Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

လုကာ 4

ဖြားယောင်း/သွေးဆောင်ခြင်း/ကို/ခံတော်မူခြင်း

ထို့နောက် ယေရှု/သည် သန့်ရှင်းသော/ဝိညာဉ်တော်/နှင့် ပြည့်ဝ/၍ ဂျော်ဒန်မြစ်/မှ ပြန်လာ/သောအခါ ဝိညာဉ်တော်/ဦးဆောင်သည့်/အတိုင်း တောကန္တာရ/သို့ ကြွတော်မူ၏။ ထို/နေရာ/၌ ယေရှု/သည် မာရ်နတ်/၏/ဖြားယောင်း/သွေးဆောင်ခြင်း/ကို ရက်ပေါင်း/လေးဆယ် ခံတော်မူ/၍ မည်သည့်/အစားအစာ/ကို/မျှ မစားဘဲ/နေတော်မူ၏။ ထို/နေ့ရက်များ ကုန်ဆုံး/သောအခါ ယေရှု/သည် အလွန်/ဆာလောင်တော်မူ၏။

ထိုအခါ မာရ်နတ်/က “သင်/သည် ဘုရားသခင်/၏/သားတော်/မှန်/လျှင် ဤ/ကျောက်ခဲ/ကို စားစရာ/ဖြစ်/စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။

ယေရှု/ကလည်း “ကျမ်းစာ/၌ ‘လူ/သည် အစာ/အားဖြင့်/သာ အသက်ရှင်ရသည်/မဟုတ်’12 ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။

ထို့နောက် မာရ်နတ်/သည် ကိုယ်တော်/ကို မြင့်မားသော/အရပ်/သို့ ခေါ်ဆောင်သွား/၍ ကမ္ဘာ/လောက/ရှိ/တိုင်းနိုင်ငံ/အားလုံး/ကို တစ်ခဏချင်း/တွင် ညွှန်ပြ/ပြီးလျှင် “ဤ/အခွင့်အာဏာ/နှင့် ထို/ဘုန်းစည်းစိမ် ရှိသမျှတို့/ကို သင့်/အား ငါ/ပေးမည်။ အဘယ်ကြောင့်ဆိုသော် ဤ/အရာတို့/ကို ငါ/၏/လက်/ထဲတွင် အပ်နှင်းထားပြီး/ဖြစ်သောကြောင့် ငါ/ပေးလိုသော/သူ/အား ငါ/ပေးနိုင်၏။ ထို့ကြောင့် သင်/သည် ငါ့/ကို ကိုးကွယ်/လျှင် ဤ/အရာ/ရှိသမျှ/ကို သင့်/အား ငါ/ပေးမည်” ဟု လျှောက်လေ၏။

ယေရှု/ကလည်း “ကျမ်းစာ/၌

‘သင်/၏/ဘုရားသခင် ထာဝရဘုရား/ကိုသာ ကိုးကွယ်/ရမည်။

ထို/အရှင်/တစ်ပါးတည်း/ကိုသာ ဝတ်ပြု/ရမည်’3 ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။

ထိုမှ/တစ်ဖန် မာရ်နတ်/သည် ကိုယ်တော်/ကို ဂျေရုဆလင်မြို့/သို့ ခေါ်ဆောင်သွား/၍ ဗိမာန်တော်/၏/ထိပ်/၌ ရပ်စေတော်မူ/ပြီးလျှင် “သင်/သည် ဘုရားသခင်/၏/သားတော်/မှန်/လျှင် ဤ/နေရာ/မှ အောက်/သို့ ခုန်ချလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ/တွင် ရေးသားထားသည်/မှာ

‘ဘုရားသခင်/သည် ကောင်းကင်တမန်များ/အား သင့်/ကို/စောင့်ရှောက်/ရန် မှာထားတော်မူ/လိမ့်မည်။

သင်/၏/ခြေ/ကို ကျောက်/နှင့် မထိခိုက်/စေရန်

သူတို့/သည် သင့်/ကို လက်/ဖြင့် ချီပင့်ကြ/လိမ့်မည်’4

ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။

ယေရှု/က “ကျမ်းစာ/၌ ရေးသားထားသည်/မှာ ‘သင်/၏/ဘုရားသခင် ထာဝရဘုရား/အား အကဲမစမ်းရ’5 ဟူ၍ ဖြစ်သည်” ဟု ပြန်/၍ မိန့်တော်မူ၏။

မာရ်နတ်/သည် မိမိ/၏/ဖြားယောင်း/သွေးဆောင်ခြင်း/အားလုံး ပြီးဆုံး/သောအခါ ယေရှု/ထံမှ/ထွက်ခွာ/၍ နောက်ထပ်/အခွင့်အခါကောင်း/ကို စောင့်လျက်/နေ၏။

နာဇရက်မြို့/၌ ငြင်းပယ်/ခံတော်မူရခြင်း

ထို့နောက် ယေရှု/သည် ဝိညာဉ်တော်/တန်ခိုး/နှင့် ပြည့်ဝ/လျက်/ဂါလိလဲပြည်/သို့ ပြန်ကြွတော်မူ၏။ ယေရှု/၏/သတင်းတော်/သည်လည်း ထို/အရပ်ဒေသ/တစ်လျှောက်လုံး/တွင် ပျံ့နှံ့သွား၏။ ထို/သူတို့/၏/ဝတ်ပြုဆောင်များ/တွင် သွန်သင်/သောအခါ လူအပေါင်းတို့/သည် ကိုယ်တော်/ကို ချီးမွမ်းကြ၏။

ထို့နောက် ယေရှု/သည် မိမိ/ကြီးပြင်းခဲ့သည့် နာဇရက်မြို့/သို့/ကြွတော်မူ၏။ ဥပုသ်နေ့/ရောက်လာ/သောအခါ ဓလေ့ထုံးစံ/ရှိသည့်/အတိုင်း ဂျူးဝတ်ပြုဆောင်/သို့ သွား/၍ ကျမ်းစာ/ဖတ်/ရန် ရပ်တော်မူ၏။ ပရောဖက်/ဟေရှာယ/၏/ကျမ်းစာလိပ်/ကို ယေရှု/အား/ပေး/သဖြင့် ဖွင့်/ရာတွင် ကျမ်းစာ/၌/ရေးထားသည်/မှာ

“ထာဝရဘုရား/၏/ဝိညာဉ်တော်/သည် ငါ့/အပေါ်/၌ တည်တော်မူ၏။

အဘယ်ကြောင့်ဆိုသော် သတင်းကောင်း/ကို ဆင်းရဲသော/သူတို့/အား ဟောပြော/ရန် ကိုယ်တော်/သည် ငါ့/ကို/ဘိသိက်/ပေးတော်မူပြီ။

ဖမ်းဆီးချုပ်နှောင်/ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်/အကြောင်း/နှင့်

မျက်/မမြင်များ မျက်စိ/ပြန်မြင်/ကြရမည့်/အကြောင်း/ကို ဟောပြော/ရန်/လည်းကောင်း၊

ဖိနှိပ်ချုပ်ချယ်/ခံရသူများ/အား လွတ်လပ်ခွင့်/ကို ပေးမည့်/အကြောင်း/နှင့်

ထာဝရဘုရား မျက်နှာသာ/ပေးမည့် နှစ်/ကာလ/ရောက်သည့်/အကြောင်း/ကို ဟောပြော/ရန်/လည်းကောင်း ငါ့/ကို/စေလွှတ်တော်မူပြီ”6

ဟူ၍ ဖြစ်၏။

ထို့နောက် ယေရှု/သည်/ကျမ်းစာလိပ်/ကို ပြန်/လိပ်ပြီး/မှ အစောင့်/တာဝန်ခံ/အား ပြန်ပေး/ပြီးလျှင် ထိုင်တော်မူ၏။ ဝတ်ပြုဆောင်/၌/ရှိသော လူ/အပေါင်းတို့/သည် ယေရှု/ကို/စိုက်ကြည့်နေကြ၏။ ထိုအခါ ယေရှု/က “ဤ/ကျမ်းစာ/၌ ပါသော/အချက်များ/သည် သင်တို့/ကြားရသည့်/အတိုင်း ယနေ့/ပြည့်စုံပြီ” ဟု မိန့်တော်မူ၏။

လူအပေါင်းတို့/သည် ယေရှု/ကို ချီးကျူး/၍ ချိုသာသော/စကားတော်တို့/ကို အံ့ဩ/လျက် “ဤ/သူ/သည် ယောသပ်/၏/သား မဟုတ်လော” ဟူ၍ မေးကြ၏။

ယေရှု/ကလည်း “သင်တို့/က ‘ဆရာဝန်… သင်/သည် မိမိ/ရောဂါ/ကို မိမိ/ပြန်/၍ ပျောက်ကင်းအောင်/ကုသလော့’ ဟူသော စကားပုံ/နှင့်အညီ ‘ကပေရနောင်မြို့/၌ သင်/ပြုသည့်/အံ့ဖွယ်အမှုများ/ကို ငါတို့/ကြားခဲ့ရသည့်/အတိုင်း သင်/၏/နေရပ်မြို့/ဖြစ်သော ဤ/နေရာ/၌/လည်း ပြုလော့’ ဟု ငါ့/ကို ဧကန်/မုချ/ပြောဆိုကြ/လိမ့်မည်။ ထို့ကြောင့် သင်တို့/အား ငါ/အမှန်/ဆို၏။ မည်သည့်/ပရောဖက်/မျှ မိမိ/နေရပ်မြို့/တွင် မျက်နှာမရတတ်။

ပရောဖက်/ဧလိယ/၏/လက်ထက်/၌ သုံးနှစ်/နှင့်/ခြောက်လ/ပတ်လုံး မိုး/မရွာဘဲ တစ်ပြည်လုံး/အစာခေါင်းပါးခြင်း/ဘေး ကျရောက်သော/အချိန်/တွင် အစ္စရေး/နိုင်ငံ/၌ မုဆိုးမ/များစွာ/ရှိခဲ့ကြ၏။ သို့သော်လည်း ဘုရားသခင်/သည် ဧလိယ/ကို မည်သူ့/ထံသို့/မျှ/မစေလွှတ်ဘဲ ဆီဒုန်ပြည်၊ ဇရတ္တမြို့/ရှိ မုဆိုးမ/ထံသို့/သာလျှင် စေလွှတ်တော်မူ၏။ ပရောဖက်/ဧလိရှဲ/လက်ထက်/၌/လည်း အစ္စရေးလူမျိုး/ထဲတွင် အနာကြီးရောဂါသည်/များစွာ ရှိကြ၏။ ထို/သူတို့/ထဲမှ မည်သူ/မျှ စင်ကြယ်/ခွင့်/မရဘဲ ဆီးရီးယားပြည်သား/နေမန် တစ်ဦးတည်း/သာ စင်ကြယ်ခွင့်/ရ၏” ဟု မိန့်တော်မူ၏။

ဝတ်ပြုဆောင်/၌/ရှိသော တရားနာ/ပရိသတ်/အားလုံး/သည် ထို/စကား/ကို ကြား/သောအခါ အလွန်/ဒေါသထွက်ကြ၏။ သူတို့/သည် ထ/၍ ကိုယ်တော်/ကို မြို့ပြင်/သို့ နှင်ထုတ်/ပြီး တောင်ပေါ်/မှ တွန်းချ/ရန် မြို့/တည်ရာ တောင်ကမ်းပါး/အစွန်း/အထိ ခေါ်ဆောင်သွားကြ၏။ သို့ရာတွင် ကိုယ်တော်/သည် လူအုပ်/ကြားထဲ/မှ တိုး/၍ ထွက်ကြွတော်မူ၏။

နတ်ဆိုး/ကို နှင်ထုတ်တော်မူခြင်း

ထို့နောက် ယေရှု/သည် ဂါလိလဲပြည်၊ ကပေရနောင်မြို့/သို့ ကြွတော်မူ/၍ ဥပုသ်နေ့/တိုင်း တရားနာ/ပရိသတ်တို့/ကို ဟောပြော/သွန်သင်တော်မူ၏။ ကိုယ်တော်/သည် အခွင့်အာဏာ/ဖြင့် ဟောပြော/သောကြောင့် ထို/သူတို့/က သူ/၏/သွန်သင်ချက်/ကို အံ့သြကြ၏။

ထို/အချိန်/တွင် ဝတ်ပြုဆောင်/၌ နတ်ဆိုးပူးသော/လူတစ်ဦး/ရှိ၏။ ထို/သူ/က “နာဇရက်မြို့သား/ယေရှု… ကိုယ်တော်/သည် အကျွန်ုပ်တို့/နှင့် မည်သို့/သက်ဆိုင်သနည်း။ အကျွန်ုပ်တို့/ကို ဖျက်ဆီး/ရန် ကြွလာတော်မူသလော။ ကိုယ်တော်/သည် မည်သူ/ဖြစ်သည်/ကို အကျွန်ုပ်/သိပါ၏။ ကိုယ်တော်/သည် ဘုရားသခင်/၏/သန့်ရှင်းတော်မူသော/သူ/ဖြစ်ပါ၏” ဟု အော်ဟစ်/ပြောဆိုလေ၏။

ယေရှု/ကလည်း ထို/နတ်ဆိုး/အား “တိတ်ဆိတ်စွာ/နေ/၍ သူ့/အထဲ/မှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ ထိုအခါ နတ်ဆိုး/သည် ထို/သူ/ကို လူ/အများ/ရှေ့/တွင် လှဲချ/ပြီးလျှင် ထိခိုက်ဒဏ်ရာ/မဖြစ်စေဘဲ ထို/သူ/အထဲ/မှ ထွက်သွား၏။

လူ/အပေါင်းတို့/သည် အံ့အားသင့်/လျက် “ဤ/သူ/၏/စကား/သည် မည်သို့နည်း။ အခွင့်အာဏာ/နှင့် တန်ခိုးတော်/အားဖြင့် နတ်ဆိုးတို့/ကို အမိန့်ပေး/သောအခါ သူတို့/သည် ထွက်သွားကြသည်” ဟု အချင်းချင်း/ပြောဆိုကြ၏။ ထို့နောက် ယေရှု/၏/သတင်းတော်/သည် ပတ်ဝန်းကျင်/အရပ်ရပ်/သို့ ပျံ့နှံ့သွားလေ၏။

လူ/များစွာ/ကို ကျန်းမာစေတော်မူခြင်း

ယေရှု/သည် ဝတ်ပြုဆောင်/မှ ထွက်ခွာ/၍ ရှိမုန်/၏/အိမ်/သို့ ကြွလေ၏။ ရှိမုန်/၏/ယောက္ခမ/သည် အပြင်းဖျား/လျက်/ရှိ/သောကြောင့် ကုသပေး/ရန် လူတို့/က ကိုယ်တော်/အား လျှောက်ကြ၏။ ကိုယ်တော်/သည်လည်း ထို/အမျိုးသမီး/၏/အိပ်ရာ/ဘေး/၌ ရပ်/၍ “အဖျားပျောက်စေ”7 ဟု အမိန့်ပေးတော်မူ၏။ အမျိုးသမီး/သည် အဖျားပျောက်/သဖြင့် အိပ်ရာ/မှ/ချက်ချင်း/ထ/၍ သူတို့/အား ဧည့်ခံလေ၏။

နေဝင်ချိန်/တွင် လူ/အပေါင်းတို့/သည် ရောဂါ/အမျိုးမျိုး/စွဲကပ်/၍ ဖျားနာသောသူများ/ကို ယေရှု/ထံသို့ ခေါ်ဆောင်/လာကြ၏။ ယေရှု/သည် ထို/လူနာ/အသီးသီး/တို့/အပေါ်/၌ လက်/ကို တင်/၍ သူတို့/ကို ကျန်းမာစေတော်မူ၏။ နတ်ဆိုးတို့/ကလည်း “အရှင်/သည် ဘုရားသခင်/၏/သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်/လျက် လူ/များစွာ/ထံမှ ထွက်သွားကြ၏။ ယေရှု/သည် ခရစ်တော်8/ဖြစ်ကြောင်း/ကို ထို/နတ်ဆိုးတို့/သိမြင်ကြ/သဖြင့် ယေရှု/သည် သူတို့/ကို/ဆုံးမ/၍ စကားပြောခွင့် ပေးတော်မမူပေ။

ဂါလိလဲပြည်/၌ ဟောပြော/သွန်သင်တော်မူခြင်း

နောက်/တစ်နေ့ နံနက်/တွင် ကိုယ်တော်/သည် ဆိတ်ငြိမ်သော/အရပ်/သို့ ကြွတော်မူ၏။ သို့သော် လူအုပ်ကြီး/သည် ကိုယ်တော်/ကို ရှာ/၍ တွေ့ကြ/သောအခါ မိမိတို့/ထံမှ ထွက်ခွာ/မသွား/ရန် တားဆီးကြလေ၏။ သို့ရာတွင် ကိုယ်တော်/က “ငါ/သည် ဘုရားသခင်/၏/နိုင်ငံတော်/နှင့်/ဆိုင်သော သတင်းကောင်း/ကို အခြား/မြို့များ/၌/လည်း ဟောပြော/ရမည်။ အဘယ်ကြောင့်ဆိုသော် ငါ/သည် ဤ/အတွက် စေလွှတ်ခြင်း/ခံရ/သောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်/သည် ယုဒပြည်/၌/ရှိသော ဝတ်ပြုဆောင်များ/သို့ လှည့်လည်/၍ ဆက်လက်/ဟောပြောတော်မူ၏။

Source notes (8)
  1. Footnote တရား ၈:၃။
  2. Footnote မူရင်း/ဂရိကျမ်း/၌ “မုန့်/အားဖြင့်/သာ အသက်ရှင်/ရမည် မဟုတ်” ဟု ဖော်ပြထားသည်။
  3. Footnote တရား ၆:၁၃။
  4. Footnote ဆာ ၉၁:၁၁-၁၂။
  5. Footnote တရား ၆:၁၆။
  6. Footnote ဟေရှာ ၆၁:၁-၂။
  7. Footnote မူရင်း/ဂရိကျမ်း/၌ “ဖျားနာခြင်း/ကို ဆုံးမတော်မူ/လျှင်” ဟု ဖော်ပြထားသည်။
  8. Footnote ဂရိဘာသာ/အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ/အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို/နှစ်ခုလုံး/၏/အဓိပ္ပာယ်/မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.