ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
ဧဖက် 2
သီဆုံးခြင်းမှ အသက်ရှင်ခြင်းသို့
အတိတ်က သင်ရို့၏ မနာခံမှုနှင့် ဒုစရိုက်အပြစ်များကြောင့် ဝိညာဉ်ရေးရာ၌ သီးဆုံးလျက် ဟိကြ၏။ ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။ အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
သို့သော် ဘုရားသခင်၏ ကရုဏာတော်သည် အလွန်ကြွယ်ဝ၍၊ မေတ္တာတော်သည် ငါရို့အဖို့ အလွန် ကြီးမားလှသဖြင့်၊ မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။ ဘုရားသခင်သည် ငါရို့အား ခရစ်တော်ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူ၍ ထိုအသျှင်နှင့်အတူ ကောင်းကင်ဘုံ၌ စိုးစံခွင့်ကို ပီးတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ နောင်ကာလ၌ ခရစ်တော်ယေသျှုအားဖြင့် ငါရို့အဖို့ ထားတော်မူသော ကရုဏာတော်၌ တုနှိုင်း၍ မမီသော ကိုယ်တော်၏ကျေးဇူးတော်ကို သိမြင်နိုင်ကြစီခြင်းငှာ ဖြစ်၏။ သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။ အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။
ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း
ယုဒအမျိုးသားများက ဇာတိအားဖြင့် တစ်ပါးအမျိုးသားများဖြစ်ကြသော သင်ရို့အား “အရီဖျားလှီးခြင်းကို မခံသောသူများ” ဟု ခေါ်ကြပြီး၊ သူရို့သည် သူရို့ကိုသူရို့ “အရီဖျားလှီးခြင်းကို ခံယူကြသောသူရို့” ဟု ခေါ်ကြ၏။ အရီဖျားလှီးခြင်း ဟုဆိုရာ၌ ကိုယ်ကာယနှင့် သက်ဆိုင်သောအမှုဖြစ်၏။ အတိတ်က သင်ရို့၏အခြေအနေကို အောက်မိ့သတိရကြလော့။ ထိုအချိန်က သင်ရို့သည် ခရစ်တော်နှင့် ကွာဝီးလျက် ဟိခ၏။ သင်ရို့သည် တခြားလူမျိုးတိဖြစ်၍ ဘုရားသခင်၏လူစုတော်တွင် မဝင်ရခ။ ဘုရားသခင်သည် မိမိ၏ လူစုတော်အတွက် ထားတော်မူသော ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်တရားများနှင့် မသက်ဆိုင်။ သင်ရို့သည် ဤလောက၌ မျှော်လင့်စရာမဟိ၊ ဘုရားမဟိဘဲ နီထိုင်ခကြ၏။ သို့ရာတွင် အဂုအခါ သင်ရို့သည် ခရစ်တော်ယေသျှု၌ ဟိကြသည်ဖြစ်၍ တစ်ချိန်က ဝီးကွာလျက် ဟိခကြသော သင်ရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့်2 အပါးတော်သို့ ရောက်ကြရလေ၏။ အကြောင်းမူကား ခရစ်တော်သည် ယုဒလူမျိုးနှင့် တခြားလူမျိုးတိကို လူမျိုးတစ်မျိုးတည်း ဖြစ်စီတော်မူလျက် ငါရို့အား ငြိမ်သက်ခြင်းကို ပီးတော်မူ၏။ ငါရို့ကို ရန်သူများအဖြစ် စည်းတားထားသည့် တံတိုင်းကို မိမိ၏ကိုယ်ခန္ဓာတော်အားဖြင့် ဖြိုဖျက်တော်မူ၏။ 3ကိုယ်တော်သည် ယုဒပညတ်တရားနှင့် စည်းမျဉ်းဥပဒေများကို ပယ်ဖျက်တော်မူသဖြင့် လူမျိုးနှစ်မျိုးကို မိမိ၌ အသစ်သော လူမျိုးတစ်မျိုးကို ဖြစ်စီတော်မူ၏။ ဤနည်း အားဖြင့် ရန်ကို ငြိမ်းစီတော်မူ၏။ 4ခရစ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူခြင်းဖြင့် သူရို့၏မုန်းတီးခြင်းကို ဖယ်ယှားပြီးလျှင် လက်ဝါးကပ်တိုင်အားဖြင့် လူမျိုးစုနှစ်စုကို ကိုယ်ခန္ဓာတစ်ခုတည်း၌ ပြန်လည်သင့်မြတ်စီလျက် ဘုရားသခင်၏အထံတော်သို့ ပြန်လည်ပို့ဆောင်တော်မူ၏။ ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်နှင့် ဝီးကွာနိန်ခသော သင်ရို့ကို တခြားလူမျိုးတိပါးသို့ လည်းကောင်း၊ ဘုရားသခင်၏ အနီးအပါး၌ ဟိခကြသော ယုဒလူမျိုးတိပါးသို့ လည်းကောင်း ကြွလာတော်မူ၍ ရန်ငြိမ်းခြင်းဆိုင်ရာ သတင်းကောင်းကို ဟောတော်မူ၏။ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ ဖြစ်ကြသော ငါရို့အားလုံးသည် ခရစ်တော်အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်ကို အမှီပြုလျက် ခမည်းတော်၏ ရှိ့တော်မှောက်သို့ ဝင်ရောက်ခွင့် ရကြ၏။
ထို့ကြောင့် သင်ရို့သည် တခြားလူမျိုးတိ မဟုတ်၊ သူစိမ်းလည်း မဟုတ်။ သင်ရို့သည် ဘုရားသခင်၏လူစုတော်နှင့်အတူ နိုင်ငံတော်သားများ၊ ကိုယ်တော်၏ အိမ်သူအိမ်သားများ ဖြစ်ကြ၏။ သင်ရို့သည်လည်း တမန်တော်ရို့နှင့် ပရောဖက်ရို့မှ ချမှတ်ခသော အုတ်မြစ်5ထက်တွင် တည်ဆောက်ခြင်းကိုခံရကြ၍၊ ထိုအဆောက်အဦး၏ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကား ခရစ်တော်ယေသျှုပင်ဖြစ်၏။ ကိုယ်တော်သည် ထိုအဆောက်အဦးတစ်ခုလုံးကို အတူတကွ ဆက်စပ်၍ ကြီးပွားစီပြီးလျှင် သခင်ဘုရားအား ဆက်ကပ်ထားသော သန့်ယှင်းသော ဗိမာန်တော်ဖြစ်လာစီ၏။ သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။
Source notes (5)
- Cross-reference ကော ၂.၁၃
- Footnote ခရစ်တော်၏ အသွီးတော်အားဖြင့်၊ သို့မဟုတ် ခရစ်တော်၏ အသီခံခြင်းအားဖြင့်။
- Cross-reference ကော ၂.၁၄
- Cross-reference ကော ၁.၂၀
- Footnote တမန်တော်ရို့နှင့် ပရောဖက်ရို့မှ ချမှတ်ခသော အုတ်မြစ်၊ သို့မဟုတ် အုတ်မြစ် သည်ကား တမန်တော်များနှင့် ပရောဖက်များပင်ဖြစ်၏။
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.