Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

လုကာ 5

ပထမဦးဆုံးသော/တပည့်တော်များ

တစ်နေ့/၌ ယေရှု/သည် ဂင်နေသရက်အိုင်/နား/တွင် ရပ်တော်မူ/စဉ် လူထုပရိသတ်/သည် ဘုရားသခင်/၏/နှုတ်ကပတ်/တရားတော်/ကို ကြားနာ/ရန် ကိုယ်တော်/ထံသို့ တိုးဝှေ့လာကြ၏။ ကိုယ်တော်/သည် ကမ်းစပ်/၌ ဆိုက်ထားသော/လှေ/နှစ်စင်း/ကို မြင်တော်မူ၏။ တံငါသည်တို့/သည် ထို/လှေများ/ပေါ်မှ ဆင်း/ပြီး မိမိတို့/၏/ပိုက်ကွန်များ/ကို ဆေးကြောနေကြ၏။ ကိုယ်တော်/သည် ထို/လှေ/နှစ်စင်း/ထဲမှ ရှိမုန်/၏/လှေ/ပေါ်သို့ တက်/၍ ရှိမုန်/အား လှေ/ကို ကမ်း/နှင့် အနည်းငယ်/ခွာပေး/ရန် မိန့်တော်မူ၏။ ထို့နောက် လှေ/ထဲတွင် ထိုင်/လျက် လူထု/ပရိသတ်တို့/ကို ဟောပြော/သွန်သင်တော်မူ၏။

တရားဟောပြီး/သောအခါ ရှိမုန်/အား “ရေနက်သည့် နေရာ/သို့ ရွှေ့လော့။ သင်တို့/၏/ပိုက်ကွန်များ/ကို ချ/၍ ငါး/ဖမ်းကြလော့” ဟု မိန့်တော်မူ၏။

ရှိမုန်/ကလည်း “ဆရာ… ကျွန်ုပ်တို့/သည် တစ်ညတာ/လုံး ကြိုးစား/ဖမ်းကြ/သော်လည်း ငါး/တစ်ကောင်/ကိုမျှ မမိပါ။ သို့သော်လည်း ဆရာ/ခိုင်း/သောကြောင့် ကျွန်ုပ် ပိုက်ကွန်များ/ကို ချပါမည်” ဟု လျှောက်လေ၏။ သူတို့/သည် ပိုက်ကွန်များ/ကို ချပြီး/သောအခါ ငါး/များစွာ/ကို ဖမ်းမိ/သဖြင့် ပိုက်ကွန်များ/ပင် စုတ်ပြဲစပြုလာ၏။ ထို့ကြောင့် သူတို့/သည် အခြား/လှေ/မှ အဖော်/တံငါသည်များ/ကို အချက်ပြ/၍ အကူအညီ/တောင်းကြ၏။ ထို/သူတို့/သည်/လာ/၍ လှေ/နှစ်စင်းလုံး/တွင် ငါးများ/ပြည့်အောင်/ထည့်ကြ/သဖြင့် လှေတို့/သည် နစ်မြုပ်/လုမတတ် ဖြစ်၏။

ထို/အဖြစ်အပျက်/ကို မြင်/သောအခါ ရှိမုန်/ပေတရု/သည် ယေရှု/၏/ခြေတော်ရင်း/၌ ဒူးထောက်/ပြီးလျှင် “သခင်… အကျွန်ုပ်/သည် အပြစ်များသော/သူ/ဖြစ်/သောကြောင့် အကျွန်ုပ်/ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။ ဤသို့/လျှောက်ရသည်/မှာ ဖမ်းမိသော/ငါးများ/သည် အလွန်များပြား/၍ ရှိမုန်/နှင့် အခြား/တံငါသည်များ/အားလုံး/က အံဩကြ/သောကြောင့် ဖြစ်၏။

ရှိမုန်/နှင့်/လုပ်ဖော်ကိုင်ဖက်/ဖြစ်သည့် ဇေဗေဒဲ/၏/သား/နှစ်ဦး ယာကုပ်/နှင့် ယောဟန်/တို့/သည်လည်း အံ့ဩကြ၏။ ယေရှု/က “မကြောက်နှင့်။ ယခု/မှစ၍ သင်/သည် လူများ/ကို/ဖမ်းသော/တံငါ ဖြစ်/လိမ့်မည်” ဟု ရှိမုန်/အား မိန့်တော်မူ၏။ ထိုအခါ သူတို့/သည် လှေများ/ကို ကမ်းခြေ/တွင် ဆိုက်ကပ်/ပြီးလျှင် ရှိသမျှ/ကို ထားခဲ့/၍ ယေရှု/နောက်သို့ လိုက်ကြ၏။

အနာကြီးရောဂါသည်/တစ်ဦး/အား ကျန်းမာစေတော်မူခြင်း

ယေရှု/သည် မြို့/တစ်မြို့/၌ ရှိနေတော်မူ၏။ ထို/မြို့/၌ တစ်ကိုယ်လုံး အနာကြီးရောဂါ/ပြင်းထန်/စွာ ခံစားနေရသော/သူ/တစ်ဦး/ရှိ၏။ သူ/သည် ယေရှု/ကို/မြင်/သောအခါ ဝပ်တွားခယ/လျက် “သခင်… သခင်/အလိုတော်/ရှိ/လျှင် အကျွန်ုပ်/ကို/စင်ကြယ်/စေနိုင်ပါသည်” ဟု လျှောက်လေ၏။

ယေရှု/သည် လက်/ကို ဆန့်/၍ ထို/သူ/ကို တို့/ပြီးလျှင် “ငါ/အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထို/ခဏ/အတွင်း/၌ ထို/သူ/၏/ရောဂါ/သည်လည်း ပျောက်ကင်းလေ၏။ ထို့နောက် ဤ/အကြောင်း/ကို မည်သူ့/ကို/မျှ မပြော/ရန် ထို/သူ/အား တားမြစ်တော်မူ/လျက် “ယဇ်ပုရောဟိတ်/ထံသို့ သွား/၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်/ရောဂါ ပျောက်ကင်း/စင်ကြယ်ကြောင်း လူတို့/ရှေ့/၌ သက်သေပြ/ရန် မောရှေ/၏/ပညတ်ကျမ်း/အတိုင်း ပူဇော်စရာများ/ကို ဆက်သလော့” ဟု မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်/၏/သတင်းတော်/သည် ပို၍/ပျံ့နှံ့သွား/သဖြင့် လူအုပ်ကြီး/သည် ကိုယ်တော်/၏/တရားတော်/ကို ကြားနာရန်/နှင့် မိမိတို့/၏/အနာရောဂါများ/ကို ကုသခံ/ရန် စုဝေးလာကြ၏။ ယေရှု/သည် တောကန္တာရ/သို့ သွား/၍ ဆုတောင်းတော်မူ/လေ့ရှိ၏။

လေဖြတ်သူ/တစ်ဦး/အား ကျန်းမာစေတော်မူခြင်း

တစ်နေ့/၌ ယေရှု/သည်/ဟောပြော/သွန်သင်/လျက်/ရှိနေ/စဉ် ဂါလိလဲပြည်/နှင့် ယုဒပြည်/ရှိ ကျေးရွာ/အသီးသီး/မှ/လည်းကောင်း၊ ဂျေရုဆလင်မြို့/မှ/လည်းကောင်း ရောက်လာကြသော/ဖာရိရှဲများ1/နှင့် ကျမ်းတတ်ဆရာများတို့/သည် ထိုင်နေကြ၏။ အနာရောဂါ/ပျောက်ကင်း/စေနိုင်သော ဘုရားသခင်/၏/တန်ခိုး/သည်လည်း ယေရှု/၌ ရှိနေ၏။

ထိုအခါ လူ/တချို့/သည် လေဖြတ်သူ/တစ်ဦး/ကို ထမ်းစင်/ဖြင့် ထမ်း/၍ ခေါ်ဆောင်လာကြ၏။ သူတို့/သည် ထို/သူ/ကို အထဲ/သို့ သယ်ဆောင်/၍ ကိုယ်တော့်/ရှေ့/၌ ချထား/ရန် ကြိုးစားကြ၏။ သို့သော်လည်း လူထု/ပရိသတ်/ရှိနေ/သဖြင့် အထဲ/သို့ သယ်ဆောင်မည့်/လမ်း/ကို မတွေ့ကြပေ။ ထို့ကြောင့် အိမ်အမိုး/ပေါ်သို့/တက်/ပြီးလျှင် အုတ်ကြွပ်များ/ကို/ခွာ/၍ လူနာ/ကို ထမ်းစင်/နှင့်တကွ လူထုပရိသတ်/အလယ် ယေရှု/ရှေ့တော်/သို့ ကြိုး/ဖြင့် လျှောချကြ၏။ ယေရှု/သည် ထို/သူတို့/၏/ယုံကြည်ခြင်း/ကို မြင်/သောအခါ လေဖြတ်သူ/အား “မိတ်ဆွေ2… သင်/၏/အပြစ်များ/ကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။

ထိုအခါ ဖာရိရှဲများ/နှင့် ကျမ်းတတ်ဆရာများ/က “ဘုရားသခင်/ကို စော်ကား/ပြောဆိုသော ဤ/သူ/သည် မည်သူနည်း။ ဘုရားသခင်/မှလွဲ၍ မည်သူ/သည် အပြစ်/ကို ခွင့်လွှတ်/နိုင်ပါမည်နည်း” ဟု စိတ်/ထဲ၌ တွေးတောနေကြ၏။

ယေရှု/သည် ထို/သူတို့ မည်သို့/တွေးတောနေကြသည်/ကို သိတော်မူ/သဖြင့် “သင်တို့/စိတ်/ထဲ၌ အဘယ်ကြောင့် ဤသို့/တွေးတော/နေကြသနည်း။ ‘သင်/၏/အပြစ်များ/ကို ခွင့်လွှတ်ပြီ’ ဟု ပြော/ရန် ပို/၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ/၍ လမ်းလျှောက်လော့’ ဟု ပြော/ရန် ပို/၍ လွယ်ကူသလော။ သို့သော် လူသား3/သည် ဤ/လောက/တွင် အပြစ်/လွှတ်ပိုင်သော/အခွင့်အာဏာ/ရှိသည်/ကို သင်တို့/အား ငါ/သက်သေပြမည်” ဟု ဆို/ကာ လေဖြတ်သူ/အား “သင့်/အား ငါ/ဆို၏။ ထလော့။ သင့်/ထမ်းစင်/ကို/ယူ/၍ အိမ်/သို့ ပြန်လော့” ဟု မိန့်တော်မူ၏။

ထိုအခါ ထို/သူ/သည် လူ/အများ/ရှေ့/တွင် ချက်ချင်း/ထပြီး/မှ ထမ်းစင်/ကို ယူ/၍ ဘုရားသခင်/ကို/ချီးမွမ်း/လျက် အိမ်/သို့ ပြန်လေ၏။ လူထု/ပရိသတ်တို့/သည် အလွန်/အံ့သြ ကြောက်ရွံ့/၍ ဘုရားသခင်/၏/ဂုဏ်တော်/ကို/ချီးမွမ်း/လျက် “ငါတို့/သည် ယနေ့/ထူးဆန်း/အံ့ဖွယ်သော/အရာများ/ကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။

လေဝိ/ကို ခေါ်ယူတော်မူခြင်း

ထို့နောက် ယေရှု/သည် ထို/အရပ်/မှ ထွက်ကြွ/သောအခါ လေဝိ/အမည်/ရှိ အခွန်/ကောက်သူ/တစ်ဦး/သည် အကောက်ခွန်ရုံး/တွင် ထိုင်နေသည်/ကို တွေ့မြင်တော်မူ/၍ “ငါ့/နောက်သို့ လိုက်/၍ ငါ့/တပည့်/အဖြစ်/ခံယူလော့” ဟု မိန့်တော်မူ၏။ လေဝိ/သည် ရှိသမျှ/ကို/ထားခဲ့/ပြီးလျှင် ထ/၍ ယေရှု/နောက်တော်/သို့ လိုက်လေ၏။

ထို့နောက် လေဝိ/သည် မိမိ/၏/အိမ်/၌ ယေရှု/အတွက်/ဧည့်ခံပွဲကြီး/တစ်ခု ကျင်းပပေးလေ၏။ သူ/၏/အပေါင်းအသင်းများ/ဖြစ်သော အခွန်/ကောက်သူ/များစွာ/နှင့် အခြားသူများ/လည်း အတူ/ထိုင်/၍ စားသောက်ကြ၏။4 သို့သော် ဖာရိရှဲများ/နှင့် သူတို့/ထဲမှ ကျမ်းတတ်ဆရာများ/က “သင်တို့/သည် အဘယ်ကြောင့် အခွန်/ကောက်သူများ၊ အပြစ်သားများ/နှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့/အား ဝေဖန်/ပြစ်တင်ကြ၏။

ယေရှု/က “ကျန်းမာသော/သူတို့/သည် ဆရာဝန်/ကို/မလိုအပ်ပါ။ ဖျားနာသော/သူတို့/သာလျှင် လိုအပ်ကြ၏။ ငါ/သည် ဖြောင့်မတ်သောသူတို့/ကို နောင်တရ/စေရန်/အတွက် လာ/၍ ခေါ်သည်/မဟုတ်။ အပြစ်သားများ/ကို နောင်တရ/စေရန်/အတွက် လာ/၍ ခေါ်သည်” ဟု မိန့်တော်မူ၏။

အစာရှောင်ခြင်း/အကြောင်း ဆွေးနွေးခြင်း

လူ/တချို့/က “နှစ်ခြင်းဆရာ/ယောဟန်/၏/တပည့်များ/နှင့် ဖာရိရှဲတို့/၏/တပည့်များ/သည် မကြာခဏ အစာရှောင်ခြင်း/နှင့် ဆုတောင်းခြင်း/တို့/ကို ပြုလေ့ရှိ၏။ သို့ရာတွင် ဆရာတော်/၏/တပည့်များ/မှာ စားသောက်/လျက်/သာ နေကြသည်” ဟူ၍ လျှောက်ကြ၏။

ထိုအခါ ယေရှု/က “သတို့သား/၏/မိတ်ဆွေ/အပေါင်းအသင်းများ/ကို ထို/သတို့သား/နှင့်အတူ/ရှိ/နေစဉ် အစာရှောင်စေ/နိုင်မည်လော။ သို့သော်လည်း သတို့သား/ကို သူတို့/ထံမှ ခေါ်ယူ/သွားမည့်/အချိန် ရောက်လာ/လိမ့်မည်။ ထိုအခါ ထို/သူတို့/သည် အစာရှောင်ကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။

ထို့နောက် ယေရှု/သည် သာဓက/တစ်ခု/ကို သုံး/၍ မိန့်တော်မူသည်/မှာ “မည်သူ/မျှ အထည်သစ်/မှ ပိတ်စ/ကို/ဆုတ်ဖြဲ/၍ ပိတ်ထည်ဟောင်း/ကို ဖာလေ့/မရှိ။ ထိုသို့/ပြု/လျှင် အထည်သစ်/သည် ပျက်စီး/၍ ထို/ဖာထေး/ရာတွင် သုံးသည့်/ပိတ်စသစ်/သည်လည်း အထည်ဟောင်း/နှင့် လိုက်ဖက်မည်/မဟုတ်။

ထို့အတူ မည်သူ/မျှ စပျစ်ဝိုင်/အသစ်/ကို သားရေဘူး/အဟောင်း/ထဲသို့ ထည့်လေ့/မရှိကြ။ ထိုသို့/ထည့်/လျှင် စပျစ်ဝိုင်/အသစ်/သည် သားရေဘူး/အဟောင်း/ကို ပေါက်ပြဲစေ/သဖြင့် စပျစ်ဝိုင်/ယိုထွက်/၍ သားရေဘူး/လည်း ပျက်စီး/လိမ့်မည်။ စပျစ်ဝိုင်/အသစ်/ကို သားရေဘူး/အသစ်/တွင်/သာ ထည့်/ရ၏။ စပျစ်ဝိုင်/အဟောင်း/ကို သောက်ပြီးသော/သူ/သည်/လည်း စပျစ်ဝိုင်/အသစ်/ကို မသောက်လိုဘဲ ‘စပျစ်ဝိုင်/အဟောင်း/သည် ပို၍/ကောင်း၏’ ဟု ပြော/လိမ့်မည်” ဟူ၍ ဖြစ်၏။

Source notes (4)
  1. Footnote ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ လိုက်နာသည့် ဂျူး/ဘာသာရေး/ခေါင်းဆောင်များ။
  2. Footnote မူရင်း/ဂရိကျမ်း/တွင် “အချင်းလူ” ဟု ပါရှိသည်။
  3. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော ဂုဏ်ပုဒ်/ဖြစ်သည်။
  4. Footnote မူရင်း/ဂရိကျမ်း/တွင် “လျောင်းတော်မူ/စဉ်” ဟူ၍ တွေ့ရှိရသည်။ ပထမ/ရာစု/အရှေ့အလယ်ပိုင်း/၌ အစာ/စားသုံးရာ/တွင် စားပွဲ/ရှေ့၌/ထိုင်/၍ စားသုံးလေ့/မရှိပါ။ တစ်စုံတစ်ခု/အပေါ် သို့မဟုတ် အခြား/တစ်ဦး/အပေါ် မှီလျောင်း/၍ စားပွဲ/ကို/ဦးတည်/ကာ စားသောက်လေ့/ရှိသည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.