် ပါးနှင့် ရှေလောမိတ်ဟူသောသမီးတော် တစ်ပါးရှိ၏။- ထို့ပြင်ဟရှုဘ၊ သြဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်ဟူ၍အခြားသားတော်ငါး ပါးလည်းရှိ၏။
ဟာနနိတွင်ပေလတိနှင့်ယေရှာယဟူ သောသားတော်နှစ်ပါးရှိ၏။ ယေရှာယ၏ သားသည်ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားကားသြဗဒိ၊ သြဗဒိ၏သားသည်ရှေခနိ3 တည်း။- ရှေခနိတွင်ရှေမာယဟူသောသားတော် တစ်ပါးနှင့် ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်ဟူသောမြေးတော် ခြောက်ပါးရှိ၏။- နာရိတွင်ဧလိသြနဲ၊ ဟေဇကိ၊ အာဇရိကံ ဟူ၍သားတော်သုံးပါးရှိ၏။- ဧလိသြနဲတွင်ဟောဒါယ၊ ဧလျာရှိပ်၊ ပေ လာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ ဟူ၍သားတော်ခုနစ်ပါးရှိသတည်း။
Source notes (3)
- Cross-reference ၂ရာ၊ ၅:၄-၅။ ၃ရာ၊ ၂:၁၁။ ၅ရာ၊ ၂၉:၂၇။
- Cross-reference ၂ရာ၊ ၁၁:၃။
- Footnote 1 * အခန်းငယ် ၂၁ ဟေဗြဲမူတွင်မရှင်းပါ။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.