Biblica® Open Burmese Contemporary Bible
ဧဖက် 5
သင်တို့/သည် ဘုရားသခင်/ချစ်တော်မူသော/သားသမီးများ ဖြစ်ကြသည့်/အလျောက် ဘုရားသခင်/ကို အတုယူကြလော့။ ခရစ်တော်/သည် ကျွန်ုပ်တို့/ကို ချစ်တော်မူ/၍ ကျွန်ုပ်တို့/အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော/ပူဇော်စရာ/ယဇ်/အဖြစ် ဘုရားသခင်/ထံ ဆက်သတော်မူ/သကဲ့သို့ သင်တို့/သည်လည်း မေတ္တာ/ပွား/လျက် ပြုမူနေထိုင်ကြလော့။
တရား/နှင့် မညီသော မေထုန်/ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်/ညစ်ညမ်းမှု/ပြုခြင်း၊ လောဘ/လွန်ကြူးခြင်း/တို့/သည် ယုံကြည်သူများ1/အတွက် မသင့်လျော်သည့် ဒုစရိုက်/အမှုများ ဖြစ်/သောကြောင့် သင်တို့/ထဲ၌ အရိပ်အယောင်/မျှပင် မရှိစေနှင့်။ မဖွယ်မရာ/စကား၊ အနှစ်သာရ/မရှိသော/စကား၊ ညစ်ညမ်းသော/ပြက်လုံးတို့/သည်လည်း မသင့်လျော်/သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်/အား ကျေးဇူးတင်သော/စကားများ/ကိုသာ ပြောဆိုကြလော့။ တရား/နှင့်/မညီသော မေထုန်/ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တု/ကိုးကွယ်ခြင်း ဖြစ်သည့် လောဘ/လွန်ကြူးသောသူ တစ်ယောက်/မျှ ခရစ်တော်/နှင့် ဘုရားသခင်/၏ နိုင်ငံတော်/ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။
အလင်း/၌ အသက်ရှင်ခြင်း
အချည်းနှီးသော စကားများ/ဖြင့် မည်သူမျှ သင်တို့/ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များ/ကြောင့် မနာခံသော/သူတို့/အပေါ် ဘုရားသခင်/၏ အမျက်တော် ကျရောက်၏။ ထို့ကြောင့် ထို/သူတို့/နှင့် မပေါင်းဖော်ကြနှင့်။ သင်တို့/သည် ယခင်/က အမှောင် ဖြစ်ခဲ့/သော်လည်း ယခု/တွင်မူ သခင်ဘုရား/၏ လူများ ဖြစ်လာကြ/သောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း/၏ သားသမီးများ/ကဲ့သို့ ပြုမူနေထိုင်ကြလော့။ အလင်း/၏/အသီးအပွင့်/သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း/တို့ ဖြစ်ကြ၏။
သခင်ဘုရား နှစ်သက်တော်မူသော/အရာ/မှာ မည်သည့်/အရာ ဖြစ်သည်/ကို ဆန်းစစ်ကြလော့။ အချည်းနှီး ဖြစ်သော အမှောင်/၏/အမှုတို့/၌ မပါဝင်ဘဲ ထို/အမှုတို့/ကို ဖော်ပြကြလော့။ မနာခံသော/သူတို့/က ဆိတ်ကွယ်/ရာတွင် ပြုသော/အမှု/အကြောင်း/ကို ကျွန်ုပ်တို့/သည် ပြောဆို/ရန်ပင် ရှက်ဖွယ်/ကောင်း၏။ သို့သော် အလင်း/ဖြင့် ဖော်ပြခံရသော/အရာ/အားလုံး/သည် ထင်ရှားလာ၏။ အဘယ်ကြောင့်ဆိုသော် အလင်း/၌ ဖော်ပြခံရသော အရာ/အားလုံး/သည် အလင်း ဖြစ်လာ/သောကြောင့် ဖြစ်၏။ သို့ဖြစ်၍
“အိပ်ပျော်သောသူ နိုးလော့။
သေရာ/မှ ထလော့။
ခရစ်တော်/သည် သင့်/အပေါ် ထွန်းလင်းတော်မူ/လိမ့်မည်”
ဟု ပြောဆိုခြင်း ဖြစ်၏။
ဝိညာဉ်တော်/၏/တန်ခိုး/ဖြင့် အသက်ရှင်/ခြင်း
ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်/ကို သတိပြုကြလော့။ ပညာမဲ့/ကဲ့သို့ မဟုတ်ဘဲ ပညာရှိ/ကဲ့သို့ ပြုမူနေထိုင်ကြလော့။ နေ့ရက်/ကာလ/သည် ဆိုးညစ်/သောကြောင့် အချိန်နာရီ/ကို အကျိုးရှိ/စွာ အသုံးပြုကြလော့။ ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား/၏ အလိုတော်/က မည်သည့်အရာ ဖြစ်သည်/ကို ပိုင်းခြား နားလည်ကြလော့။ ဘဝ/ပျက်စေသော သောက်စား/မူးယစ်ခြင်း/ကို ရှောင်ကြဉ်/၍ သင်တို့/၏ ဘဝ/ကို ဝိညာဉ်တော်/နှင့် ပြည့်ဝစေကြလော့။ ဆာလံ/သီချင်းများ၊ ဓမ္မ/သီချင်းများ၊ ဝိညာဉ်/ရေးရာ/သီချင်းများ/ဖြင့် အချင်းချင်း သီဆို/လျက် စိတ်နှလုံး/အကြွင်းမဲ့ သခင်ဘုရား/အတွက် သီဆိုကြလော့။ ကျွန်ုပ်တို့/သခင် ယေရှု/ခရစ်တော်/၏ အမည်/နာမတော်/ကို အမှီပြု/၍ အရာ/အားလုံး/အတွက် ခမည်းတော်/ဘုရားသခင်/အား အစဉ် ကျေးဇူးတင်ကြလော့။
ဇနီးသည်များ/နှင့် ခင်ပွန်းသည်များ
ခရစ်တော်/ကို ရိုသေသော/စိတ်/ဖြင့် တစ်ဦး/ကို တစ်ဦး နာခံကြလော့။
ဇနီးသည်တို့… သခင်ဘုရား/ကို နာခံ/သကဲ့သို့ သင်တို့/၏ ခင်ပွန်းသည်/ကို နာခံကြလော့။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်/သည် အသင်းတော်/၏ ဦးခေါင်း ဖြစ်/သကဲ့သို့ ခင်ပွန်း/သည် ဇနီး/၏ ဦးခေါင်း ဖြစ်/သောကြောင့်/ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်/သည် အသင်းတော် ဟူသော မိမိ/၏/ကိုယ်ခန္ဓာ/ကို ကယ်တင်သော/အရှင် ဖြစ်တော်မူ၏။ အသင်းတော်/သည် ခရစ်တော်/ကို နာခံ/သကဲ့သို့ ဇနီးသည်တို့/သည်လည်း အရာရာ/၌ မိမိ/ခင်ပွန်းသည်/ကို နာခံကြ/ရမည်။
ခင်ပွန်းသည်တို့… ခရစ်တော်/သည် အသင်းတော်/ကို ချစ်/သောကြောင့် အသင်းတော်/အတွက် အသက်ပေးတော်မူ/သကဲ့သို့ မိမိ/ဇနီးသည်/ကို ချစ်ကြလော့။ ထိုသို့ အသက်ပေးတော်မူခြင်း/သည် ရေ/နှင့် နှုတ်ကပတ်တော်/ဖြင့် အသင်းတော်/ကို ဆေးကြော/၍ သန့်ရှင်း/စင်ကြယ်/ပြီးမှ အစွန်းအထင်း၊ အတွန့်အကြေတို့/နှင့် အခြား/ထိုသို့သော/အနာအဆာ တစ်စုံတစ်ခု/မျှ မရှိဘဲ သန့်ရှင်း/လျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်/အဖြစ် မိမိ/ထံ ဆက်သ/ရန် ဖြစ်၏။ ထို/နည်းတူ ခင်ပွန်းသည်တို့/သည် မိမိ/၏/ကိုယ်ခန္ဓာ/ကို ချစ်/သကဲ့သို့ မိမိ/ဇနီး/ကို ချစ်ရမည်။ မိမိ/ဇနီး/ကို ချစ်သောသူ/သည် မိမိ/ကိုယ်/မိမိ ချစ်သောသူ ဖြစ်၏။ မိမိ/ကိုယ်ခန္ဓာ/ကို မုန်းသောသူ ဟူ၍ တစ်ယောက်/မျှ မရှိပေ။ လူ/သည် မိမိ/ကိုယ်ခန္ဓာ/ကို ပြုစု/စောင့်ရှောက်/တတ်၏။ ခရစ်တော်/သည်လည်း အသင်းတော်/ကို ပြုစု/စောင့်ရှောက်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/သည် ခရစ်တော်/၏ ကိုယ်ခန္ဓာ/အစိတ်အပိုင်းများ ဖြစ်ကြ/သောကြောင့် ဖြစ်၏။
ကျမ်းစာ/တွင် “ထို့ကြောင့် ယောက်ျား/သည် မိခင်/နှင့် ဖခင်/ကို ခွဲခွာ/၍ မိမိ/ဇနီး/နှင့် ပေါင်းဖက်/သဖြင့် သူတို့/နှစ်ဦး/သည် တစ်သားတည်း ဖြစ်ကြ/လိမ့်မည်”2 ဟု ဖော်ပြထား၏။ ဤ/တစ်သား/တစ်ကိုယ်တည်း ဖြစ်ခြင်း/သည် အလွန် နက်နဲသော/အရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်/နှင့် အသင်းတော်/ကို ရည်ညွှန်း/၍ ကျွန်ုပ်/ပြောဆိုခြင်း ဖြစ်၏။ မည်သို့ပင်/ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ/တိုင်း/သည်လည်း မိမိ/ကိုယ်/မိမိ ချစ်/သကဲ့သို့ မိမိ/ဇနီးသည်/ကို ချစ်ကြလော့။ ဇနီးသည်တို့/ကလည်း မိမိ/ခင်ပွန်းသည်/ကို ရိုသေကြလော့။
Source notes (2)
- Footnote “ယုံကြည်သူများ” မူရင်း/ဂရိကျမ်း/တွင် “သန့်ရှင်းသူများ” ဟု ပါရှိသည်။
- Footnote က ၁:၂၇၊ ၅:၂၊ ၂:၂၄။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.