Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဗျာဒိတ်တော် 19

ထို့နောက် ကောင်းကင်၌ များစွာသောလူအုပ်ကြီး၏ အသံနှင့်တူသည့်အသံကို ငါ ကြားရ၏။ ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ငါရို့ဘုရားသခင်သည် ကယ်တင်ခြင်း၊ ဘုန်းတော်၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ တရားစီရင်တော်မူချက်ရို့သည် မှန်ကန်ပြီး ဖြောင့်မတ်ပါ၏။ မိမိ၏ ကာမဂုဏ်ဖြင့် မြီကြီးသားရို့အား ဖောက်ပြန်ပျက်စီးစီသော ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် ပြစ်ဒဏ်ပီးတော်မူ၏။ ကိုယ်တော်၏ အစီခံရို့ကို သတ်ခသောကြောင့် ကိုယ်တော်သည် ထိုမိန်းမအား ဒဏ်ခတ်တော်မူယာ” ဟု ကြွေးကြော်ကြ၏။ တဖန် ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ထိုမြို့မှ မီးခိုးများသည် ထာဝရအစဉ်အဆက် လွင့်တက်လျက် ဟိ၏” ဟု ကြွေးကြော်၏။ ထိုအခါ အသက်ကြီးသူ ၂၄ ပါးနှင့် သက်ဟိသတ္တဝါလေးပါးရို့က “အာမင်၊ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြလော့” ဟု ဆိုကာ ပလ္လင်တော်ထက်တွင် စံနိန်တော်မူသော ဘုရားသခင်အား ပျပ်ဝပ် ကိုးကွယ်ကြ၏။

သိုးသူငယ်တော်၏ မင်္ဂလာပွဲ

“ဘုရားသခင်၏ အစီခံအပေါင်းရို့နှင့် လူအားလုံးရို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီသောသူ အကြီးအငယ်အပေါင်းရို့ ငါရို့ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြလော့” ဟု ပလ္လင်တော်မှ အသံထွက်ပေါ်လာ၏။ ထို့နောက် လူပရိသတ်ကြီး၏ အသံကဲ့သို့ လည်းကောင်း၊ အဟုန်ဖြင့် စီးသောရီသံကဲ့သို့ လည်းကောင်း၊ မိုးခြိမ်းသံကဲ့သို့ လည်းကောင်း ထွက်ပေါ်လာသော အသံကို ငါကြားရ၏။ ထိုအသံကြီးက “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အနန္တတန်ခိုးသျှင် ငါရို့၏ဘုရားသခင်သည် အုပ်စိုးတော်မူယာ။ သိုးသူငယ်တော်၏ မင်္ဂလာပွဲ အချိန် ကျရောက်ပြီဖြစ်သောကြောင့် ငါရို့သည် ဝမ်းမြောက်ရွှင်လန်းလျက် ဘုန်းတော်ကို ချီးမွမ်းကြကုန်အံ့။ ကိုယ်တော်၏ သတို့သမီးသည် မိမိကိုယ်ကို အသင့်ပျင်ဆင် ထားယာ။ သူမသည် ဝတ်ဆင်ရန် စင်ကြယ်သောပိတ်ချောထည်ကို ရထားယာ” ဟု ဆို၏။ (ထိုပိတ်ချောထည်ကား ဘုရားသခင်လူရို့၏ ကောင်းသောအကျင့်တိကို ဆိုလိုသတည်း။) 1

ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။

ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။

အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။

မြင်းဖြူစီးတော်မူသောအသျှင်

ထို့နောက် ကောင်းကင်ဘုံ ပွင့်လျက်နိန်သည်ကို ငါ မြင်ရ၏။ ထိုအရပ်တွင် မြင်းဖြူတစ်ကောင် ဟိ၏။ ထိုမြင်းကို စီးသောသူသည် သစ္စာဟိသောသူနှင့် သမ္မာတရားဟိသောသူ ဟူ၍ နာမည်ဟိ၏။ ထိုအသျှင်သည် ဖြောင့်မတ်စွာ တရားစီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ သူ၏ မျက်လုံးများသည် မီးလျှံကဲ့သို့ တောက်ပလျက် ဟိ၏။ သူ၏ ဦးဂေါင်းတွင် သရဖူများကို ဆောင်းထား၏။ သို့သော် မိမိမှတစ်ပါး အခြားမည်သူမျှ မသိသော နာမည်ကို သူ၏အထက်မှာ ရီးမှတ်ထား၏။ ထိုအသျှင်သည် အသွီး၌ နှိုက်ထားသော အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမည်ကား “ဘုရားသခင်၏ နှုတ်ကပတ်တော်” ဟူ၍ ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေရို့သည် စင်ကြယ်သည့် ပိတ်ချောဖြူထည်ကို ဝတ်ဆင်ကာ မြင်းဖြူများစီးလျက် ထိုအသျှင်၏ နောက်တော်မှ လိုက်ကြ၏။ 2လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။ ကိုယ်တော်၏ ဝတ်လုံတော်နှင့် ပေါင်တော်တွင် “ဘုရင်တကာရို့၏ ဘုရင်၊ အသျှင်တကာရို့၏ အသျှင်” ဟူသော နာမကို ရီးထားလျက် ဟိ၏။

ထို့နောက် နီထက်တွင် ကောင်းကင်တမန်တစ်ပါး ရပ်လျက်နိန်သည်ကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်တွင် ပျံသန်းနိန်သော ငှက်အပေါင်းရို့အား “လာကြ၊ ဘုရားသခင်၏ စားပွဲတော်ကြီးသို့ စုဝေးကြလော့။ သင်ရို့သည် သျှင်ဘုရင်ရို့၊ ဗိုလ်ချုပ်ကြီးရို့၊ စစ်သူရဲရို့၊ မြင်းစီးသူရဲရို့၊ မြင်းများ၊ လူကြီးလူငယ်ရို့၊ ကျွန်နှင့် ကျွန် မဟုတ်သော သူရို့၏အသားကို စားကြရလိမ့်မည်” ဟု အသံကျယ်စွာ ကြွေးကြော်လေ၏။

ထို့နောက် သားရဲနှင့် မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့နှင့် သူရို့၏စစ်သည် ဗိုလ်ပါရို့သည် မြင်းစီးတော်မူသော အသျှင်နှင့် တိုက်ခိုက်ရန် စုရုံးကြသည်ကို ငါမြင်ရ၏။ 3သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ကျန်ကြွင်းသောသူရို့သည်ကား မြင်းဖြူကို စီးတော်မူသော အသျှင်၏ခံတွင်းမှ ထွက်လာသော သန်လျက်ဖြင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ ငှက်အပေါင်းရို့သည် သူရို့၏အသားကို ဝစွာ စားကြ၏။

Source notes (3)
  1. Cross-reference မ ၂၂.၂,၃
  2. Cross-reference ဗျာ ၁၄.၂၀
  3. Cross-reference ဗျာ ၁၃.၁–၁၈

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.