Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

မဿဲ 16

အံ့ဖွယ်/နိမိတ်/လက္ခဏာ တောင်းဆိုခြင်း

တစ်နေ့/တွင် ဖာရိရှဲ/နှင့် ဇဒ္ဒုကဲတို့/သည် ယေရှု/ကို စမ်းသပ်လို/သဖြင့် ချဉ်းကပ်/၍ ကောင်းကင်/မှ နိမိတ်/လက္ခဏာ/ကို/ပြ/ရန် တောင်းဆိုကြ၏။ ယေရှု/က “သင်တို့/သည် ညနေခင်း/ရောက်/သောအခါ ‘ကောင်းကင်/နီသည်/ဖြစ်၍ မနက်ဖြန်/တွင် ရာသီဥတု/သာယာ/လိမ့်မည်’ ဟု ဆိုတတ်ကြ၏။ မနက်ခင်း/တွင် ‘ကောင်းကင်/နီ/၍ အုံ့မှိုင်းသည်/ဖြစ်၍ ယနေ့ မုန်တိုင်း/ကျ/လိမ့်မည်’ ဟု ဆိုတတ်ကြ၏။ သင်တို့/သည် ကောင်းကင်/ကို ကြည့်/၍ မိုးလေဝသ/အခြေအနေ/ကို ပိုင်းခြား/သိမြင်နိုင်ကြ၏။ သို့သော် အချိန်ကာလများ/၏ နိမိတ်/လက္ခဏာများ/ကိုမူ ပိုင်းခြား/သိမြင်နိုင်ခြင်း/မရှိကြ။ ဆိုးညစ်/၍ ဘုရားသခင်/ကို မယုံကြည်သော/မျိုးဆက်/သည် နိမိတ်/လက္ခဏာ/ကို တောင်းတတ်၏။ သို့သော် ငါ/သည် ပရောဖက်/ယောန/၏/နိမိတ်/လက္ခဏာ/မှလွဲ၍ မည်သည့်/နိမိတ်/လက္ခဏာ/ကိုမျှ ပြမည်/မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှု/သည် သူတို့/ထံမှ ထွက်ခွာ/၍ ကြွတော်မူ၏။

ဖာရိရှဲ/နှင့် ဇဒ္ဒုကဲတို့/၏ တဆေး

ကမ်းတစ်ဖက်/သို့ ရောက်/သောအခါ တပည့်တော်တို့/က မိမိတို့/သည် စားစရာ/ယူလာ/ရန် မေ့လျော့ကြောင်း သတိပြုမိကြ၏။ ယေရှု/က “ဖာရိရှဲ/နှင့် ဇဒ္ဒုကဲတို့/၏ တဆေး/ကို အထူး သတိပြုကြလော့” ဟု မိန့်တော်မူ၏။

သူတို့/က “ငါတို့/၌ စားစရာ/မပါ/သောကြောင့် ဤသို့/မိန့်တော်မူခြင်း/ဖြစ်သည်” ဟု အချင်းချင်း/ပြောဆိုကြ၏။ ထိုသို့/ပြောဆိုကြသည်/ကို ယေရှု/သိတော်မူ/သဖြင့် “ယုံကြည်ခြင်း/အားနည်းသော/သူတို့… သင်တို့/၌ စားစရာ/မပါသည့်/အကြောင်း/ကို အဘယ်ကြောင့်/ပြောဆိုနေကြသနည်း။ သင်တို့/သည် ယခု/တိုင်အောင် နားမလည်နိုင်ကြ/သေးသလော။ မုန့်/ငါးလုံး/ကို ဖဲ့/၍ လူ/ငါးထောင်/အား ငါ/ကျွေးမွေးခဲ့/စဉ် အကျိုးအပဲ့/ဘယ်နှတောင်း ကောက်သိမ်း/ခဲ့ရသည်/ကို သတိမရကြသလော။ သို့မဟုတ် မုန့်/ခုနစ်လုံး/ကို ဖဲ့/၍ လူ/လေးထောင်/အား ကျွေးမွေး/စဉ်/၌လည်း ဘယ်နှတောင်း/ကောက်သိမ်း/ခဲ့ရသည်/ကို သတိမရသလော။ ငါ/သည် စားစရာ/နှင့်/ပတ်သက်/၍ ပြောဆိုနေသည်/မဟုတ်ကြောင်း/ကို အဘယ်ကြောင့် သင်တို့/နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါ/ပြောသည်/မှာ ဖာရိရှဲ/နှင့် ဇဒ္ဒုကဲတို့/၏ တဆေး/ကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။

ထိုအခါ တပည့်တော်တို့/က ယေရှု/သည် မုန့်/တွင်/ထည့်သော/တဆေး/ကို သတိပြု/ရန် ပြောဆိုသည်/မဟုတ်ဘဲ ဖာရိရှဲ/နှင့် ဇဒ္ဒုကဲတို့/၏ မှားယွင်းစေသော/သွန်သင်ချက်/ကို သတိပြု/ရန် ပြောဆိုကြောင်း နားလည်ကြ၏။

ယေရှု/သည် ခရစ်တော်/ဖြစ်ကြောင်း ပေတရု/ဝန်ခံခြင်း

ထို့နောက် ယေရှု/သည် ဆီဇာရီးယား/ဖိလိပ္ပုနယ်/သို့ ရောက်/သောအခါ တပည့်တော်တို့/အား “လူတို့/သည် လူသား1/ကို မည်သူ/ဖြစ်သည်/ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။

တပည့်တော်တို့/က “တချို့/က ကိုယ်တော်/သည် နှစ်ခြင်းဆရာ/ယောဟန်၊ တချို့/က ဧလိယ၊ တချို့/က ယေရမိ၊ သို့မဟုတ် အခြား/ပရောဖက်/တစ်ပါးပါး ဖြစ်သည်/ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။

ထိုအခါ ယေရှု/က “သင်တို့/ကမူ ငါ့/ကို မည်သူ/ဖြစ်သည်/ဟု ဆိုကြသနည်း” ဟု မေးတော်မူ/လျှင် ရှိမုန်/ပေတရု/က “ကိုယ်တော်/သည် အသက်ရှင်တော်မူသည့် ဘုရားသခင်/၏/သားတော်/ဟူသော ခရစ်တော်2/ဖြစ်၏” ဟု လျှောက်လေ၏။

ယေရှု/က “ယောန/၏/သား/ရှိမုန်… သင်/သည်/မင်္ဂလာရှိ၏။ သင်သည် ဤ/အရာ/ကို လူ့/အနေဖြင့်/သိသည်/မဟုတ်။ ကောင်းကင်ဘုံ/၌/ရှိတော်မူသော ငါ/၏ ခမည်းတော်/က ဖော်ပြတော်မူ/၍ သိခြင်း/ဖြစ်၏။ သင့်/အား ငါ/ပြောဆိုသည်/မှာ သင်/သည် ကျောက်/ဟု အဓိပ္ပာယ်ရသော/ပေတရု/ဖြစ်၏။ ဤ/ကျောက်/ပေါ်တွင် ငါ/၏ အသင်းတော်/ကို တည်ဆောက်မည်။ မရဏ/နိုင်ငံ/၏/တံခါးများ/ပင် ထို/အသင်းတော်/ကို အောင်နိုင်/လိမ့်မည်/မဟုတ်။ ကောင်းကင်နိုင်ငံ/၏ သော့များ/ကို သင့်/အား ငါ/ပေးမည်။ ကမ္ဘာလောက/တွင် သင်/တားမြစ်3/သမျှ/သည် ကောင်းကင်ဘုံ/၌လည်း တားမြစ်/ခံရမည်။ ကမ္ဘာလောက/တွင် သင်/ခွင့်ပြု4/သမျှ/သည် ကောင်းကင်ဘုံ/၌လည်း ခွင့်ပြု/ခံရမည်” ဟု မိန့်တော်မူ၏။

ထို့နောက် ယေရှု/က မိမိ/သည် ခရစ်တော်/ဖြစ်ကြောင်း မည်သူ့/ကိုမျှ မပြော/ရန် တပည့်တော်တို့/အား တင်းကျပ်/စွာ မှာကြားတော်မူ၏။

မိမိ/အသေခံတော်မူမည့်/အကြောင်း/ကို ကြိုတင်/ဟောတော်မူခြင်း

ထို/အချိန်/မှစ၍ ယေရှု/က မိမိ/သည် ဂျေရုဆလင်မြို့/သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ/လက်/တွင် ဒုက္ခ/များစွာ ခံရမည်။ အသေသတ်ခြင်း/ကိုလည်း ခံရ/၍ သုံးရက်မြောက်/နေ့/တွင် သေခြင်း/မှ/ထမြောက်တော်မူမည်/ဟူသော/အကြောင်းအရာများ/ကို တပည့်တော်တို့/အား စတင်/ဖော်ပြတော်မူ၏။

ထိုအခါ ပေတရု/သည် ယေရှု/အား သီးခြား/ခေါ်/၍ “သခင်… ထိုသို့/မဖြစ်ပါစေနှင့်။ ဤ/အဖြစ်/သည် သခင့်/ထံ၌ လုံးဝ/မကျရောက်စေရ” ဟု ဆို/ကာ အပြစ်တင်သော/စကား/ကို လျှောက်လေ၏။

သို့သော် ယေရှု/သည် ပေတရု/ထံသို့ မျက်နှာမူ/လျက် “အို စာတန်… ငါ့/အနား/မှ ထွက်သွားလော့။ သင်/သည်/ငါ့/အတွက် ဆူးငြောင့်ခလုတ်/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်/သည် ဘုရားသခင်/၏/ရှုထောင့်/မှ မတွေးဘဲ လူ့/ရှုထောင့်/ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။

ထို့နောက် ယေရှု/က “တစ်စုံတစ်ဦး/သည် ငါ့/တပည့် ဖြစ်လို/ပါက မိမိ/အတ္တ/ကို/စွန့်/၍ မိမိ/လက်ဝါးကပ်တိုင်/ကို ထမ်း/ကာ ငါ့/နောက်သို့ လိုက်ရမည်။ မိမိ/အသက်/ကို ကယ်တင်လိုသော/သူ/သည် အသက်/ဆုံးရှုံး/လိမ့်မည်။ ငါ့/အတွက် အသက်/ဆုံးရှုံးသော/သူ/သည် အသက်/ကို ရ/လိမ့်မည်။ လူ/သည် ကမ္ဘာလောက/တစ်ခုလုံး/ကို ပိုင်ဆိုင်ရ/သော်လည်း မိမိ/အသက်/ကို ဆုံးရှုံး/လျှင် မည်သည့်/အကျိုး ရှိမည်နည်း။ မိမိ/အသက်ဝိညာဉ်/ကို မည်သည့်/အရာ/နှင့် လဲလှယ်/နိုင်မည်နည်း။ လူသား/သည် ခမည်းတော်/၏ ဘုန်းတော်/ကို/ဆောင်/၍ ကောင်းကင်တမန်များ ခြံရံ/လျက် ကြွလာ/လိမ့်မည်။ လူ/အပေါင်းတို့/အား သူတို့/ပြုခဲ့သည့်/အကျင့်/အတိုင်း ဆပ်ပေးတော်မူ/လိမ့်မည်။ ငါ/အမှန်/ဆိုရ/လျှင် လူသား/သည် ဘုရင်/အဖြစ် အုပ်စိုး/ရန်5 ကြွလာသည်/ကို ဤ/နေရာ/၌ ရပ်နေသော/သူတို့/ထဲမှ တချို့/သည် မမြင်ဘဲ သေရမည်/မဟုတ်” ဟု မိန့်တော်မူ၏။

Source notes (5)
  1. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော/ဂုဏ်ပုဒ်/ဖြစ်သည်။
  2. Footnote ဂရိဘာသာ/အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ/အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို/နှစ်ခုလုံး/၏ အဓိပ္ပာယ်/မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။
  3. Footnote မူရင်း/ဂရိကျမ်း/တွင် “ချည်နှောင်” ဟု ဖော်ပြထားသည်။
  4. Footnote မူရင်း/ဂရိကျမ်း/တွင် “ဖြေလွှတ်” ဟု ဖော်ပြထားသည်။
  5. Footnote မူရင်း/ဂရိကျမ်း/တွင် “မိမိ/နိုင်ငံတော်/နှင့်အတူ” ဟု ဖော်ပြထားသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.