Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

လုကာ 3

သခင်ဘုရား/၏/လမ်းတော်/ကို နှစ်ခြင်းဆရာ/ယောဟန် ပြင်ဆင်ခြင်း

ရောမဘုရင် တိဗေရိ/ဆီဇာ နန်းစံနှစ် ဆယ့်/ငါးနှစ်/တွင် ပုန္တိပိလတ်မင်း/သည် ယုဒပြည်/၏/ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်/တွင် ဟေရုဒ်၊ ဣကုရဲပြည်/နှင့် တရားခေါနိတ်ပြည်/တွင် ဟေရုဒ်/၏/ညီ ဖိလိပ္ပု၊ အဘိလင်ပြည်/တွင် လုသာနိ စသဖြင့်/အသီးသီး/အုပ်ချုပ်/လျက်/ရှိ၏။ အန္န/နှင့် ကယာဖ/တို့/သည်လည်း ယဇ်ပုရောဟိတ်မင်း/ဖြစ်နေသော/အချိန်/တွင် ဘုရားသခင်/၏/စကားတော်/သည် တောကန္တာရ/တွင် နေထိုင်သော/ဇာခရိ/၏/သား ယောဟန်/ထံသို့ ရောက်လာ၏။ ယောဟန်/သည်လည်း ဂျော်ဒန်မြစ်/ပတ်ဝန်းကျင် တစ်လျှောက်လုံး/သို့/သွားပြီး/လျှင် အပြစ်များ/မှ ဘုရားသခင်/၏/ခွင့်လွှတ်ခြင်း/ခံရ/ရန် နောင်တရ/ရမည့်/အကြောင်း/နှင့် ထိုသို့/နောင်တရကြောင်း/ကို ဖော်ပြ/ရန် နှစ်ခြင်း/မင်္ဂလာခံယူ/ရမည့်/အကြောင်း လူတို့/အား ဟောပြော၏။ ပရောဖက်/ဟေရှာယ/၏/ကျမ်း/တွင် ဟောထားသည်/နှင့်အညီ

“တောကန္တာရ/၌ လူတစ်ဦး ကြွေးကြော်/လျက်/နေ၏။ ထို/သူ/၏/အသံ/မှာ

‘ထာဝရဘုရား/ကြွလာမည့်/လမ်းတော်/ကို အသင့်/ပြင်ဆင်ကြလော့။

ထို/အရှင်/၏/လမ်းတော်/ကို ဖြောင့်ဖြူး/စေကြလော့။

ချိုင့်ဝှမ်းများ ရှိသမျှတို့/သည် ညီညာ/ချောမွေ့ရ/လိမ့်မည်။

တောင်ကုန်း/တောင်တန်းများ/သည် ညီညာ/ပြန့်ပြူး သွားရ/လိမ့်မည်။

ကောက်သော/လမ်းများ/သည် ဖြောင့်တန်း/သွားရ/လိမ့်မည်။

ကြမ်းတမ်းသော/လမ်းများ/သည်လည်း ချောမွေ့/ပြေပြစ်/လာရ/လိမ့်မည်။

ထိုအခါ လူအပေါင်းတို့/သည်

ဘုရားသခင်/၏/ကယ်တင်ခြင်း/ကို တွေ့မြင်ကြရ/လိမ့်မည်’1 ဟူ၍ ဖြစ်၏”

ဟု ရေးသားထား၏။

နှစ်ခြင်းမင်္ဂလာ/ခံယူ/ရန် ရောက်ရှိလာသော/ပရိသတ်တို့/အား ယောဟန်/ဟောပြောသော/စကားများ/မှာ “အို မြွေဆိုး/အမျိုးတို့2… ကျရောက်လာမည့် ဘုရားသခင်/၏/အမျက်တော်/မှ ထွက်ပြေး/ရန် သင်တို့/အား မည်သူ/က သတိပေးခဲ့သနည်း။ အပြစ်/မှ နောင်တရ/၍ ဘုရားသခင်/ထံတော်သို့ ပြန်လာကြောင်း/ကို သင်တို့/အကျင့်/အားဖြင့် သက်သေထူကြလော့။ ‘ငါတို့/သည် အာဗြဟံ/၏/မျိုးဆက်များ ဖြစ်ကြ/သောကြောင့် ဘုရားသခင်/သည် ငါတို့/ကို အပြစ်/စီရင်တော်မူမည်/မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်/မထင်ကြနှင့်။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ ဘုရားသခင်/သည် အာဗြဟံ/အတွက် သားသမီးများ/ကို ဤ/ကျောက်ခဲများ/မှပင် ဖန်းဆင်းတော်မူနိုင်၏။ သစ်ပင်/အမြစ်/နား/တွင် ပုဆိန်/ကို ချထားပြီ/ဖြစ်၏။ ထို့ကြောင့် ကောင်းသော/အသီး မသီးသည့်/အပင်/ရှိသမျှတို့/သည် ခုတ်လှဲခြင်း/ခံရ/၍ မီး/ထဲသို့ ပစ်ချခြင်း ခံရ/လိမ့်မည်” ဟူ၍ ဖြစ်၏။

ပရိသတ်/အားလုံး/က “ကျွန်ုပ်တို့/သည် မည်သို့/ပြု/ရမည်နည်း” ဟု မေးကြ၏။

ထိုအခါ ယောဟန်/က “အင်္ကျီ/နှစ်ထည်/ရှိလျှင် မရှိသော/သူ/အား တစ်ထည်/ကို ဝေမျှစေ။ စားသောက်စရာ/ရှိသော/သူ/သည်လည်း ထို/နည်းတူ ဝေမျှစေ” ဟု ပြန်/၍ ဖြေလေ၏။

အခွန်/ကောက်သူတို့/သည်လည်း နှစ်ခြင်းမင်္ဂလာ/ခံယူ/ရန် ရောက်လာ/၍ “ဆရာ… ကျွန်ုပ်တို့/သည် မည်သို့/လုပ်ဆောင်/ရမည်နည်း” ဟု မေးကြ၏။

ယောဟန်/က “သင်တို့/သည် ရောမ/အစိုးရမင်း သတ်မှတ်ပေးသော/နှုန်း/ထက် ပို/၍ မကောက်ခံကြနှင့်” ဟု ဖြေဆို၏။

ရောမ/စစ်သားများ/ကလည်း “ကျွန်ုပ်တို့/သည် မည်သို့/ပြု/ရမည်နည်း” ဟု မေးမြန်းကြ၏။ ယောဟန်/က “မည်သူ့/ထံမျှ ငွေ/ကို ခြိမ်းခြောက်/၍ မတောင်းယူနှင့်။ သူတစ်ပါး/ကို မတရား/မစွပ်စွဲနှင့်။ မိမိ/ရသော/လစာ/နှင့် ရောင့်ရဲကြလော့” ဟု ဆို၏။

လူတို့/သည် ခရစ်တော်3 အမြန်/ကြွလာမည်/ဟု စောင့်မျှော်နေကြ/သဖြင့် ယောဟန်/သည် ခရစ်တော်/ပင်/ဖြစ်လေသလော/ဟု စိတ်ထဲ/၌/တွေးတောနေကြ၏။ ယောဟန်/ကလည်း “ငါ/သည် သင်တို့/အား ရေ/၌ နှစ်ခြင်းမင်္ဂလာ/ပေး၏။ သို့ရာတွင် ငါ့/ထက်/ကြီးမြတ်သော/အရှင်/သည် မကြာမီ/ကြွလာမည်။ ငါ/သည် ထို/အရှင်/၏/ဖိနပ်ကြိုး/ကို ဖြေပေး/ရန်/ပင် မထိုက်တန်ပါ။ ထို/အရှင်/သည် သင်တို့/ကို သန့်ရှင်းသော/ဝိညာဉ်တော်/၌/လည်းကောင်း၊ မီး/၌/လည်းကောင်း နှစ်ခြင်းမင်္ဂလာ/ပေးတော်မူ/လိမ့်မည်။ ထို/အရှင်/သည် မိမိ/၏/ဆန်ကော/ဖြင့် ဂျုံစပါး/ထဲမှ/အဖျင်း/ကို လှေ့/ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်း/ကို ရှင်းလင်း/၍ ဂျုံစပါး/ကို/ကျီ/တွင် စုသိမ်း/ကာ အဖျင်း/ကိုမူ မငြိမ်းနိုင်သော/မီး/နှင့် ရှို့တော်မူ/လိမ့်မည်” ဟု လူ/အပေါင်းတို့/အား ပြန်ပြော၏။ ယောဟန်/သည် အခြားသော/နှိုးဆော်ချက်များ/ဖြင့် သတင်းကောင်း/ကို လူတို့/အား ဟောပြောလေ၏။

ထို့နောက် နယ်စား/ဟေရုဒ်/သည် ညီဖြစ်သူ/၏/ဇနီး ဟေရောဒိ/ကို သိမ်းယူ/သောကြောင့်/လည်းကောင်း၊ အခြား/မကောင်းမှု/အပြစ်/အမျိုးမျိုး/ကို ကျူးလွန်/သောကြောင့်/လည်းကောင်း ယောဟန်/သည် ဟေရုဒ်/၏/အပြစ်/ကို ဖော်ပြ/ဆုံးမလေ၏။ ထိုအခါ ဟေရုဒ်/သည် ယောဟန်/ကို ထောင်ချ/သဖြင့် သူ/၏/မကောင်းမှု/အလုံးစုံတို့/အပေါ် ထပ်ဆင့်/အပြစ်/တိုးလာလေ၏။

ယေရှု/နှစ်ခြင်းမင်္ဂလာ/ခံယူတော်မူခြင်း

တစ်နေ့/၌ လူ/အပေါင်းတို့/သည် နှစ်ခြင်းမင်္ဂလာ/ခံယူ/ပြီးနောက် ယေရှု/သည်လည်း နှစ်ခြင်းမင်္ဂလာ/ကို/ခံယူ/တော်မူ၏။ ထို့နောက် ဆုတောင်းတော်မူ/စဉ် ကောင်းကင်/ပွင့်/၍ သန့်ရှင်းသော/ဝိညာဉ်တော်/သည် ချိုးငှက်/အသွင်ဆောင်/လျက် ယေရှု/အပေါ်/ဆင်းသက်/၍ နားတော်မူ၏။ ကောင်းကင်/မှ “သင်/သည် ငါ/နှစ်သက်မြတ်နိုးသော ငါ/၏/ချစ်သား ဖြစ်၏”4 ဟူသော အသံတော်/ထွက်ပေါ်လာ၏။

ယေရှု/၏/ဆွေစဉ်/မျိုးဆက်

ယေရှု/သည် အမှုတော်/လုပ်ငန်း/ကို စတင်သော/အချိန်/တွင် အသက်တော်/သုံးဆယ်/ခန့်/ရှိ၏။ လူတို့/၏/ထင်မြင်ချက်/အရ

ယေရှု/သည် ယောသပ်/၏/သား ဖြစ်၏။

ယောသပ်/သည် ဧလိ/၏/သား၊

ဧလိ/သည် မဿတ်/၏/သား၊

မဿတ်/သည် လေဝိ/၏/သား၊

လေဝိ/သည် မေလခိ/၏/သား၊

မေလခိ/သည် ယန္န/၏/သား၊

ယန္န/သည် ယောသပ်/၏/သား၊

ယောသပ်/သည် မတ္တသိ/၏/သား၊

မတ္တသိ/သည် အာမုတ်/၏/သား၊

အာမုတ်/သည် နာဟုံ/၏/သား၊

နာဟုံ/သည် ဧသလိ/၏/သား၊

ဧသလိ/သည် နဂ္ဂဲ/၏/သား၊

နဂ္ဂဲ/သည် မာအတ်/၏/သား၊

မာအတ်/သည် မတ္တသိ/၏/သား၊

မတ္တသိ/သည် ရှေမိ/၏/သား၊

ရှေမိ/သည် ယောသပ်/၏/သား၊

ယောသပ်/သည် ယုဒ/၏/သား၊

ယုဒ/သည် ယောဟန္န/၏/သား၊

ယောဟန္န/သည် ရေသ/၏/သား၊

ရေသ/သည် ဇေရုဗဗေလ/၏/သား၊

ဇေရုဗဗေလ/သည် ရှာလသေလ/၏/သား၊

ရှာလသေလ/သည် နေရိ/၏/သား၊

နေရိ/သည် မေလခိ/၏/သား၊

မေလခိ/သည် အဒ္ဒိ/၏/သား၊

အဒ္ဒိ/သည် ကောသံ/၏/သား၊

ကောသံ/သည် ဧလမောဒံ/၏/သား၊

ဧလမောဒံ/သည် ဧရ/၏/သား၊

ဧရ/သည် ယောသေ/၏/သား၊

ယောသေ/သည် ဧလျေဇာ/၏/သား၊

ဧလျေဇာ/သည် ယောရိမ်/၏/သား၊

ယောရိမ်/သည် မဿတ်/၏/သား၊

မဿတ်/သည် လေဝိ/၏/သား၊

လေဝိ/သည် ရှိမောင်/၏/သား၊

ရှိမောင်/သည် ယုဒ/၏/သား၊

ယုဒ/သည် ယောသပ်/၏/သား၊

ယောသပ်/သည် ယောနန်/၏/သား၊

ယောနန်/သည် ဧလျာကိမ်/၏/သား၊

ဧလျာကိမ်/သည် မေလေ/၏/သား၊

မေလေ/သည် မဲနန်/၏/သား၊

မဲနန်/သည် မတ္တသ/၏/သား၊

မတ္တသ/သည် နာသန်/၏/သား၊

နာသန်/သည် ဒါဝိဒ်/၏/သား၊

ဒါဝိဒ်/သည် ယေရှဲ/၏/သား၊

ယေရှဲ/သည် သြဗက်/၏/သား၊

သြဗက်/သည် ဗောဇ/၏/သား၊

ဗောဇ/သည် စာလမုန်/၏/သား၊

စာလမုန်/သည် နာရှုန်/၏/သား၊

နာရှုန်/သည် အမိနဒပ်/၏/သား၊

အမိနဒပ်/သည် အဒ်မိန်/၏/သား၊

အဒ်မိန်/သည် အာရံ/၏/သား၊

အာရံ/သည် ဟေဇရုံ/၏/သား၊

ဟေဇရုံ/သည် ဖာရက်/၏/သား၊

ဖာရက်/သည် ယုဒ/၏/သား၊

ယုဒ/သည် ယာကုပ်/၏/သား၊

ယာကုပ်/သည် ဣဇာက်/၏/သား၊

ဣဇာက်/သည် အာဗြဟံ/၏/သား၊

အာဗြဟံ/သည် တေရ/၏/သား၊

တေရ/သည် နာခေါ်/၏/သား၊

နာခေါ်/သည် စေရောက်/၏/သား၊

စေရောက်/သည် ရာဂေါ/၏/သား၊

ရာဂေါ/သည် ဖာလက်/၏/သား၊

ဖာလက်/သည် ဟေဗာ/၏/သား၊

ဟေဗာ/သည် ရှာလ/၏/သား၊

ရှာလ/သည် ကာဣနန်/၏/သား၊

ကာဣနန်/သည် အာဖာဇဒ်/၏/သား၊

အာဖာဇဒ်/သည် ရှေမ/၏/သား၊

ရှေမ/သည် နောဧ/၏/သား၊

နောဧ/သည် လာမက်/၏/သား၊

လာမက်/သည် မသုရှလ/၏/သား၊

မသုရှလ/သည် ဧနောက်/၏/သား၊

ဧနောက်/သည် ယာရက်/၏/သား၊

ယာရက်/သည် မဟာလေလေလ/၏/သား၊

မဟာလေလေလ/သည် ကာဣနန်/၏/သား၊

ကာဣနန်/သည် ဧနုတ်/၏/သား၊

ဧနုတ်/သည် ရှေသ/၏/သား၊

ရှေသ/သည် အာဒံ/၏/သား၊

အာဒံ/သည် ဘုရားသခင်/၏/သား/ဖြစ်၏။

Source notes (4)
  1. Footnote ဟေရှာ ၄၀:၃-၅။
  2. Footnote လူတို့/သည် ဖောက်ပြန်/၍ လှည့်စားတတ်သော/မြွေဆိုးများ/ကဲ့သို့ ဖြစ်သောကြောင့် ယောဟန်/သည် လူတို့/အား “မြွေဆိုး/အမျိုးတို့” ဟု ပြစ်တင်ခေါ်ဆိုခြင်း/ဖြစ်သည်။
  3. Footnote ဂရိဘာသာ/အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ/အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို/နှစ်ခုလုံး/၏/အဓိပ္ပာယ်/မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။
  4. Footnote ဟေရှာ ၄၂:၁။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.