Biblica® Open Burmese Contemporary Bible
မဿဲ 17
အဆင်းသဏ္ဌာန်တော်/ပြောင်းလဲခြင်း
ခြောက်ရက် ကြာ/သော် ယေရှု/သည် ပေတရု၊ ယာကုပ်/နှင့် ယာကုပ်/၏/ညီ ယောဟန်/တို့/ကို မြင့်မားသော/တောင် တစ်တောင်/ပေါ်သို့ သီးခြား/ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့/ရှေ့တွင် ယေရှု/၏ အဆင်းသဏ္ဌာန်တော်/ပြောင်းလဲလေ၏။ မျက်နှာတော်/သည် နေ/ကဲ့သို့/ထွန်းလင်း/ပြီး အဝတ်တော်တို့/သည် အလင်း/ကဲ့သို့ ဖြူ/လာ၏။ မောရှေ/နှင့် ဧလိယ/တို့/သည် ပေါ်လာ/၍ ကိုယ်တော်/နှင့် စကားပြောနေကြ၏။
ထိုအခါ ပေတရု/က “သခင်… ဤ/နေရာ/တွင် အကျွန်ုပ်တို့/ရှိနေသည်/မှာ ကောင်းပေ၏။ သခင် အလိုရှိ/ပါက သခင့်/အတွက် တဲ/တစ်ဆောင်၊ မောရှေ/အတွက် တစ်ဆောင်၊ ဧလိယ/အတွက် တစ်ဆောင်၊ တဲ/သုံးဆောင်/ကို အကျွန်ုပ်/ဆောက်ပါမည်” ဟု လျှောက်လေ၏။
ထိုသို့ လျှောက်/နေစဉ် တောက်ပသော/မိုးတိမ်/သည် သူတို့/အပေါ်သို့ လွှမ်းမိုး/၍ မိုးတိမ်/ထဲက “ဤ/သူ/သည် ငါ/နှစ်သက်မြတ်နိုးသည့် ငါ/၏ ချစ်သား/ဖြစ်၏။ သူ/၏/စကား/ကို နားထောင်ကြလော့” ဟူသော အသံတော်/ထွက်ပေါ်လာ၏။ တပည့်တော်တို့/သည် ထို/အသံတော်/ကို ကြား/သောအခါ အလွန်အမင်း/ကြောက်ရွံ့/၍ မြေ/ပေါ်တွင် ပျပ်ဝပ်ကြ၏။
ထိုအခါ ယေရှု/သည် ကြွလာတော်မူ/၍ သူတို့/အား လက်တော်/နှင့်/တို့ထိ/ကာ “ထကြ။ မကြောက်ကြနှင့်” ဟု မိန့်တော်မူ၏။ သူတို့/သည် မော့ကြည့်/သောအခါ ယေရှု/မှလွဲ၍ မည်သူ့/ကိုမျှ မမြင်ကြတော့ပေ။
တောင်ပေါ်/မှ ဆင်းလာကြ/စဉ် ယေရှု/က “လူသား1/သည် သေခြင်း/မှ မထမြောက်/မီ/အထိ သင်တို့/မြင်တွေ့ခဲ့ရသော ရူပါရုံ/ကို မည်သူ့/ကိုမျှ မပြောကြနှင့်” ဟု သူတို့/အား မှာကြားတော်မူ၏။
ထိုအခါ တပည့်တော်တို့/က “ဧလိယ/သည် ခရစ်တော်2/ထက် စော/၍ ကြွလာမည်/ဟူ၍ ကျမ်းတတ်ဆရာများ/က အဘယ်ကြောင့်/ပြောဆိုကြသနည်း” ဟု ယေရှု/အား မေးလျှောက်ကြ၏။
ယေရှု/က “ဧလိယ/သည် အမှန်တကယ်/လာ/၍ အရာအားလုံး/ကို ပြန်လည်/တည်ထောင်/လိမ့်မည်။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ ဧလိယ/သည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့/သည် သူ့/ကို မသိကြဘဲ သူ့/အပေါ် ပြုလို/သမျှ/ပြုခဲ့ကြ၏။ ထိုနည်းတူ လူသား/သည်လည်း သူတို့/လက်အောက်/တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့/သည် ယေရှု/မိန့်တော်မူသော ဧလိယ/ဆိုသည်မှာ နှစ်ခြင်းဆရာ/ယောဟန်/ကို ရည်ညွှန်း/ကြောင်း သဘောပေါက်ကြ၏။
နတ်ဆိုးပူးသော သူငယ်/တစ်ဦး/ကို ကျန်းမာစေတော်မူခြင်း
ယေရှု/နှင့် တပည့်တော်တို့/သည် လူထုပရိသတ်/ရှိရာ/သို့/ရောက်ကြ/သောအခါ လူ/တစ်ဦး/သည် ကိုယ်တော်/ထံသို့/ချဉ်းကပ်/၍ ဒူးထောက်/လျက် “သခင်… အကျွန်ုပ်/၏/သား/ကို သနားတော်မူပါ။ သူ/သည် ဝက်ရူးပြန်ရောဂါ/စွဲကပ်/၍ ဝေဒနာ/ပြင်းထန်/စွာ ခံစားနေရပါ၏။ မီး/ထဲသို့/လည်းကောင်း၊ ရေ/ထဲသို့/လည်းကောင်း မကြာခဏ/ကျတတ်ပါ၏။ သူ့/ကို ကိုယ်တော်/၏/တပည့်တော်များ/ထံ ခေါ်ဆောင်လာခဲ့/သော်လည်း သူတို့/သည် မကျန်းမာစေနိုင်ကြပါ” ဟု လျှောက်၏။
ယေရှု/က “အို ယုံကြည်ခြင်း/မဲ့/၍ ဖောက်ပြန်သော/အမျိုး… ငါ/သည် သင်တို့/နှင့် မည်မျှ/ကြာကြာ အတူ/နေရမည်နည်း။ ငါ/သည် သင်တို့/ကို မည်မျှ/ကြာကြာ သည်းခံရမည်နည်း။ သူငယ်/ကို ငါ့/ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှု/သည် နတ်ဆိုး/ကို ဆုံးမ/သဖြင့် နတ်ဆိုး/သည် သူငယ်/အထဲမှ ထွက်သွား၏။ ထို/ခဏချင်း/တွင် သူငယ်/သည် ကျန်းမာလာ၏။
ထိုအခါ တပည့်တော်တို့/သည် ယေရှု/ထံတော်သို့ သီးခြား/ချဉ်းကပ်/၍ “အကျွန်ုပ်တို့/သည် ထို/နတ်ဆိုး/ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
ယေရှု/က “သင်တို့/၏ ယုံကြည်ခြင်း/သည် အားနည်း/သောကြောင့်/ဖြစ်၏။ သင်တို့/အား ငါ/အမှန်/ဆို၏။ သင်တို့/တွင် မုန်ညင်းစေ့/ခန့်မျှသော ယုံကြည်ခြင်း/ရှိ/ပါက ဤ/တောင်/ကို ‘ဤ/နေရာ/မှ ထို/နေရာ/သို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့/လိမ့်မည်။ ယုံကြည်ခြင်း/ရှိ/ပါက သင်တို့/မတတ်နိုင်သော/အရာ/မရှိ။ သို့သော် ဆုတောင်းခြင်း/နှင့် အစာရှောင်ခြင်း/အားဖြင့်/သာလျှင် ဤ/နတ်ဆိုးမျိုး/ကို နှင်ထုတ်နိုင်သည်3” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်/အကြောင်း/ကို ထပ်မံ၍ ကြိုတင်/ဟောတော်မူခြင်း
ယေရှု/နှင့် တပည့်တော်တို့/သည် ဂါလိလဲပြည်/တွင် အတူ/စုဝေးနေကြ/စဉ် ယေရှု/က “လူသား/သည် လူတို့/လက်/သို့ အပ်နှံခံရ/လိမ့်မည်။ သူတို့/သည် လူသား/ကို သတ်ကြ/လိမ့်မည်။ သို့သော် သုံးရက်မြောက်သော/နေ့/တွင် သူ/သည် သေခြင်း/မှ ထမြောက်/လိမ့်မည်” ဟု တပည့်တော်တို့/အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့/သည် အလွန်/ဝမ်းနည်းကြ၏။
ဗိမာန်တော်ခွန်/ပေးဆောင်ခြင်း
ထို့နောက် ကပေရနောင်မြို့/သို့ ရောက်ကြ/သောအခါ ဗိမာန်တော်/အတွက်/အခွန်4/ကောက်ခံသူတို့/က ပေတရု/ထံသို့ လာ/၍ “သင်တို့/၏ ဆရာ/သည် ဗိမာန်တော်ခွန်/ပေးဆောင်သလော” ဟု မေးမြန်းကြ၏။
ပေတရု/က “ပေးဆောင်ပါသည်” ဟု ဖြေ/ကာ အိမ်/သို့/ဝင်လေ၏။ ထိုအခါ ပေတရု/မလျှောက်/မီ ယေရှု/က ကြိုတင်/၍ “ပေတရု5… ဤ/အကြောင်း/ကို သင်/မည်သို့/ထင်သနည်း။ လောကီ/ရှင်ဘုရင်တို့/သည် အခွန်အကောက်များ/ကို မည်သူ့/ထံမှ ကောက်ခံကြသနည်း။ မိမိတို့/၏/နိုင်ငံသား/ထံမှလော၊ သို့မဟုတ် အခြားသူများ/ထံမှလော” ဟု မေးတော်မူ၏။
ပေတရု/က “အခြားသူများ/ထံမှ ကောက်ခံပါသည်” ဟု လျှောက်/သော် ယေရှု/က “ထိုသို့/ဆိုလျှင် နိုင်ငံသားတို့/သည် ကင်းလွတ်ခွင့်/ရကြ၏။ သို့သော်လည်း သူတို့/စိတ်/အနှောင့်အယှက်/မဖြစ်/စေရန် အိုင်/သို့ သွား/၍ ငါးမျှားလော့။ အဦးဆုံး/ရသော/ငါး/ကို ယူ/၍ ပါးစပ်/ကို ဖွင့်/လျှင် ငွေဒင်္ဂါး/တစ်ပြား6/ကို တွေ့/လိမ့်မည်။ ထို/ငွေ/ကို/ယူ/၍ ငါ/နှင့် သင့်/အတွက် အခွန်/ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
Source notes (6)
- Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော/ဂုဏ်ပုဒ်/ဖြစ်သည်။
- Footnote ဂရိဘာသာ/အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ/အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို/နှစ်ခုလုံး/၏ အဓိပ္ပာယ်/မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။
- Footnote အချို့/လက်ရေးမူကျမ်းများ/တွင် ဤ/အပိုဒ်ငယ်/မပါဝင်ပါ။
- Footnote မူရင်း/ဂရိကျမ်း/တွင် “ဒရက်မာ/နှစ်ပြား” ဟု ဖော်ပြထားသည်။ တစ်/ဒရက်မာ/သည် တစ်နေ့တာ/လုပ်အားခ/နှင့်/ညီမျှသည်။
- Footnote မူရင်း/ဂရိကျမ်း/တွင် “ရှိမုန်” ဟု ဖော်ပြထားသည်။
- Footnote မူရင်း/ဂရိကျမ်း/တွင် ဂရိနိုင်ငံသုံး “ငွေကြေး စတာတဲ” ဟု ပါရှိသည်။ ၎င်း/သည် ဒရက်မာ/လေးပြား/၏/တန်ဖိုး/နှင့် ညီမျှသည်။ တစ်/ဒရက်မာ/သည် တစ်နေ့တာ/လုပ်အားခ/နှင့်/ညီမျှသည်။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.