Biblica® Open Burmese Contemporary Bible
လုကာ 7
ရောမ/တပ်မှူး/တစ်ဦး/၏/ယုံကြည်ခြင်း
ယေရှု/သည် တရားစကား/အားလုံး/ကို လူတို့/အား ဟောတော်မူ/ပြီးနောက် ကပေရနောင်မြို့/သို့ ကြွတော်မူ၏။ ထိုအခါ ရောမ/တပ်မှူး/တစ်ဦး1/၏/အလွန်/ယုံကြည်စိတ်ချရသော အစေခံ/တစ်ဦး/သည် သေလုမြောပါး ဖျားနာ/လျက်/ရှိ၏။ ထို/တပ်မှူး/သည် ယေရှု/၏/သတင်းတော်/ကို ကြား/သောအခါ ဂျူးလူမျိုး/အကြီးအကဲ/တချို့/ကို ကိုယ်တော်/ထံတော်သို့ စေလွှတ်/ကာ ကြွလာ/၍ မိမိ/အစေခံ/ကို ကျန်းမာ/စေတော်မူရန် တောင်းလျှောက်စေ၏။ ထို/သူတို့/သည် ယေရှု/ထံတော်သို့/ရောက်ကြ/သော် ယေရှု/အား “တပ်မှူး/သည် သခင်/၏/ကျေးဇူးပြုခြင်း/ကို ခံထိုက်/သူ/ဖြစ်ပါ၏။ သူ/သည် ဂျူးလူမျိုးများ/ကို ချစ်ခင်/၍ ကျွန်ုပ်တို့/အတွက် ဝတ်ပြုဆောင်/ကို ဆောက်လုပ်ပေးသူ/လည်း ဖြစ်ပါသည်” ဟူ၍ ဆိုလျက် ထို/အစေခံ/အား ကျန်းမာစေတော်မူ/ရန် အနူးအညွတ်/မေတ္တာရပ်ခံကြ၏။
ထိုအခါ ယေရှု/သည် ထို/သူတို့/နှင့်အတူ ကြွတော်မူ၏။ သို့သော်လည်း အိမ်/အနီး/သို့ ရောက်/သောအခါ တပ်မှူး/သည် မိမိ/၏/မိတ်ဆွေတို့/ကို တစ်ဖန်/စေလွှတ်/၍ “သခင်… ဒုက္ခ/မခံပါနှင့်။ အကျွန်ုပ်/၏/အိမ်မိုး/အောက်/သို့ သခင်/ကြွဝင်တော်မူခြင်း/ကို/ပင် အကျွန်ုပ်/မခံထိုက်ပါ။ အကျွန်ုပ်/သည်လည်း ကိုယ်တော်/ထံသို့ လာထိုက်သော/သူ/မဟုတ်ကြောင်း/ကိုလည်း ယူဆမိပါ၏။ သို့သော်လည်း စကားတော်/တစ်ခွန်း/မိန့်တော်မူ/လျှင် အကျွန်ုပ်/၏/အစေခံ/သည် ကျန်းမာ/ပါ/လိမ့်မည်။ အကျွန်ုပ်/သည် အမိန့်အာဏာ/အောက်/တွင် ရှိသူ/ဖြစ်ပြီး အကျွန်ုပ်/၏/လက်အောက်/တွင်လည်း စစ်သားများ/ရှိပါ၏။ အကျွန်ုပ်/သည် တစ်ဦး/အား ‘သွားလော့’ ဟု ပြော/လျှင် သူ/သည်/သွားရ၏။ အခြား/တစ်ဦး/အား ‘လာလော့’ ဟု ပြော/လျှင် သူ/သည်/လာရ၏။ အကျွန်ုပ်/၏/အစေခံ/အား ‘ဤ/အရာ/ကို လုပ်ဆောင်လော့’ ဟု ပြော/လျှင် သူ/သည် လုပ်ဆောင်ရပါ၏” ဟု လျှောက်စေ၏။
ယေရှု/သည် ထို/တပ်မှူး/၏/စကား/ကို ကြား/သော် အံ့သြတော်မူ/လျက် နောက်တော်/သို့/လိုက်သောသူများ/ဘက်/သို့ လှည့်/၍ “သင်တို့/အား ငါ/ပြောဆိုသည်/မှာ ဤကဲ့သို့သော ယုံကြည်ခြင်း/ကို အစ္စရေးလူမျိုး/ထဲ၌/ပင် ငါ/မတွေ့ဖူးသေး” ဟူ၍ မိန့်တော်မူ၏။ တပ်မှူး စေလွှတ်သော/မိတ်ဆွေများ/သည် အိမ်/သို့ ပြန်ရောက်/သောအခါ ထို/အစေခံ/သည် ကျန်းမာ/လျက်/ရှိကြောင်း/ကို တွေ့မြင်ကြ၏။
မုဆိုးမ/၏/သား/ကို အသက်/ပြန်ရှင်စေတော်မူခြင်း
ထို့နောက် ယေရှု/သည် နာဣနမြို့/သို့ ကြွတော်မူ/၍ တပည့်တော်များ/နှင့် လူအုပ်ကြီး/သည်လည်း နောက်တော်/သို့ လိုက်ကြ၏။ ယေရှု/သည် မြို့အဝင်/တံခါး/အနီး/သို့ ရောက်/သောအခါ လူတို့/သည် လူသေ/အလောင်း/တစ်လောင်း/ကို သင်္ဂြိုဟ်/ရန် မြို့ပြင်/သို့ ထုတ်ဆောင်လာကြ၏။ ထို/လူသေ/သည် မုဆိုးမ/တစ်ဦး/၏/တစ်ဦးတည်းသော သား/ဖြစ်၏။ မြို့သူ/မြို့သားတို့/သည်လည်း ထို/မုဆိုးမ/နှင့်အတူ လိုက်ပို့ကြ၏။ ယေရှု/သည် မုဆိုးမ/ကို မြင်/သောအခါ သနားစိတ်/ရှိတော်မူ/သဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှု/က အနီး/သို့ ချဉ်းကပ်/၍ အလောင်းစင်/ကို/တို့တော်မူ/လျှင် အလောင်း/ထမ်းသူများ/သည်/ရပ်/လျက်/နေကြ၏။ ယေရှု/ကလည်း “အို လူငယ်… သင့်/အား ငါ/အမိန့်/ပေးသည်။ ထလော့” ဟု မိန့်တော်မူ၏။ ထို/လူသေ/သည် ထထိုင်/၍ စကားပြောလေ၏။ ယေရှု/ကလည်း ထို/သူ/ကို မိခင်/ထံသို့ အပ်ပေးလေ၏။
လူအပေါင်းတို့/သည်လည်း အံ့သြ/ထိတ်လန့်/၍ “ငါတို့/အထဲ/တွင် ထူဆန်းသော/ပရောဖက်/တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်/သည် မိမိ/လူမျိုး/အား အကူအညီ/ပေးတော်မူ/ရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်/၏/ဂုဏ်တော်/ကို ချီးမွမ်းကြ၏။ ထို/သတင်းတော်/သည် ယုဒပြည်/နှင့် ပတ်ဝန်းကျင် ဒေသ/အသီးသီး/သို့ ပျံ့နှံ့လေ၏။
ယေရှု/နှင့် နှစ်ခြင်းဆရာ/ယောဟန်
နှစ်ခြင်းဆရာ/ယောဟန်/၏/တပည့်တို့/သည် ယေရှု/ပြုတော်မူသော/အမှု/အားလုံး/ကို ယောဟန်/အား/ပြောပြကြ၏။ ယောဟန်/သည် မိမိ/၏/တပည့်/နှစ်ဦး/ကို ခေါ်/ပြီးလျှင် ယေရှု/ထံတော်သို့/စေလွှတ်/၍ “အရှင်/သည် အကျွန်ုပ်တို့/စောင့်မျှော်နေသော ခရစ်တော်2/မှန်သလော။3 သို့မဟုတ် အကျွန်ုပ်တို့/သည် အခြားသူ/ကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ထို/သူတို့/သည် ယေရှု/ထံသို့/ရောက်/သောအခါ “နှစ်ခြင်းဆရာ/ယောဟန်/က ကျွန်ုပ်တို့/အား စေလွှတ်/၍ ‘အရှင်/သည် အကျွန်ုပ်တို့ စောင့်မျှော်နေသော/ခရစ်တော် မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့/သည် အခြားသူ/ကို စောင့်မျှော်ရပါမည်လော’ ဟု မေးလျှောက်စေသည်” ဟူ၍ လျှောက်ကြ၏။
ထို/အချိန်/တွင် ယေရှု/သည် အနာရောဂါ/ဝေဒနာသည်များ/နှင့် နတ်ဆိုးပူးသူများ/အား ကျန်းမာစေ/လျက် မျက်မမြင်များ/ကိုလည်း ပြန်မြင်စေတော်မူ၏။ ယေရှု/က ထို/သူတို့/အား “သင်တို့/ကြားရ၊ မြင်ရ/သမျှတို့/ကို ပြန်သွား/၍ ယောဟန်/အား ပြောကြလော့။ မျက်မမြင်တို့/သည် မျက်စိ/မြင်ကြပြီ။ ခြေမသန်သူတို့/သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့/သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့/သည် ကြားကြပြီ။ သေဆုံးသော/သူတို့/သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့/သည်လည်း သတင်းကောင်း/ကို ကြားရကြပြီ။ ငါ့/ကြောင့် စိတ်မပျက်သော/သူ/သည် မင်္ဂလာ/ရှိ၏” ဟု ပြန်/၍ မိန့်တော်မူ၏။
ယောဟန်/၏/တပည့်များ ထွက်သွားကြ/ပြီးနောက် ယေရှု/သည် ယောဟန်/အကြောင်း/နှင့် ဆက်စပ်/၍ လူထုတို့/အား ဤသို့ ဟောပြောတော်မူ၏။ ယေရှု/က “သင်တို့/သည် မည်ကဲ့သို့သော/သူ/ကို/ရှာ/ရန် တော/သို့ ထွက်သွားကြသနည်း။ လေတိုက်/လျှင် လှုပ်ယမ်းသည့် ကျူပင်/ကဲ့သို့သော/သူ/ကို/လော။ သို့မဟုတ် မည်ကဲ့သို့သော/သူ/ကို/ရှာ/ရန် သွားကြသနည်း။ အဖိုးတန်/အဝတ်အထည်တို့/ကို ဝတ်ဆင်သော/သူ/ကို/လော။ ဝတ်ကောင်းစားလှ/ကို ဝတ်ဆင်/လျက် စည်းစိမ်/ခံစား/၍/နေသောသူတို့/သည် နန်းတော်များ/၌သာ နေကြ၏။ သို့ဖြစ်လျှင် မည်ကဲ့သို့သော/သူ/ကို/ရှာ/ရန် သွားကြသနည်း။ ပရောဖက်/တစ်ပါး/ကို/လော။ မှန်ပါ၏။ ထို/သူ/သည် ပရောဖက်/ထက် ပို၍/ကြီးမြတ်သော/သူ/ဖြစ်သည်/ဟု ငါ/ဆို၏။ ကျမ်းစာ/၌
‘ကြည့်ရှုလော့။ ငါ/၏/တမန်/ကို ဦးစွာ စေလွှတ်မည်။
သူ/သည် သင်/သွားမည့်/လမ်း/ကို သင့်/ရှေ့/တွင် ပြင်ဆင်/လိမ့်မည်’4
ဟု ရေးသားထားသည်/မှာ ဤ/ယောဟန်/ကို ဆိုလို၏။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ အမျိုးသမီးများ/မှ မွေးဖွားသောသူများ/ထဲတွင် နှစ်ခြင်းဆရာ/ယောဟန်/ထက် ကြီးမြတ်သော/သူ မရှိပါ။ သို့သော်လည်း ဘုရားသခင်/၏/နိုင်ငံတော်/တွင် အသေးနုပ်ဆုံးသော/သူ/သည် ယောဟန်/ထက် ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
အခွန်/ကောက်သူများ/မှစ၍ လူ/အပေါင်းတို့/သည် ဤ/တရား/စကား/ကို ကြားသောအခါ ဘုရားသခင်/၏ တရားတော်/သည် မှန်ကန်ကြောင်း5 ဝန်ခံကြ၏။ ထို/သူတို့/သည် ယောဟန်/ထံ၌ နှစ်ခြင်းမင်္ဂလာ/ကို ခံယူခဲ့သူများ/ဖြစ်ကြ၏။ သို့သော်လည်း ဖာရိရှဲများ6/နှင့် ကျမ်းတတ်/ပညာရှင်တို့/သည် မိမိတို့/ကိုယ်ကျိုး/အတွက် ဘုရားသခင်/၏ အကြံအစည်တော်/ကို ငြင်းပယ်/၍ ယောဟန်/ပေးသော နှစ်ခြင်းမင်္ဂလာ/ကို မခံယူကြပေ။
ယေရှု/က “ဤ/ခေတ်လူတို့/ကို မည်သည့်/အရာ/နှင့် ခိုင်းနှိုင်းရမည်နည်း။ မည်သူ/နှင့် တူ/သနည်း။ ထို/သူတို့/သည် ဈေးအရပ်/၌ ကစားနေသော/ကလေးများ/နှင့် တူကြ၏။ ထို/ကလေးများ/က
‘ငါတို့/သည် သင်တို့/အတွက် တီးမှုတ်/သော်လည်း
သင်တို့/သည် မကကြ။
ငါတို့/သည် ငိုချင်း/ကို သီဆို/သော်လည်း
သင်တို့/သည် မငိုကြွေးကြ’
ဟူ၍ အချင်းချင်း/ပြောဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် နှစ်ခြင်းဆရာ/ယောဟန်/သည် အစာ/ကို မစား၊ စပျစ်ဝိုင်/ကို မသောက်ဘဲ/နေသောအခါ သင်တို့/က ‘သူ/သည်/နတ်ဆိုးပူးသူ/ဖြစ်သည်’ ဟု ပြောကြ/သောကြောင့်/ဖြစ်၏။ လူသား7/သည် စားသောက်/၍/နေသည်/ကို သင်တို့/က ‘သူ/သည် အစားကြီးသူ၊ စပျစ်ဝိုင်/သောက်ကြူးသူ/ဖြစ်၏။ အခွန်/ကောက်သူများ/နှင့် အပြစ်သားတို့/၏/မိတ်ဆွေ/လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။ သို့သော်လည်း ဉာဏ်ပညာ/သည် မှန်ကန်ကြောင်း ၎င်း/၏/လုပ်ဆောင်မှုများ/က ဖော်ပြသည်” ဟု မိန့်တော်မူ၏။
အပြစ်များသော အမျိုးသမီး/တစ်ဦး/က ယေရှု/အား ဆီမွှေး/လိမ်းကျံခြင်း
ထို့နောက် ဖာရိရှဲ/တစ်ဦး/သည် မိမိ/နှင့်အတူ ညစာ/သုံးဆောင်/ရန် ယေရှု/အား ဖိတ်ခေါ်/သဖြင့် ထို/သူ/၏/အိမ်/သို့ ကြွ/၍ စားပွဲ/၌ ထိုင်တော်မူ၏။8 ယေရှု/သည် ဖာရိရှဲ/အိမ်/၌ စားသောက်နေကြောင်း/ကို ထို/မြို့/ရှိ အပြစ်များသော အမျိုးသမီး/တစ်ဦး/သည် သိရှိ/လျှင် ဆီမွှေး/ထည့်ထားသော/ကျောက်ဖြူဘူး/တစ်လုံး/ကို ယူခဲ့လေ၏။ သူ/သည် ကိုယ်တော်/၏/နောက်ဘက်/ခြေတော်ရင်း/၌ ရပ်/၍ ငိုကြွေး/လျက် ခြေတော်/ကို မျက်ရည်/ဖြင့် ဆေး/ကာ သူ/၏/ဆံပင်/ဖြင့် သုတ်၏။ ထို့နောက် ကိုယ်တော်/၏/ခြေတော်/ကို အဆက်မပြတ်/နမ်းရှုပ်/လျက် ဆီမွှေး/ဖြင့် သုတ်လိမ်းပေးလေ၏။
ထိုသို့/ပြုသည်/ကို ယေရှု/အား ဖိတ်ခေါ်သူ ဖာရိရှဲ/သည် မြင်လေသော် “ဤ/သူ/သည် ပရောဖက်/တစ်ပါး/ဖြစ်လျှင် သူ့/အား/ထိနေသော ထို/အမျိုးသမီး/သည် မည်သူ/ဖြစ်ကြောင်း/နှင့် မည်သို့သော/သူ ဖြစ်ကြောင်း/ကို သိရမည်။ ဤ/အမျိုးသမီး/သည် အပြစ်များသော အမျိုးသမီး/ဖြစ်သည်” ဟု မိမိ/စိတ်ထဲ/၌ တွေးတောလေ၏။
ယေရှု/က ထို/သူ/အား “ရှိမုန်… ငါ/သည် သင့်/အား/ပြောစရာ/တစ်ခု/ရှိ၏” ဟူ၍ မိန့်တော်မူ/လျှင် ရှိမုန်/ကလည်း “မိန့်တော်မူပါ ဆရာတော်” ဟု လျှောက်လေ၏။
“အကြွေးရှင်/တစ်ဦး/၌ အကြွေးတင်သူ/နှစ်ဦး/ရှိ၏။ တစ်ဦး/တွင် ငွေဒင်္ဂါး9/ပြား/ငါးရာ၊ အခြား/တစ်ဦး/တွင် ငွေဒင်္ဂါး/ပြား/ငါးဆယ် အကြွေး/ရှိ၏။ ထို/သူ/နှစ်ဦး/သည် အကြွေး/မဆပ်နိုင်/သောအခါ အကြွေးရှင်/သည် ပယ်ဖျက်ပေး၏။ သို့ဖြစ်လျှင် ထို/သူ/နှစ်ဦး/တွင် မည်သူ/သည် အကြွေးရှင်/အား ပို၍ ချစ်မည်နည်း” ဟု မေးတော်မူ၏။
ရှိမုန်/က “ပို၍/များသော/အကြွေး/ကို ပယ်ဖျက်/ခံရသော/သူ/သည် ပို၍ ချစ်/လိမ့်မည်/ထင်ပါ၏” ဟု လျှောက်သော် ယေရှု/က “သင်/ထင်သည်/အတိုင်း မှန်ပေ၏” ဟု မိန့်တော်မူ၏။ ယေရှု/သည် ထို/အမျိုးသမီး/ဘက်သို့/လှည့်/၍ ရှိမုန်/အား “ဤ/အမျိုးသမီး/ကို မြင်/သလော။ ငါ/သည် သင့်/အိမ်/သို့ ဝင်/သောအခါ သင်/သည် ငါ့/ခြေ/ကို/ဆေးကြော/ရန်အတွက် ရေ/ကို/မပေး။ သို့သော် သူ/သည် ငါ့/ခြေ/ကို မျက်ရည်/ဖြင့်/ဆေး/၍ သူ/၏/ဆံပင်/ဖြင့် သုတ်လေပြီ။ သင်/သည် ငါ့/ကို/မနမ်း။10 သို့သော် သူ/သည် ငါ/ဝင်လာသော/အချိန်/မှစ၍ ငါ့/ခြေ/ကို အဆက်မပြတ် နမ်းလေပြီ။ သင်/သည် ငါ့/ခေါင်း/ကို ဆီ/ဖြင့်/မလိမ်း။ သို့သော် သူ/သည် ငါ့/ခြေ/ကို နံ့သာဆီမွှေး/ဖြင့် လိမ်းလေပြီ။
ထို့ကြောင့် သင့်/အား ငါ/ပြောလိုသည်/မှာ သူ/၏/အပြစ်/သည် အလွန်များပြားလှ/သော်လည်း သူ/သည် ခွင့်လွှတ်ခြင်း/ကို ခံရပြီ။ ထို့ကြောင့် သူ/သည် ငါ့/ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သော/အပြစ်လွှတ်ခြင်း/ကို ခံရသောသူ/သည် အနည်းငယ်/သာ/ချစ်တော်မူ၏” ဟု မိန့်တော်မူ၏။ ထို့နောက် “သင်/၏/အပြစ်/ကို ခွင့်လွှတ်ပြီ” ဟု ထို/အမျိုးသမီး/အား မိန့်တော်မူ၏။
ထို/စားပွဲ/၌ အတူ/ထိုင်သော/သူတို့/က “အပြစ်/လွှတ်ပိုင်သော ဤ/သူ/သည် မည်သူနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
သို့ရာတွင် ယေရှု/က ထို/အမျိုးသမီး/အား “သင်/၏/ယုံကြည်ခြင်း/သည် သင့်/အား/ကယ်တင်ပြီ။ ငြိမ်းချမ်း/စွာ/သွားလော့” ဟု မိန့်တော်မူ၏။
Source notes (10)
- Footnote စစ်သား/တစ်ရာ/ကို အုပ်ချုပ်ရသော တပ်မှူး။
- Footnote ဂရိဘာသာ/အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ/အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို/နှစ်ခုလုံး/၏/အဓိပ္ပာယ်/မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။
- Footnote မူရင်း/ဂရိကျမ်း/တွင် “အရှင်/သည် ကြွလာမည့်/သူ ဖြစ်သလော” ဟု ဖော်ပြထားသည်။
- Footnote မာလ ၃:၁။
- Footnote မူရင်း/ဂရိကျမ်း/တွင် “ဘုရားသခင်/၏/တရားမျှတခြင်း/အတွက် ချီးမွမ်းကြ၏” ဟု ဖော်ပြထားသည်။
- Footnote ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ လိုက်နာသည့် ဂျူး/ဘာသာရေး/ခေါင်းဆောင်များ။
- Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော/ဂုဏ်ပုဒ်/ဖြစ်သည်။
- Footnote မူရင်း/ဂရိကျမ်း/တွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမ/ရာစု/အရှေ့အလယ်ပိုင်း/၌ အစာ/စားသုံးရာ/တွင် စားပွဲ/ရှေ့၌/ထိုင်/၍ စားသုံးလေ့/မရှိပါ။ တစ်စုံတစ်ခု/အပေါ်၊ သို့မဟုတ် အခြား/တစ်ဦး/အပေါ် မှီလျောင်း/၍ စားပွဲ/ကို/ဦးတည်/ကာ စားသောက်လေ့/ရှိသည်။
- Footnote မူရင်း/ဂရိကျမ်း/တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ/တစ်ပြား/၏/တန်ဖိုး/သည် လုပ်သား/တစ်ဦး/၏/တစ်နေ့တာ/လုပ်အားခ/နှင့် ညီမျှသည်။
- Footnote ဂျူးလူမျိုးတို့/၏/ယဉ်ကျေးမှု/တွင် ဧည့်သည်များ/ကို နမ်း/၍ နှုတ်ဆက်လေ့ရှိ၏။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.