Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဗျာဒိတ်တော် 16

ဘုရားသခင်၏ အမျက်တော်ခွက်ဖလားများ

ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံထွက်ပေါ်လာသည်ကို ငါ ကြားရ၏။ ထိုအသံသည်ကား ကောင်းကင်တမန် ခုနစ်ပါးရို့အား “ဘုရားသခင်၏ အမျက်တော်ခွက်ဖလား ခုနစ်လုံးကို မြီကြီးသို့ သွန်းလောင်းလော့” ဟူ၍ ဖြစ်၏။

ပထမကောင်းကင်တမန်သည် လား၍ မိမိ ခွက်ဖလားမှ အမျက်တော်ကို မြီကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ သားရဲ၏ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူရို့နှင့် သူ၏ ရုပ်တုကို ကိုးကွယ်ကြသော သူရို့တွင် အလွန်ဆိုးရွားသော အနာစိမ်းများ ပေါက်ကြလေ၏။

ထို့နောက် ဒုတိယကောင်းကင်တမန်သည် မိမိခွက်ဖလားမှ အမျက်တော်ကို မြီကြီးသို့ သွန်ချလေ၏။ ထိုအခါ ပင်လယ်ရီသည် လူအသီကောင်၏ သွီးကဲ့သို့ ဖြစ်လေ၏။ ပင်လယ်ထဲ၌ အသက်ရှင်ကြကုန်သော သတ္တဝါဟူသမျှသည် သီဆုံးကြ၏။

ထို့နောက် တတိယကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားမှ အမျက်တော်ကို မြစ်များ၊ စမ်းပေါက်များ အထက်၌ သွန်ချလေ၏။ ထိုအခါ ရီများသည် သွီးအတိဖြစ်လေ၏။ ရီကိုစောင့်သည့် ကောင်းကင်တမန်က “အတိတ် ပစ္စုပ္ပန်ကာလ၌ ဟိတော်မူ၍ သန့်ယှင်းမြင့်မြတ်တော်မူသော အသျှင်၊ ကိုယ်တော်၏ စီရင်တော်မူချက်သည် ဖြောင့်မတ်ပါ၏။ ထိုသူရို့သည် ဘုရားသခင်၏လူရို့နှင့် ပရောဖက်ရို့၏ သွီးကို လောင်းခကြသဖြင့် ကိုယ်တော်သည် သူရို့သောက်ရန် သွီးကို ပီးတော်မူထားယာ။ ထိုသူရို့သည်လည်း ခံထိုက်သော ပြစ်ဒဏ်ကို ခံရကြပါ၏” ဟု လျှောက်ထား၏။ ထို့နောက် ယဇ်ပလ္လင်မှ အသံတော်သည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူချက်ရို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟု လျှောက်ထားသည်ကို ငါကြားရ၏။

ထို့နောက် စတုတ္ထ ကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားကို နီထက်သို့ သွန်ချလိုက်၏။ ထိုအခါ နီသည် လူတိအား အပူဟိန်ဖြင့် လောင်ကျွမ်းစီနိုင်သောအခွင့်ကို ရလေ၏။ လူရို့သည် အားကြီးသော အပူဟိန်ဖြင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ကပ်ဘေးများကို အစိုးရသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ သို့သော် သူရို့သည် နောင်တရရန်နှင့် ကိုယ်တော်၏ ဂုဏ်တော်ကို ချီးမွမ်းဖို့ရန် ငြင်းပယ်ကြ၏။

ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိ၏ ခွက်ဖလားကို သားရဲ၏ပလ္လင်ထက်သို့ သွန်းလောင်းလေ၏။ ထိုအခါ သားရဲ၏ နိုင်ငံသည် မှောင်မိုက် အတိဖြစ်လေ၏။ ထိုနိုင်ငံသားရို့သည် ဝေဒနာခံရသောကြောင့် မိမိရို့၏ လျှာကို ကိုက်ကြလေ၏။ မိမိရို့၏ ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံသျှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ သို့ရာတွင် မိမိရို့၏ ဆိုးညစ်သောအကျင့်များမှ နောင်တမရကြ။

ထို့နောက် ဆဋ္ဌမ ကောင်းကင်တမန်သည် မိမိ၏ ဖလားကို ဥဖရတ်မြစ်ကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ အရှိ့အရပ်မှ လာသော သျှင်ဘုရင်ရို့အတွက် လမ်းဖြစ်စီခြင်းငှာ မြစ်ရီသည် ခန်းခြောက်လားလေ၏။ ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။ သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။ 1

“နားထောင်ကြလော့၊ ငါသည် သူခိုးကဲ့သို့ လာမည်။ သို့ဖြစ်၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား လူရို့၏ရှိ့၌ အဝတ်မပါဘဲ သွားလာ၍ အရှက်မရစီရန် ဖြစ်၏။”

ထို့နောက် ဝိညာဉ်ရို့သည် သျှင်ဘုရင်ရို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သော အရပ်သို့ ခေါ်ဆောင်စုရုံးစီကြ၏။

သတ္တမကောင်းကင်တမန်သည် မိမိခွက်ဖလားကို လီထဲသို့ သွန်ချလိုက်၏။ ထိုအခါ ဗိမာန်တော်၏ အတွင်း၌ဟိသော ပလ္လင်တော်မှ “အမှု ပြီးယာ” ဟု ကျယ်လောင်သော အသံထွက်ပေါ်လာ၏။ 2ထို့နောက် လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးကြိမ်းခြင်း၊ ငလျင်ပြင်းစွာလှုပ်ခြင်းများ ဖြစ်လေ၏။ လူသားမျိုးနွယ်ကို ဖန်ဆင်းကတည်းမှစ၍ ဤမျှလောက် ပြင်းထန်သော ငလျင်လှုပ်ခြင်း မဟိဖူးခပေ။ မြို့ကြီးသည် သုံးပိုင်းကွဲလေ၏။ အလုံးစုံသော တိုင်းနိုင်ငံ၌ ဟိသော မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကို သတိရတော်မူလျက် မိမိ၏ခွက်ဖလားမှ ပြင်းထန်သော အမျက်တော်တည်းဟူသော စပျစ်ရည်ကို သောက်စီတော်မူ၏။ 3ကျွန်းဟိသမျှသည် ပျောက်လားကုန်၏။ တောင်များသည် ကွယ်ပျောက်လား၏။ 4အာကာပြင်မှ ပိဿာတစ်ရာမျှ အလီးချိန်ဟိသော မိုးသီးကြီးများသည် လူရို့အထက်သို့ ကျကြကုန်၏။ ထိုဆိုးရွားလှသော မိုးသီးဘေးဒဏ်ကြောင့် လူရို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။

Source notes (4)
  1. Cross-reference မ ၂၄.၄၃,၄၄; လု ၁၂.၃၉,၄၀; ယာ ၃.၃
  2. Cross-reference ဗျာ ၈.၅; ၁၁.၁၃,၁၉
  3. Cross-reference ဗျာ ၆.၁၄
  4. Cross-reference ဗျာ ၁၁.၁၉

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.