ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
ဗျာဒိတ်တော် 15
ကောင်းကင်တမန်တိနှင့်အတူ နောက်ဆုံးသော ကပ်ဘေးများ
ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။
ထို့နောက် မီးနှင့်ရောသည့် ဖန်ရီကန်နှင့်တူသော အရာတစ်ခုကို ငါမြင်ရ၏။ သားရဲနှင့် သူ၏ရုပ်တုအား လည်းကောင်း၊ ကိန်းဂဏန်း၏ နာမည်ကို ပိုင်ဆိုင်သူအား လည်းကောင်း အောင်နိုင်သောသူရို့ကို ငါမြင်ရ၏။ သူရို့သည် ဘုရားသခင် ပီးတော်မူသော စောင်းများကို ကိုင်လျက် ဖန်ရီကန်အနားတွင် ရပ်လျက်နိန်ကြ၏။ သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊
“အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည်
အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။
လူမျိုးတကာ1ရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည်
အလွန်မျှတ မှန်ကန်လှပါသည်တကား။
အို ဘုရားသခင်၊ ကိုယ်တော့်ကို မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။
ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။
ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့်
လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်”
ဟူ၍ ဖြစ်၏။
ထို့နောက် ကောင်းကင်ဘုံ၌ ပဋိညာဉ်တဲတော်ဟိရာ ဗိမာန်တော်သည် ပွင့်လာသည်ကို ငါ မြင်ရ၏။ ထိုအခါ ကပ်ဘေးခုနစ်ပါးကို သယ်ဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးသည် ဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူရို့သည် ကြည်လင်တောက်ပသော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရွှီရင်စည်းကို ပတ်ထားကြ၏။ ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကြောင့် ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်လျက်ဟိ၏။ သို့ဖြစ်၍ ကောင်းကင်တမန် ခုနစ်ပါးသယ်ဆောင်လာသည့် ကပ်ဘေးခုနစ်ပါး ပြီးဆုံးသည်ထိ ဇာသူမျှ ဗိမာန်တော်ထဲသို့ မဝင်နိုင်။
Source notes (1)
- Footnote လူမျိုးတကာ၊ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် ခေတ်ကာလ၊ ဟူ၍ ပါဟိသည်။
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.