Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

မဿဲ 14

နှစ်ခြင်းဆရာ/ယောဟန် ကွယ်လွန်ခြင်း

ထို/အချိန်/တွင် နယ်စား/အန္တိပ/ဟေရုဒ်1/သည် ယေရှု/အကြောင်း/ကို ကြား/သော် သူ/၏ အကြံပေးပုဂ္ဂိုလ်တို့/အား “ဤ/သူ/သည် နှစ်ခြင်းဆရာ/ယောဟန်/ဖြစ်၏။ သူ/သည် သေရာ/မှ/ပြန်ရှင်ပြီ။ ထို့ကြောင့် သူ/သည် ထို/အံ့ဖွယ်တန်ခိုးများ/ကို ပြနိုင်ခြင်း/ဖြစ်သည်” ဟု ဆိုလေ၏။

ယခင်/က ဟေရုဒ်မင်း/သည် ညီဖြစ်သူ ဖိလိပ္ပု/၏/ဇနီး/ဟေရောဒိ/ကို သိမ်းယူ/သောကြောင့် ယောဟန်/က “ဟေရောဒိ/ကို အရှင်မင်းကြီး/သိမ်းယူခြင်း/သည် ဘုရားသခင်/၏ ပညတ်တော်/နှင့်/မညီ” ဟူ၍ ဖော်ပြ/ဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်း/သည် ယောဟန်/ကို/ဖမ်းဆီးချုပ်နှောင်/၍ ထောင်/ထဲသို့ ထည့်ထားခဲ့၏။ ဟေရုဒ်မင်း/သည် ယောဟန်/ကို သတ်/လို/သော်လည်း ဆူပူအုံကြွမည်/ကို ကြောက်ရွံ့/သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထု/သည် ယောဟန်/အား ပရောဖက်/တစ်ပါး/အဖြစ် သတ်မှတ်ထား/သောကြောင့် ဖြစ်၏။

ထို့နောက် ဟေရုဒ်မင်း/၏ မွေးနေ့ပွဲ/တွင် ဟေရောဒိ/၏ သမီး/သည် ဧည့်သည်တော်များ/ရှေ့/၌ ကပြဖျော်ဖြေ/ရာ ဟေရုဒ်မင်း/သည် အလွန်/နှစ်သက်လေ၏။ ထို့ကြောင့် ဟေရုဒ်မင်း/သည် ထို/မိန်းကလေး/တောင်းသမျှ/ကို ပေး/ရန် သစ္စာဆို/၍ ကတိပေးလေ၏။ ထို/မိန်းကလေး/သည်လည်း မိခင်/၏/တိုက်တွန်းချက်/ဖြင့် “နှစ်ခြင်းဆရာ/ယောဟန်/၏ ဦးခေါင်း/ကို လင်ပန်း/တွင်/တင်/၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။ ထိုအခါ ဟေရုဒ်မင်း/သည် မိမိ/ပြောခဲ့သည့်/စကား/အတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ/ရှေ့တွင် မိမိ/ပေးခဲ့သည့် ကတိ/ကို ထောက်ရှု/၍ တောင်းဆိုသည့်/အတိုင်း ပေး/စေရန် အမိန့်ချလေ၏။ ထိုသို့ဖြင့် လူလွှတ်/ကာ ယောဟန်/၏/ဦးခေါင်း/ကို ထောင်/ထဲတွင် ဖြတ်စေ၏။ ထို့နောက် ဦးခေါင်း/ကို လင်ပန်း/ဖြင့် ယူဆောင်လာ/၍ မိန်းကလေး/အား ပေးစေ၏။ မိန်းကလေး/သည်လည်း ထို/ဦးခေါင်း/ကို မိခင်/ထံသို့ ယူဆောင်သွားလေ၏။ ယောဟန်/၏ တပည့်တို့/သည် လာ/၍ အလောင်း/ကို ယူ/ကာ သင်္ဂြိုဟ်ကြ၏။ ထို့နောက် သူတို့/သည် ယေရှု/ထံသို့ သွား/၍ ဖြစ်ပျက်/သမျှ/ကို လျှောက်ကြ၏။

လူ/ငါးထောင်/ကို ကျွေးမွေးတော်မူခြင်း

ယေရှု/သည် ထို/သတင်း/ကို ကြား/သောအခါ ထို/နေရာ/မှ ထွက်ခွာ/၍ လှေ/ကို စီး/လျက် ဆိတ်ငြိမ်သော/အရပ်/သို့ ကြွတော်မူ၏။ သို့သော် လူထု/ပရိသတ်တို့/သည် ယေရှု/ကြွတော်မူကြောင်း/ကို ကြားသိ/သဖြင့် မြို့ရွာများ/မှ/ထွက်/၍ ကုန်းကြောင်း/ဖြင့် လိုက်ကြ၏။ ယေရှု/သည် လှေ/ပေါ်မှ/ဆင်း/သောအခါ လူအုပ်ကြီး/ကို တွေ့မြင်တော်မူ/လျှင် သနားစိတ်/ရှိတော်မူ/သဖြင့် ဖျားနာသူများ/ကို ကျန်းမာစေတော်မူ၏။

ညနေခင်း/ရောက်/သောအခါ တပည့်တော်တို့/သည် အထံတော်သို့/ချဉ်းကပ်/၍ “ဤ/နေရာ/သည် လူသူကင်းဝေးသော/အရပ်/ဖြစ်ပြီး မိုး/လည်း/ချုပ်ပါတော့မည်။ လူတို့/သည် မြို့ရွာများ/သို့ သွား/၍ စားစရာများ/ဝယ်ယူ/နိုင်ရန် သူတို့/အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။

သို့သော်/ယေရှု/က “ထို/သူတို့ သွား/ရန် မလိုပါ။ ထို/သူတို့/အတွက် စားစရာ/ကို သင်တို့/ပေးကြလော့” ဟု မိန့်တော်မူ၏။

တပည့်တော်တို့/က “အကျွန်ုပ်တို့/တွင် မုန့်/ငါးလုံး/နှင့် ငါး/နှစ်ကောင်/သာ ရှိပါသည်” ဟု လျှောက်ကြ၏။

ယေရှု/က “ထို/မုန့်/ငါးလုံး/နှင့် ငါး/နှစ်ကောင်/ကို ငါ့/ထံသို့ ယူခဲ့ကြ” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှု/သည် လူထု/ပရိသတ်တို့/ကို မြက်ခင်း/ပေါ်တွင် ထိုင်စေတော်မူ၏။ မုန့်/ငါးလုံး/နှင့် ငါး/နှစ်ကောင်/ကိုလည်း ယူ/လျက် ကောင်းကင်/သို့/မျှော်ကြည့်/ကာ ကျေးဇူးတော်/ကို/ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်/ကို/ချိုးဖဲ့/၍ တပည့်တော်တို့/အား ပေးတော်မူ/လျှင် တပည့်တော်တို့/သည်လည်း လူထု/ပရိသတ်တို့/အား ပေးဝေကြ၏။ ပရိသတ်/အားလုံး ဝလင်/စွာ စားကြ/ပြီးနောက် တပည့်တော်တို့/သည် ကြွင်းကျန်သော/အကျိုးအပဲ့များ/ကို တောင်း/ထဲသို့ ကောက်သိမ်း/ရာ ဆယ့်နှစ်တောင်း/အပြည့် ရကြ၏။ စားကြသော/သူ/အရေအတွက်/မှာ အမျိုးသမီးများ/နှင့် ကလေးများ/ကို မရေတွက်ဘဲ အမျိုးသား/ငါးထောင်/ခန့် ရှိကြ၏။

ရေ/ပေါ်တွင် လမ်းလျှောက်တော်မူခြင်း

ထို့နောက် ယေရှု/သည် တပည့်တော်တို့/ကို လှေ/ပေါ်သို့ ချက်ချင်း/တက်စေ/၍ ကမ်းတစ်ဖက်/သို့ သွားနှင့်/စေတော်မူ၏။ တစ်ချိန်တည်း/တွင် လူထု/ပရိသတ်တို့/ကိုလည်း ပြန်လွှတ်တော်မူ၏။ ကိုယ်တော်/သည် လူထုတို့/ကို ပြန်လွှတ်တော်မူ/ပြီးနောက် ဆုတောင်း/ရန် တောင်/ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်/ရောက်သော် ထို/နေရာ/၌ မိမိ/တစ်ကိုယ်တည်း/ရှိတော်မူ၏။

ထို/အချိန်/တွင် လေ/သည် ဆန့်ကျင်ဘက်/တိုက်/သောကြောင့် တပည့်တော်တို့/၏ လှေ/မှာ လှိုင်းပုတ်ခြင်း/ခံရ/ပြီး ကမ်း/နှင့်/အလွန်/ဝေးကွာသွား၏။ နံနက်/သုံးနာရီ2/အချိန်/ခန့်/တွင် ယေရှု/သည် ရေ/ပေါ်တွင် လမ်းလျှောက်တော်မူ/လျက် တပည့်တော်များ/ထံသို့ ကြွတော်မူ၏။ ထိုသို့ ရေ/ပေါ်တွင် ယေရှု/လမ်းလျှောက်တော်မူသည်/ကို တပည့်တော်တို့/မြင်/သောအခါ ထိတ်လန့်/၍ “တစ္ဆေ” ဟု ကြောက်စိတ်/ဖြင့် အော်ဟစ်ကြ၏။

သို့သော် ယေရှု/က “မစိုးရိမ်နှင့်။ ငါ/ပင်/ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့/အား ချက်ချင်း/မိန့်တော်မူ၏။

ထိုအခါ ပေတရု/က “သခင်… ကိုယ်တော်/ဖြစ်/ပါက အကျွန်ုပ်/ကို သခင့်/ထံတော်သို့ ရေ/ပေါ်မှ လာ/ရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်၏။

ယေရှု/က “လာခဲ့လော့” ဟု မိန့်တော်မူ/သော် ပေတရု/သည် လှေ/ပေါ်မှ/ဆင်း/၍ ရေ/ပေါ်သို့/လျှောက်/ကာ ယေရှု/ထံသို့ လှမ်းသွားလေ၏။ သို့သော် လေပြင်းသည်/ကို မြင်/သောအခါ ကြောက်လန့်/၍ ရေနစ်/စပြု/သဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။

ယေရှု/က ချက်ချင်း/ပင် လက်တော်/ကို/ဆန့်/၍ ပေတရု/အား ဖမ်းဆုပ်/လျက် “ယုံကြည်ခြင်း/အားနည်းသော/သူ… အဘယ်ကြောင့် သံသယစိတ်/ဝင်သနည်း” ဟု မိန့်တော်မူ၏။

ထို့နောက် သူတို့/သည် လှေ/ပေါ်သို့ တက်ကြ/သောအခါ လေ/ငြိမ်သွားလေ၏။ လှေ/ထဲတွင် ရှိနေသူများ/က “ကိုယ်တော်/သည် အမှန်ပင် ဘုရား/သားတော်/ဖြစ်၏” ဟု ဆို/ကာ ဝပ်တွားခယ/လျက် ရှိခိုးကြ၏။

ထို့နောက် သူတို့/သည် တစ်ဖက်ကမ်း/သို့ ကူး/၍ ဂင်နေသရက်နယ်/သို့ ရောက်ကြ၏။ ထို/အရပ်/၌/ရှိသော လူတို့/သည် ယေရှု/ကို မှတ်မိကြ/သောအခါ ထို/နယ်/တစ်ခွင်လုံး/သို့ သတင်းလွှင့်/၍ ဖျားနာသူများ/ကို ကိုယ်တော်/ထံသို့ ခေါ်ဆောင်လာကြ၏။ ထို/သူတို့/သည် ဝတ်ရုံတော်/၏ အမြိတ်/ကို/မျှ တို့ထိခွင့်/ရ/ရန် တောင်းပန်ကြ၏။ တို့ထိသော/သူ/တိုင်း/လည်း ကျန်းမာလာကြ၏။

Source notes (2)
  1. Footnote နယ်စား/အန္တိပ/ဟေရုဒ်/သည် ဟေရုဒ်မင်း/၏/သား/ဖြစ်ပြီး ဂါလိလဲပြည်/ကို အုပ်ချုပ်သူ/ဖြစ်သည်။
  2. Footnote မူရင်း/ဂရိကျမ်း/တွင် “ည/၏ လေးပိုင်းမြောက်/အချိန်” ဟု ဖော်ပြထားသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.