Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ယာကုပ် 1

1

ဘုရားသခင်နှင့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ အခိုင်းအစီတစ်ယောက်ဖြစ်သော ငါ ယာကုပ်သည်၊

အရပ်ရပ်၌ ကွဲပြားပြန့်နှံ့နိန်ကြသော လူမျိုးနွယ် ၁၂ စု ရို့အား၊

နှုတ်ဆက်လိုက်ပါ၏။

ယုံကြည်ခြင်းနှင့် ဉာဏ်ပညာ

ငါ့ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ကြုံတွိ့ကြရသောအခါ ဧကန်အမှန် ဝမ်းမြောက်စရာ ဖြစ်သည်ဟု မှတ်ယူကြလော့။ အကြောင်းမူကား သင်ရို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းသည် သည်းခံခြင်းကို တိုးပွားစီတတ်သည်ကို သင်ရို့ သိကြ၏။ သင်ရို့သည် အလျှင်း မချို့တဲ့ဘဲ ရင့်ကျက်၍ ပြည့်စုံသောသူတစ်ယောက် ဖြစ်လာစီခြင်းငှာ အရာရာ၌ သည်းခံခြင်း ဟိကြလော့။ သင်ရို့၌ မည်သူမဆို ဉာဏ်ပညာ မဟိလျှင် အပြစ်မမြင်ဘဲ အရာခပ်သိမ်းကို စေတနာစိတ်ထက်သန်စွာ ပီးတော်မူသော ဘုရားသခင်ထံ ဆုတောင်းကြလော့။ ကိုယ်တော်သည် ထိုသူအား ဉာဏ်ပညာကို ပီးတော်မူလိမ့်မည်။ သို့ရာတွင် သူသည် သံသယမဟိဘဲ ယုံကြည်ခြင်းဖြင့် တောင်းရမည်။ အကြောင်းမူကား သံသယဟိသောသူသည် လီတိုက်ရာသို့ ရွိ့တတ်သော ပင်လယ်လှိုင်းနှင့် တူ၏။ ထိုသူသည် ဘုရားသခင်ထံပါးမှ တစ်စုံတစ်ခုကိုမျှ ရလိမ့်မည်ဟု ထင်မှတ်စရာ မဟိပေ။ ထိုသို့သောသူသည် စိတ်နှစ်ခွ ဟိသောသူ၊ မိမိပြုလေသမျှ၌ ဂနာမငြိမ်သောသူ ဖြစ်၏။

ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း

နှိမ့်ချတတ်သော ညီအစ်ကို မောင်နှမရို့ ဘုရားသခင်သည် သင်ရို့အား ချီးမြှောက်သောအခါ ဂုဏ်ယူဝမ်းမြောက်ကြလော။ သို့ရာတွင် ချမ်းသာသော ညီအစ်ကို မောင်နှမရို့ ဘုရားသခင်သည် သင်ရို့အား နှိမ့်ချသောအခါ၌လည်း ဂုဏ်ယူသင့်ပေ၏။ အကြောင်းမူကား ထိုချမ်းသာခြင်းသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်လားတတ်၏။ နီသည် မိမိ၏အပူဟိန်နှင့် ထွက်လာသောအခါ ထိုမြက်ပင်သည် ညှိုးနွမ်းခြောက်သွိ့လားပြီးလျှင် ၎င်း၏အပွင့်သည်လည်း ကြွီကျ၍ ထိုအပွင့်၏ အလှတရားများသည်လည်း ပျက်စီးလားတတ်၏။ ထိုနည်းတူ ချမ်းသာသောသူရို့သည်လည်း မိမိရို့၏စီးပွားကို လုပ်ကိုင်လျက်နိန်စဉ်၌ပင် ဖျက်ဆီးခြင်းကို ခံရကြ၏။

စုံစမ်းခြင်းနှင့် သွီးဆောင်ခြင်း

စုံစမ်းစစ်ဆီးခြင်း၌ သည်းခံတတ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား ထိုသို့သော စုံစမ်းစစ်ကြောခြင်းကို အောင်မြင်သောသူသည် ဘုရားသခင်က မိမိကို ချစ်သောသူတိအား ကတိပီးထားတော်မူသည့် အသက်သရဖူကို ရလိမ့်မည်။

ဇာသူမဆို ဖျားယောင်းသွီးဆောင်ခြင်းကို ခံရသည့်အခါ “ဘုရားသခင်က မိမိအား သွီးဆောင်သည်” ဟု မပြောကတ်ကေ့။ အကြောင်းမူကား မကောင်းသောအမှုအရာအားဖြင့် ဘုရားသခင်ကို မသွီးဆောင်နိုင်။ ကိုယ်တော်သည်လည်း ဇာသူ့ကိုမျှ သွီးဆောင်တော်မမူ။ သို့ရာတွင် စုံစမ်းသွီးဆောင်ခြင်းကို ခံရသောသူသည် မိမိတပ်မက်စိတ်၏ဆွဲဆောင်ရာသို့ လိုက်ပါခြင်းဖြစ်၏။ တဖန် တပ်မက်သောစိတ်သည် ပဋိသန္ဓေ တည်၍ အပြစ်ကို မွီးဖွားတတ်၏။ အပြစ်သည်လည်း ကြီးပြင်းလာသောအခါ သီခြင်းတရားကို မွီးဖွားတတ်၏။

ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ လှည့်ဖျားခြင်းကို မခံကတ်ကေ့။ ကောင်းမြတ်၍ ပြီးပြည့်စုံသော လက်ဆောင်ဟူသည်ကား ကောင်းကင်ဘုံနှင့်ဆိုင်သော အလင်းကို ဖန်ဆင်းတော်မူသော ဘုရားသခင် ထံတော်ပါးမှ ဆင်းသက်လာခြင်းဖြစ်၏။ ထိုအဖ သည်ကား ရွိ့လျားတတ်သော အရိပ်ကဲ့သို့ ပြောင်းလဲနိန်သည်မဟုတ်။ ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသော အရာအားလုံးတွင် အဦးသီးသောအသီးများ ဖြစ်လာစီရန် သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါရို့ကို မွီးဖွားစီခြင်းငှာ ရွီးချယ်တော်မူခ၏။

ကြားနာခြင်းနှင့် လုပ်ဆောင်ခြင်း

ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်း နားထောင်ခြင်းကို ယင်ကတ်စီ။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်းကို နှေးကတ်စီ။ အကြောင်းမူကား လူ၏ဒေါသအမျက်သည် ဘုရားသခင်နှစ်သက်သော ဖြောင့်မတ်ခြင်းတရားကို မရနိုင်။ ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။

နှုတ်ကပတ်တော်ကို နားထောင်ရုံ မျှဖြင့် မိမိကိုယ်ကို လှည့်ဖျားသောသူများ မဖြစ်စီကြဘဲ၊ လက်တွိ့ ကျင့်သုံးသောသူတိ ဖြစ်စီကြလော့။ မည်သူမဆို နှုတ်ကပတ်တော်ကို နားထောင်သော်လည်း လက်တွိ့မကျင့်သုံးသောသူသည် မိမိ၏ပကတိမျက်နှာကို မှန်၌ ကြည့်သော သူတစ်ယောက်နှင့် တူ၏။ အကြောင်းမူကား ထိုသူသည် မိမိ၏ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီးနောက် အဝီးသို့ ထွက်လားသည်နှင့် ချက်ချင်း မိ့လျော့လားတတ်၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို ပီးတတ်သော စုံလင်သည့် ပညတ်တော်ကို စိ့စိ့ကြည့်ရှုလျက် ထိုပညတ်တော်အတိုင်း ကျင့်သောသူသည် ကြားနာထားပြီးသော အရာများကို မိ့လျော့ခြင်းမဟိဘဲ၊ လက်တွိ့ လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။

တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကြည်ညိုသည်ဟု ထင်မှတ်လျက်၊ မိမိ၏လျှာကို မချုပ်တည်းလျှင် ထိုသူသည် မိမိကိုယ်မိမိ လှည့်ဖျားသောသူဖြစ်ပြီး သူ၏ ဘာသာတရားကြည်ညိုခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။ ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။

Source notes (1)
  1. Cross-reference မ ၁၃.၅၅; မာ ၆.၃; တ ၁၅.၁၃; ဂလာ ၁.၁၉

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.