Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

မဿဲ 15

အတွင်းစိတ် စင်ကြယ်ခြင်း/အကြောင်း သွန်သင်တော်မူခြင်း

ထိုအခါ ဂျေရုဆလင်မြို့/မှ ဖာရိရှဲ/နှင့် ကျမ်းတတ်ဆရာ/တချို့/သည် ယေရှု/ထံတော်သို့ လာ/၍ “သင်/၏/တပည့်တို့/သည် ရှေးလူကြီးများ/၏ ဓလေ့ထုံးတမ်း/ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့/သည် အစာ/မစား/မီ ဂျူးဓလေ့ထုံးတမ်း/အရ/လက်ဆေးခြင်း/အစဉ်အလာ/ကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။

ယေရှု/က “သင်တို့/သည်လည်း သင်တို့/၏ ဓလေ့ထုံးတမ်း/အတွက် ဘုရားသခင်/၏ ပညတ်တော်/ကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ ဘုရားသခင်/က ‘မိဘ/ကို ရိုသေလော့။1 မိဘ/ကို ကျိန်ဆဲသော/သူ/သည် အမှန်/သေရမည်’2 ဟု မိန့်တော်မူ၏။ သို့ရာတွင် သင်တို့/ကမူ ‘မိဘ/အား ထောက်ပံ့/ရန် ပစ္စည်း/ရှိ/သော်လည်း ထို/ပစ္စည်း/ကို ဘုရားသခင်/အား လှူဒါန်းပြီး/ဖြစ်/ပါက သူတို့/ကို ထောက်ပံ့/ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ ဤ/နည်း/ဖြင့် သင်တို့/သည် မိဘ/ကို ရိုသေ/ရန် မလိုအပ်ကြောင်း လူတို့/အား သွန်သင်ကြ၏။ သင်တို့/သည် သင်တို့/၏/ဓလေ့ထုံးတမ်း/အတွက် ဘုရားသခင်/၏/ပညတ်တော်/ကို ချိုးဖောက်ကြ၏။ သူတော်ကောင်း/ယောင်ဆောင်သူတို့… သင်တို့/အကြောင်း/ကို ဟေရှာယ/က

‘ဤ/သူတို့/သည် ငါ့/ကို နှုတ်/ဖြင့် ရိုသေကြ၏။

သို့သော် သူတို့/၏ စိတ်နှလုံး/မှာမူ ငါ/နှင့် ဝေးကွာလှ၏။

သူတို့/သည် လူ့/စည်းမျဉ်းတို့/ကို ဘုရားသခင်/ထံမှ/လာသော သွန်သင်ချက်များ/အဖြစ် သွန်သင်ကြ၏။

သို့ဖြစ်၍ ငါ့/ကို သူတို့/ကိုးကွယ်ကြသည်/မှာ အချည်းနှီး/ဖြစ်၏’3

ဟူ၍ ကြိုတင်ဟောသည်/မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။

ထို့နောက် ယေရှု/သည် လူထု/ပရိသတ်/ကို ခေါ်/၍ “ငါ့/စကား/ကို သင်တို့/နားထောင်/၍ နားလည်/ရန်/ကြိုးစားကြလော့။ ခံတွင်း/သို့ ဝင်သော/အရာ/သည် လူ/ကို ညစ်ညမ်းစေသည်/မဟုတ်ပါ။ သို့သော် ခံတွင်း/မှ ထွက်လာသော/အရာ/သည်သာ လူ/ကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။

ထိုအခါ တပည့်တော်တို့/သည် ချဉ်းကပ်/၍ “ကိုယ်တော်/မိန့်တော်မူသော/စကား/ကို ကြား/သောအခါ ဖာရိရှဲတို့/သည် မကျေမနပ်/ဖြစ်ကြသည်/ကို သိတော်မူသလော” ဟု လျှောက်ကြ၏။

ယေရှု/က “ကောင်းကင်ဘုံရှင် ငါ/၏/ခမည်းတော် မစိုက်ပျိုးသော/အပင်/ရှိသမျှတို့/သည် အမြစ်/မှ/နုတ်ယူခြင်း/ခံရ/လိမ့်မည်။ သူတို့/ဘာသာ ရှိပါစေ။ ထို/သူတို့/သည် မျက်မမြင်တို့/ကို လမ်းပြသော/မျက်မမြင်များ/ဖြစ်ကြ၏။ မျက်မမြင်/တစ်ဦး/သည် အခြား/မျက်မမြင်/တစ်ဦး/ကို လမ်းပြ/ပါက နှစ်ဦးလုံး တွင်း/ထဲသို့/ကျ/လိမ့်မည်” ဟု မိန့်တော်မူ၏။

ထိုအခါ ပေတရု/က “ခံတွင်း/သို့ ဝင်သော/အရာ/သည် လူ/ကို ညစ်ညမ်းစေသည်/မဟုတ်ပါ/ဟူသည့် ပုံဥပမာ/စကား/ကို အကျွန်ုပ်တို့/အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။

ထိုအခါ ယေရှု/က “သင်တို့/သည်လည်း နားမလည်ဘဲ ရှိနေကြ/သေးသလော။ ခံတွင်း/သို့ ဝင်/သမျှသော/အရာ/သည် ဝမ်း/ထဲသို့/ရောက်/၍ ရေအိမ်/သို့/စွန့်ရသည်/ကို နားမလည်သလော။ သို့သော် ခံတွင်း/မှ ထွက်သော/စကား/သည် စိတ်နှလုံး/မှ ထွက်လာ/သဖြင့် လူ/ကို ညစ်ညမ်းစေ၏။ ဆိုးညစ်သော/ကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါး/သားမယား/ကို/ပြစ်မှားခြင်း၊ တရား/နှင့်/မညီသော မေထုန်/ကို/ပြုခြင်း၊ ခိုးခြင်း၊ မမှန်သော/သက်သေ/ထွက်ဆိုခြင်း၊ စော်ကား/ပြောဆိုခြင်း စသည်တို့/သည် စိတ်နှလုံး/မှ ထွက်လာ၏။ ဤ/အရာများ/သည်သာ လူ/ကို/ညစ်ညမ်းစေ၏။ လက်/မဆေးဘဲ/အစာစားခြင်း/သည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။

လူမျိုးခြား/အမျိုးသမီး/တစ်ဦး/၏ ယုံကြည်ခြင်း

ယေရှု/သည် ဂါလိလဲပြည်/မှ ထွက်ခွာ/၍ တိုင်ရာမြို့/နှင့် ဆီဒုန်မြို့/တို့/၏ အရပ်ဒေသများ/သို့ ကြွတော်မူ၏။ ထိုအခါ ထို/ဒေသ/တွင်/နေထိုင်သော လူမျိုးခြား/အမျိုးသမီး/တစ်ဦး/သည်4 အထံတော်သို့/လာ/၍ “အို သခင်… ဒါဝိဒ်မင်း/၏/သားတော်… ကျွန်မ/ကို သနားတော်မူပါ။ ကျွန်မ/၏/သမီး/သည် နတ်ဆိုးပူး/သဖြင့် နတ်ဆိုး/နှိပ်စက်ခြင်း/ကို ခံနေရပါသည်” ဟု အော်ဟစ်/၍ လျှောက်လေ၏။

သို့သော်လည်း ယေရှု/သည် သူ့/အား စကား/တစ်ခွန်း/မျှ တုံ့ပြန်တော်/မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့/သည် ယေရှု/ထံတော်သို့/ချဉ်းကပ်/၍ “ဤ/အမျိုးသမီး/အား ပြန်စေတော်မူပါ။ သူ/သည် အကျွန်ုပ်တို့/နောက်/မှ လိုက်/ကာ အော်ဟစ်/၍ အနှောင့်အယှက်/ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။

ထိုအခါ ယေရှု/က ထို/အမျိုးသမီး/အား “ငါ/သည် ဘုရားသခင်/၏ ပျောက်သော/သိုးများ/ဖြစ်သည့် အစ္စရေးလူမျိုး/ထံသို့/သာ စေလွှတ်ခြင်း/ခံရသည်” ဟု မိန့်တော်မူ၏။

သို့သော် ထို/အမျိုးသမီး/သည် ရှေ့တော်မှောက်/သို့/ချဉ်းကပ်/၍ ဝပ်တွားခယ/လျက် “သခင်… ကျွန်မ/ကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။

ယေရှု/က “သားသမီးတို့/၏ မုန့်/ကို/ယူ/၍ ခွေးများ/အား ချ/မကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။

အမျိုးသမီး/က “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများ/ပင်လျှင် သူတို့/သခင်/၏/စားပွဲ/မှ ကျသော/စားကြွင်းစားကျန်/ကို စားခွင့်/ရပါသည်” ဟု လျှောက်လေ၏။

ထိုအခါ ယေရှု/က “အို အမျိုးသမီး… သင်/သည် ယုံကြည်ခြင်း/အားကြီးလှ၏။ သင့်/ဆန္ဒ/ရှိသည့်/အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထို/အချိန်/တွင်ပင် ထို/အမျိုးသမီး/၏ သမီး/သည် ကျန်းမာလာလေ၏။

လူ/များစွာ/ကို ကျန်းမာစေတော်မူခြင်း

ယေရှု/သည် ထို/ဒေသ/မှ ထွက်ခွာတော်မူ/ပြီးလျှင် ဂါလိလဲအိုင်/နား/သို့ ရောက်/သော် တောင်ပေါ်/သို့/တက်/၍ ထိုင်တော်မူ၏။ လူထုကြီး/သည် ကိုယ်တော်/ထံသို့/လာ/၍ ခြေမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါ/ချို့တဲ့သူများ၊ ဆွံ့အသူများ/နှင့် အခြား/မကျန်းမာသူ/များစွာ/ကို ခေါ်ဆောင်လာ/ကာ ခြေတော်ရင်း/တွင် ထားကြ၏။ ယေရှု/သည်လည်း သူတို့/အား ကျန်းမာစေတော်မူ၏။ လူထုကြီး/သည် ဆွံ့အသူများ စကားပြောကြသည်/ကို/လည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်း/ဖြစ်လာကြသည်/ကို/လည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်/နိုင်သွားကြသည်/ကို/လည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်/ကို/လည်းကောင်း မြင်တွေ့/သောအခါ အံ့အားသင့်/၍ အစ္စရေးလူမျိုး/၏/ဘုရားသခင်/ကို ချီးမွမ်းကြ၏။

လူ/လေးထောင်/ကို ကျွေးမွေးတော်မူခြင်း

ထိုအခါ ယေရှု/သည် တပည့်တော်တို့/ကို ခေါ်/၍ “ဤ/လူတို့/ကို ငါ/သနား၏။ သူတို့/သည် သုံးရက်/တိုင်တိုင် ငါ/နှင့်အတူ ရှိကြပြီ။ သူတို့/ထံ၌ မည်သည့်/စားစရာ/မျှ မရှိ။ လမ်း/တွင် အားပြတ်မည်/ကို/စိုးရိမ်ရ/သောကြောင့် သူတို့/ကို စားစရာ/မကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။

တပည့်တော်တို့/က “ဤမျှလောက်/များသော/လူတို့/အား ဝလင်/စွာ/ကျွေးမွေး/ရန် စားစရာ/ကို ဤ/တောကန္တာရ/တွင် မည်သို့/ရနိုင်မည်နည်း” ဟု လျှောက်ကြ၏။

ယေရှု/က “သင်တို့/တွင် မုန့်/မည်မျှ/ရှိသနည်း” ဟု မေးတော်မူ/သော် “မုန့်/ခုနစ်လုံး/နှင့် ငါးကလေး/အနည်းငယ်/ရှိပါသည်” ဟု လျှောက်ကြ၏။

ထိုအခါ ယေရှု/က လူထု/ပရိသတ်တို့/အား မြေ/ပေါ်တွင် ထိုင်/ရန် ညွှန်ကြားတော်မူ၏။ ထို့နောက် မုန့်/ခုနစ်လုံး/နှင့် ငါးများ/ကို ယူ/လျက် ကျေးဇူးတော်/ချီးမွမ်း/ပြီးလျှင် ချိုးဖဲ့/၍ တပည့်တော်တို့/အား ပေးတော်မူ၏။ တပည့်တော်တို့/သည်လည်း လူထု/ပရိသတ်တို့/အား ပေးဝေကြ၏။

လူတိုင်း ဝလင်/စွာ စားကြ/ပြီးနောက် ကြွင်းကျန်သည့် အကျိုးအပဲ့များ/ကို တောင်း/ထဲသို့ ကောက်သိမ်း/ရာ ခုနစ်တောင်း/အပြည့်/ရကြ၏။ စားကြသော/သူ/အရေအတွက်/မှာ အမျိုးသမီးများ/နှင့် ကလေးများ/ကို မရေတွက်ဘဲ အမျိုးသား/လေးထောင်/ရှိ၏။ ထို့နောက် ယေရှု/သည် လူထု/ကို ပြန်စေတော်မူ/ပြီးနောက် လှေစီး/ကာ မာဂဒါလနယ်/သို့ ကြွတော်မူလေ၏။

Source notes (4)
  1. Footnote ထွ ၂၀:၁၂၊ တရား ၅:၁၆။
  2. Footnote ထွ ၂၁:၁၇၊ ဝတ် ၂၀:၉။
  3. Footnote ဟေရှာ ၂၉:၁၃။
  4. Footnote မူရင်း/ဂရိကျမ်း/တွင် “ခါနာန်/အမျိုးသမီး” ဟု ဖော်ပြထားသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.