Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဟေဗြဲ 13

ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လုပ်ဆောင်ခြင်း

ခရစ်ယာန်ညီအစ်ကို မောင်နှမတိ ဖြစ်ကြသောကြောင့် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ ထားကြလော့။ အာဂန္တုရို့ကိုလည်း ဧည့်ဝတ်ပြုခြင်းငှာ မမိ့ကတ်ကေ့။ အကြောင်းမူကား တချို့သောသူရို့သည် ထိုသို့ ပြုခြင်းအားဖြင့် မိမိရို့ မသိကျွမ်းသော ကောင်းကင်တမန်များတိ ဧည့်ဝတ်ပြုကြလေ၏။ အကျဉ်းသားတိကိုလည်း သူရို့နှင့်အတူ အချုပ်အနှောင် ခံနိန်ကြရသကဲ့သို့ သတိရကြလော့။ မတရားပြုမူခြင်းကို ခံနိန်ကြရသော သူရို့ကိုလည်း မိမိရို့ ကိုယ်တိုင် ထိုသို့ ခံနိန်ကြရသကဲ့သို့ အောက်မိ့ကြလော့။

ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။

သင်၏အသက်ရှင်နီထိုင်မှုတွင် ငွီကို တပ်မက်ခြင်းမဟိဘဲ မိမိ၌ ဟိသောအရာနှင့် ရောင့်ရဲခြင်း ဟိလော့။ အကြောင်းမူကား ဘုရားသခင်က “ငါသည် မည်သည့်အခါမျှ သင့်ကို မစွန့်၊ မည်သည့်အခါမျှ သင့်ကို မပစ်ပယ်” ဟု မိန့်တော်မူထားပြီးဖြစ်၏။ ထို့ကြောင့် ငါရို့သည်ကား

“ဘုရားသခင်သည် ငါ့ကို ကူညီမစတော်မူသော အသျှင်ဖြစ်၍

ငါသည် ကြောက်ရွံ့ လိမ့်မည် မဟုတ်။

လူသည် ငါ့ကို ဇာပိုင် ပြုနိုင်ပါအံ့နည်း” ဟု ယုံကြည်စိတ်ချစွာဖြင့် ပြောဆိုကြကုန်အံ့။

သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသော သင်ရို့၏ခေါင်းဆောင်တိကို သတိရကြလော့။ ထိုခေါင်းဆောင်ရို့၏ အသက်ရှင်နီထိုင်မှုမှ ထွက်ပေါ်လာသည့် အကျိုးတရားကို ကြည့်ရှုဆင်ခြင်လျက် သူရို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။ ယေသျှုခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလအစဉ် ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။

အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။

ငါရို့၌ ယဇ်ပလ္လင်တစ်ခု ဟိ၏။ တဲတော်၌ ဝတ်ပြုသောသူရို့သည် ထိုယဇ်ပလ္လင်ထက်မှ ပူဇော်သကာကို စားခွင့်မဟိ။ အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်များ၏အသွီးကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရန် အသန့်ယှင်းဆုံးသောဌာနတော်သို့ ယူဆောင်လားသော်လည်း ယဇ်ကောင်များကိုမူကား တပ်ပြင်၌ မီးယှို့ရ၏။ ထိုနည်းတူ ယေသျှုသည်လည်း မိမိ၏သွီးတော်အားဖြင့် လူတိကို သန့်ယှင်းစီခြင်းငှာ မြို့တန်းခါးအပြင်ဖက်၌ အသီခံတော်မူခ၏။ သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်ခံရခသော ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံယူလျက် တပ်၏ အပြင်ဖက်၌ဟိသော ကိုယ်တော့်ထံပါးသို့ လားကြကုန်အံ့။ ဤလောက၌ ငါရို့ အတွက် တည်မြဲသောမြို့ မဟိသောကြောင့် ငါရို့သည် နောင်ဖြစ်လာမည့် မြို့တော်ကို မျှော်လင့်နိန်ကြ၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏နာမတော်ကို ဝန်ခံသောနှုတ်၏အသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော့်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြကုန်အံ့။ ထို့ကြောင့် ကောင်းသောအမှုကို ပြုခြင်းငှာ လည်းကောင်း၊ သူတစ်ပါးကို ပီးကမ်းခြင်းငှာ လည်းကောင်း မမိ့ကတ်ကေ့။ အကြောင်းမူကား ထိုသို့သော ပူဇော်သကာယဇ်များကို ဘုရားသခင်သည် နှစ်သက်တော်မူ၏။

သင်ရို့ ခေါင်းဆောင်တိ၏စကားကို နာခံ၍ သူရို့၏ မိန့်မှာချက်များကို လိုက်လျှောက်ကြလော့။ အကြောင်းမူကား မိမိရို့၏ မှတ်တမ်းများကို တင်ပြပီးရမည့် သူရို့ကဲ့သို့ သူရို့သည် သင်ရို့အား မျက်ခြီမပြတ် စောင့်ကြည့်နိန်ကြသောကြောင့်ဖြစ်၏။ သင်ရို့သည် ထိုခေါင်းဆောင်ရို့၏စကားကို နာခံကြလျှင် သူရို့သည်လည်း မိမိရို့ အလုပ်ကို ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့ မဟုတ်ဘဲ သူရို့သည် စိတ်မကောင်းစွာဖြင့် လုပ်ဆောင်ကြလျှင် သင်ရို့အတွက် အကျိုးဟိလိမ့်မည် မဟုတ်ပေ။

ငါရို့သည် အရာရာ၌ ကြည်လင်သော အသိစိတ်ဖြင့် ကောင်းမွန်စွာ အသက်ရှင်နီထိုင်ခြင်းငှာ အလိုဟိကြသည်ဖြစ်၍ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ ဘုရားသခင်သည် ငါ့အား သင်ရို့ပါးသို့ မကြာခင် ပို့ဆောင်ပီးခြင်းငှာ ဆုတောင်းပီးကြရန် အထူးမေတ္တာရပ်ခံအပ်ပါ၏။

နိဂုံးချုပ် ဆုတောင်းပီးခြင်း

ထာဝရပဋိညာဉ် အသွီးတော်1ဖြင့် သိုးများ၏ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူသော ငါရို့၏ အသျှင်ယေသျှုကို သီဆုံးခြင်းမှ ထမြောက်စီတော်မူသော ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည်၊ မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။

နောက်ဆုံး နှုတ်ဆက်ခြင်း

ညီအစ်ကို မောင်နှမရို့၊ ငါသည် သင်ရို့ကို အကျဉ်းချုပ် ရီးပီးလိုက်ခြင်းဖြစ်၍ ငါ၏ အားပီးတိုက်တွန်းစကားကို လက်ခံကြရန် သင်ရို့အား ငါ တောင်းပန်၏။ ငါရို့၏ညီ တိမောသေသည် လွတ်မြောက်လာပြီဖြစ်ကြောင်း သင်ရို့အား ငါ သိစီလို၏။ မကြာခင် သူ ရောက်လာသောခါ ငါသည်လည်း သူနှင့်အတူ သင်ရို့ကို တွိ့ရန် လာလိမ့်မည်။

သင်ရို့၏ခေါင်းဆောင်အားလုံးနှင့် ဘုရားသခင်၏သားသမီးအားလုံးကိုလည်း နှုတ်ဆက်လိုက်ပါ၏။ ဣတလိပြည်မှ ရောက်လာကြသောသူတိကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။

ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။

Source notes (1)
  1. Footnote အသွီးတော်၊ သို့မဟုတ် ကိုယ်တော်၏ ယဇ်ပူဇော်ခြင်းနှင့်ဆိုင်သော သီခြင်း။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.