Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ရောမ 8:31

Verse 31 is marked below, with the whole chapter around it. Read from the start

ဝိညာဉ်တော်၌ဟိသော အသက်တာ

ထို့ကြောင့် အဂုတွင် ခရစ်တော်ယေသျှု၌ဟိသော သူရို့အတွက် အပြစ်စီရင်ခြင်းဟူ၍ မဟိ။ အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို1 လွတ်မြောက်စီတော်မူ၏။ လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။ အကြောင်းမူကား၊ လူ့ဇာတိအလိုအတိုင်းမကျင့်၊ ဝိညာဉ်တော်အလိုအတိုင်း ကျင့်သော ငါရို့သည် ပညတ်တရား၌ပါသော ဖြောင့်မတ်ခြင်းတရား၏အလိုနှင့် ပြည့်စုံစီခြင်းငှာ ဘုရားသခင်က ဤသို့ လုပ်ဆောင်ပီးခြင်းဖြစ်၏။ မိမိရို့လူ့ဇာတိအလိုအတိုင်း အသက်ရှင်သောသူရို့သည် လူ့ဇာတိအလိုကိုသာ စိတ်စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သော သူရို့သည်ကား၊ ဝိညာဉ်တော်အလိုနှင့်ဆိုင်သော အရာများကိုသာ စိတ်စွဲလမ်းတတ်ကြ၏။ ဇာတိပကတိသဘောသည် သီခြင်းတရားဖြစ်၏။ ဝိညာဉ်တော်၏အလိုကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။ မိမိရို့၏ဇာတိပကတိစိတ်ဖြင့် အသက်ရှင်သောသူရို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာကြ၏။ အကြောင်းမူကား သူရို့သည် ဘုရားသခင်၏ပညတ်တော်အတိုင်း မလိုက်လျှောက်ကြ။ လိုက်လျှောက်ရန်လည်း မတတ်နိုင်ကြပေ။ ဇာတိပကတိနောက်သို့ လိုက်သောသူရို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွိ့နိုင်။

သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည် မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။ သို့ရာတွင် ခရစ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့၏ခန္ဓာကိုယ်သည် အပြစ်ကြောင့် သီနိန်သော်လည်း သင်ရို့၏ဝိညာဉ်သည်ကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်လျက်ဟိ၏။2 3ထိုမျှမက ယေသျှုကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်သည် သင်ရို့အထဲ၌ ဟိသော မိမိ၏ဝိညာဉ်တော်အားဖြင့် သီတတ်သော သင်ရို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်ရသောအခွင့်ကို ပီးတော်မူလိမ့်မည်။

သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ငါရို့မှာ လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြရန် တာဝန်ဟိကြသည် မဟုတ်။ အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။ ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်မှုကို လိုက်နာသမျှသော သူရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြ၏။ 45အကြောင်းမူကား၊ ဘုရားသခင်က သင်ရို့အား ပီးထားသော ဝိညာဉ်တော် တန်ခိုးတော်ကြောင့် သင်ရို့သည် ကြောက်ရွံ့တတ်သောကျွန်အဖြစ်သို့ ရောက်ကြရသည် မဟုတ်။ ထိုဝိညာဉ်တော်အားဖြင့် သင်ရို့သည် “အဗ္ဗ၊ အကျွန်၏အဖ” ဟု ခေါ်ခွင့်ရသော ဘုရားသခင်၏သား၊ သမီးများဖြစ်ရသော အကျိုးထူးကို ခံရကြ၏။ ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။ ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။

ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်

အဂုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။ ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။ အကြောင်းမူကား ဖန်ဆင်းခံလောကသည် ပျက်ဆီးခြင်းတရား၌ သူ့သဘောနှင့်သူ တည်ဟိနိန်သည် မဟုတ်၊ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ တည်ဟိနိန်ရ၏။ သို့ရာတွင် မျှော်လင့်စရာအကြောင်းကား ဟိနိန်၏။ အကြောင်းမှာ ဖန်ဆင်းခံလောက ကိုယ်တိုင် ပျက်စီးခြင်း၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဘုရားသခင်သားသမီးရို့၏ ဘုန်းတန်ခိုးတော်နှင့် လွတ်မြောက်ခြင်းချမ်းသာထဲသို့ ဝင်စားရမည်ဖြစ်သောကြောင့် ဖြစ်၏။ ဖန်ဆင်းခံအားလုံးသည် အဂုအချိန်ထိတိုင်အောင် အချေမွီးဖွားခြင်းကဲ့သို့ နာကျင်ခြင်းဝေဒနာကို ခံစားလျက် ညည်းတွားနိန်ကြသည်ကို ငါရို့ သိကြ၏။ 6သို့ရာတွင် ဖန်ဆင်းခံများသည်သာမက ဘုရားသခင်၏ဝိညာဉ်တော် လက်ဆောင်ကို အဦးဆုံး ခံရသော ငါရို့သည်လည်း ကိုယ်တော်၏သားသမီးများအဖြစ် ချီးမြှောက်ခြင်းကို ခံရပြီးလျှင်7 ကိုယ်ခန္ဓာ လွတ်မြောက်ခြင်းကို မျှော်လင့်ကာ စိတ်နှလုံးထဲ၌ ညည်းတွားလျက် နိန်ကြ၏။ အကြောင်းမူကား ငါရို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ သို့ရာတွင် ငါရို့သည် မျှော်လင့်သောအရာကို တွိ့မြင်ရလျှင် ထိုအရာသည် စစ်မှန်သောမျှော်လင့်ခြင်း မဟုတ်။ အကြောင်းမူကား ငါရို့၌ ဇာသူသည် တွိ့မြင်နိန်ရသော အရာကို မျှော်လင့်နိန်ကြသနည်း။ သို့ရာတွင် ငါရို့သည် မမြင်ရသိမ့်သောအရာကို မျှော်လင့်နိန်ကြလျှင် သည်းခံသောစိတ်နှင့် စောင့်မျှော်နိန်ခြင်း ဖြစ်၏။

တစ်နည်းအားဖြင့် ငါရို့၏ အားနည်းချက်ကို ကူညီမစခြင်းငှာ ဝိညာဉ်တော်သည် ဆင်းကြွလာတော်မူ၏။ ငါရို့သည် ဇာပိုင်ဆုတောင်း သင့်သည်ကိုပင် မသိကြ။ သို့သော်လည်း ဝိညာဉ်တော်သည် နှုတ်ဖြင့်မမြွက်ဆိုနိုင်သော အရာကို ညည်းတွားခြင်းနှင့် ငါရို့အတွက် ဘုရားသခင်ထံ ဆုတောင်းလျက်ဟိ၏။ ထို့အပြင် ငါရို့၏စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ယှင်းသူရို့အတွက် အသနားခံနိန်ခြင်းဖြစ်၏။

ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို8 ချစ်သောသူရို့နှင့်အတူ အရာခပ်သိမ်း၌ ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိသည်ကို ငါရို့ သိကြ၏။ များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။ ထိုသို့ ခွဲခန့်မှတ်သားထားသော သူတိကို ခေါ်တော်မူ၏။ ထိုသို့ ခေါ်တော်မူသော သူတိကိုလည်း ဖြောင့်မတ်ရာ၌ တည်စီတော်မူ၏။ ထိုသို့ ဖြောင့်မတ်ရာ၌ တည်စီတော်မူသောသူတိအား မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ချီးမြှောက်တော်မူ၏။

ယေသျှုခရစ်တော်၌တည်သော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်

သို့ဖြစ်၍ ငါရို့သည် ဤအရာတိကို ဇာပိုင် ပြောရပါမည်နည်း။ ဘုရားသခင်သည် ငါရို့ဘက်မှာ ဟိနိန်လျှင် ဇာသူသည် ငါရို့ကို ဆန့်ကျင်နိုင်ပါမည်နည်း။ မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။ ဇာသူသည် ဘုရားသခင် ရွီးချယ်ထားသောသူတိကို အပြစ်ရှာမည်နည်း။ ဖြောင့်မတ်စီတော်မူသောသူသည်ကား ဘုရားသခင် ဖြစ်တော်မူ၏။ အပြစ်စီရင်သောသူကား ဇာသူလဲ။ ငါရို့အတွက် အသီခံပီးသည်သာမက သီခြင်းက ထမြောက်၍ ဘုရားသခင်၏ လက်ယာဖက်မှာ နီတော်မူလျက်၊ ငါရို့ အတွက် ဆုတောင်းပီးနိန်သောသူကား ခရစ်တော်ယေသျှုပင် မဟုတ်ပါလား။ သို့ဖြစ်၍ ဇာသူသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်နည်း။ ဒုက္ခနှင့် ကြုံတွိ့ရခြင်း၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း၊ ညှဉ်းဆဲခံရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း၊ အန္တရာယ်နှင့် ကြုံတွိ့ရခြင်း၊ အသီသတ်ခံရခြင်း စသည့်အရာများသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်လော။ ကျမ်းစာ၌၊

“ကိုယ်တော်အတွက် အကျွန်ရို့သည် အချိန်တိုင်း၌ အသီသတ်ခြင်းကို ခံနိန်ကြရပါ၏၊

သတ်ဖို့ရန်ထားသော သိုးကဲ့သို့ အကျွန်ရို့ကို ထင်မှတ်ကြပါ၏” ဟု လာသတည်း။

မကွာဝီးသည်သာမက၊ ငါရို့သည် ခပ်သိမ်းသောဤအမှုတိကို ကြုံတွိ့ရကြသောအခါ ငါရို့ကို ချစ်တော်မူသော အသျှင်အားဖြင့် လုံးဝ အောင်မြင်မှုကို ရဟိကြ၏။ အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊ ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။

Source notes (8)
  1. Footnote ငါ့ကို၊ အချို့သော လက်ရီးမူကျမ်းများတွင် သင်၊ ပါဟိပြီး၊ အခြားသော ကျမ်းများ၌ ငါရို့ကို၊ ဟု ပါဟိသည်။
  2. Footnote သင်ရို့၏ဝိညာဉ်သည်ကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်လျက်ဟိ၏၊ သို့မဟုတ် ဝိညာဉ်တော်သည် သင်ရို့အတွက် အသက်ဖြစ်၏။
  3. Cross-reference ၁ ကော ၃.၁၆
  4. Cross-reference မာ ၁၄.၃၆; ဂလာ ၄.၆
  5. Cross-reference ဂလာ ၄.၅–၇
  6. Cross-reference ၂ ကော ၅.၂–၄
  7. Footnote တချို့သော လက်ရီးမူကျမ်းများ၌၊ ငါရို့ကို ကိုယ်တော်၏ သားသမီးများအဖြစ် ချီးမြှောက်ပြီးလျှင်၊ ဟူ၍ မပါဟိ။
  8. Footnote ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို၊ တချို့သော လက်ရီးမူကျမ်းများ၌ အရာခပ်သိမ်းသည် ကိုယ်တော့်ကို ချစ်သောသူတိအတွက် ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိကြ၏၊ ဟူ၍ ပါဟိ၏။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.