Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၂ ကောရိန္သု 11

ပေါလုနှင့် တမန်တော်အတုအယောင်များ

အနည်းချေမျှသော ငါ၏မိုက်မဲမှုကို သင်ရို့သည် သည်းခံကြလိမ့်မည်ဟု ငါမျှော်လင့်၏။ ကျေးဇူးပြု၍ သည်းခံကြလော့။ ဘုရားသခင်သည် သင်ရို့အား သဝန်တိုစိတ် ဟိသကဲ့သို့ ငါသည်လည်း သင်ရို့အား သဝန်တိုစိတ် ဟိ၏။ ငါသည် အပြစ်ကင်းသော အပျိုစင်နှင့် တူကြသော သင်ရို့ကို ခရစ်တော်တည်းဟူသော သူတစ်ယောက်နှင့် ထိမ်းမြားရန် ကတိပြုထား၏။ မြွီသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကို လှည့်ဖြားသည့်နည်းတူ သင်ရို့၏စိတ်သည် ယိုယွင်းကာ ခရစ်တော်အား ဖြူစင်သန့်ယှင်းသော မေတ္တာစိတ် ပျောက်လားမည်ကို ငါ စိုးရိမ်မိ၏။ အကြောင်းမူကား တစ်စုံတစ်ယောက်က သင်ရို့ပါးသို့ ရောက်လာ၍ ငါရို့ မဟောပြောဖူးသော အခြားသော ယေသျှုအကြောင်းကိုလည်းကောင်း၊ ငါရို့ပါးမှ ကြားသိရသည့် သတင်းကောင်းနှင့် လုံးဝခြားနားသည့် သတင်းကောင်းကိုလည်းကောင်း၊ အယင်က ခံယူထားသည့် ဝိညာဉ်တော်နှင့် လုံးဝခြားနားသည့် ဝိညာဉ်ကိုလည်းကောင်း ဟောပြောသောအခါ၌ သင်ရို့သည် ဝမ်းမြောက်စွာ ခွင့်ပြုကြ၏။

သင်ရို့၌ ထင်ရှားသော “တမန်တော်ကြီးများ” ထက် အနည်းချေမျှ ငါသည် မနိမ့်ဟု ယူဆ၏။ ငါသည် အဟောအပြော၌ ညံ့သော်လည်း အသိပညာ၌မူကား မညံ့။ ငါရို့သည် ဤအကြောင်းအရာများကို အချိန်တိုင်း အခြေနေအမျိုးမျိုးတိုင်း၌ သင်ရို့ပါးကို ယှင်းလင်းစွာ ပြခ၏။

သင်ရို့ ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကို နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား အခမဲ့ ဟောပြောခ၏။ ထိုအရာသည် မှားယွင်းပါသလော။ ငါသည် သင်ရို့၌ အမှုတော်ဆောင်ရွက်စဉ်က ကုန်ကျစရိတ်တိကို တခြားသော အသင်းတော်များက ကျခံစီခ၏။ ငါသည် သင်ရို့အား ထောက်ပံ့ ကူညီရန် ထိုအသင်းတော်တိကို လုယူနိန်သကဲ့သို့ ဖြစ်၏။ 1 ထို့အပြင် မာကေဒေါနိပြည်မှ လာကြသည့် ညီအစ်ကိုမောင်နှမရို့က ငါလိုသမျှကို ယူလာကြသည်ဖြစ်၍ ငါသည် သင်ရို့နှင့်အတူ ဟိနိန်စဉ် ငွီကြေးလိုအပ်ချိန်၌ သင်ရို့အား ဒုက္ခမပီးခ။ ငါသည် သင်ရို့အတွက် အယင်ကဖြစ်စီ၊ နောင်အခါ၌ဖြစ်စီ ဝန်ထုပ်ဝန်ပိုး ဖြစ်စီလိမ့်မည် မဟုတ်။ ဤသို့ ငါ၏ ဝါကြွားမှုသည် အခါယပြည် တလျှောက်လုံး ဇာသူမျှ ပိတ်ပင်၍ ရလိမ့်မည် မဟုတ်ကြောင်းကို ငါ၌ဟိသော ခရစ်တော်၏ သမ္မာတရားကို အမှီပြု၍ ငါဆို၏။ ငါသည် ဤသို့ဆိုရသည့် အကြောင်းမှာ သင်ရို့အား မချစ်လို့လား။ သင်ရို့အား ငါချစ်သည်ကို ဘုရားသခင် သိတော်မူ၏။ သို့ရာတွင် ငါရို့လုပ်သည့် နည်းတူ လုပ်ဆောင်နိန်ကြသည်ဟု အခြားသော “တမန်တော်များ” ဝါကြွားပြောဆိုခွင့် မရနိုင်ကြစီရန် ငါသည် အဂု လုပ်ဆောင်သည်အတိုင်း ဆက်လက် လုပ်ဆောင်လားလိမ့်မည်။ ထိုသူရို့သည် စစ်မှန်သော တမန်တော်များ မဟုတ်၊ မှားယွင်းသောတမန်တော်များသာ ဖြစ်ကြ၏။ မိမိကိုယ်ကို ခရစ်တော်၏ စစ်မှန်သော တမန်တော်တိ ဖြစ်ယောင်ဆောင်လျက် လှည့်စားသောသူများဖြစ်၏။

သူရို့သည် ဤသို့ ပြုကြသည်မှာ အံ့ဖွယ် မဟုတ်။ စာတန်သည်ပင် အလင်း၏ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏အခိုင်းအစီများသည် ဖြောင့်မတ်ခြင်း၏ အခိုင်းအစီများ ဖြစ်ယောင်ဆောင်ကြသည်မှာ အံ့ဖွယ် မဟုတ်ပေ။ အဆုံး၌ သူရို့သည် မိမိရို့ ပြုမူကြသည့်အတိုင်း ထိုက်တန်သည့် အ​ကျိုးအ​ပြစ်​ကို ခံကြရလိမ့်မည်။

တမန်တော်ပေါလု၏ ဒုက္ခဆင်းရဲများ

တဖန် ငါဆိုသည်ကား၊ ငါ့ကို မိုက်မဲသောသူ ဖြစ်သည်ဟု ဇာသူလေ့ မထင်ကတ်ကေ့။ သို့သော်လည်း သင်ရို့ ထိုသို့ ထင်မှတ်ကြလျှင်လည်း ငါ၌ ဝါကြွားစရာ အနည်းချေ ဟိစီခြင်းငှာ မိုက်မဲသောသူအဖြစ်နှင့်ပင် ငါ့ကို လက်ခံကြလော့။ အဂု ပြောဆိုနိန်ခြင်းသည် သခင်ဘုရား၏ ပြောစီချင်သည့် စကား မဟုတ်ဘဲ မိုက်မဲသောသူ တစ်ယောက်ကဲ့သို့ ငါသည် ဝါကြွား ပြောဆိုနိန်ခြင်းဖြစ်၏။ သို့သော်လည်း များစွာသော လူရို့သည် လောကီအရာများ၌ ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။ သင်ရို့သည် ပညာဟိများ ဖြစ်သောကြောင့် မိုက်မဲသောသူရို့အား ဝမ်းမြောက်စွာ သည်းခံနိုင်ကြ၏။ တစ်စုံတစ်ယောက်သောသူက သင်ရို့အား ကျွန်ပြုသည် ဖြစ်စီ၊ အခွင့်အရေးယူသည် ဖြစ်စီ၊ အသုံးချခံရသည် ဖြစ်စီ၊ အထင်အမြင်သေးသည် ဖြစ်စီ၊ ပါးကိုသတ်သည် ဖြစ်စီ ထိုသူကို သင်ရို့သည် သည်းခံကြ၏။ ငါရို့သည် ထိုသို့ ပြုရန် မဝံ့မရဲ ဖြစ်ခသောကြောင့် ဝန်ခံရန်ပင် ငါသည် ရှက်၏။

သိုရာတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါသည်လည်း ဝါကြွားဝံ့သည်ဟု မိုက်မဲသောသူတစ်ယောက်ကဲ့သို့ ငါပြောဆို၏။ သူရို့သည် ဟေဗြဲလူမျိုး ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူရို့သည် ဣသရေလလူမျိုးများ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူရို့သည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ 2သူရို့သည် ခရစ်တော်၏ အခိုင်းအစီများ ဖြစ်ကြသလော။ ငါသည်လည်း သာ၍ပင် ဖြစ်သည်ဟု အရူးတစ်ယောက်ကဲ့သို့ ငါဆို၏။ ငါသည် အလုပ်ကို ပို၍ အပင်ပန်းခံကာ လုပ်ဆောင်ခ၏။ ကြိမ်ဖန်များစွာ ထောင်ကျခံခရ၏။ ကြိမ်ဒဏ်များစွာကိုလည်း ခံခရ၏။ သီဖီးနှင့်လည်း ကြိမ်ဖန်များစွာ ရင်ဆိုင်ခရ၏။ ငါသည် ယုဒလူမျိုးရို့၏ သုံးဆယ်ကိုးချက်သော ရိုက်နှက်ခြင်းကို ငါးကြိမ်တိုင်တိုင် ခံခရ၏။ 3ငါသည် ရောမအမျိုးသားတိထံ၌ သုံးကြိမ်တိုင်တိုင် ကြိမ်ဒဏ်ခံရခပြီး ကျောက်ခဲဖြင့် တစ်ကြိမ် အပစ်ခံရခ၏။ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်ပြီး ပင်လယ်ပြင်တွင် တစ်နိ့နှင့်တစ်ည မျောခရ၏။ 4ငါသည် ခရီးအကြိမ်ကြိမ် လားရာတွင် မြစ်ရီကြီးသည့်ဖီး၊ ဒါးပြဖီး၊ ကိုယ့်လူမျိုးဖြစ်သော ယုဒလူမျိုးရို့၏ဖီး၊ လူမျိုးခြားတိ ပြုသောဖီး၊ မြို့ကြီးများတွင် တွိ့ရတတ်သည့်ဖီး၊ ကျေးလက်တောရွာ၌ တွိ့ရသောဖီး၊ ပင်လယ်ပြင်၌ တွိ့ရသောဖီး၊ မိတ်ဆွီအတုယောင်များ၏ဖီးများနှင့် ကြုံတွိ့ခရ၏။ အလုပ်ကို ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ရခြင်း၊ မကြာခဏ အိပ်ပျက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနှင့် ရီငတ်ခြင်း၊ မကြာခဏ အစာ ပြတ်လပ်ခြင်း၊ အအီးဒဏ်ခံရခြင်း၊ ဝတ်စရာ လုံလောက်စွာ မဟိခြင်းများကို ငါ ခံရခ၏။ ထိုမျှမက အသင်းတော် အားလုံးအတွက် ငါ၏ စိုးရိမ်ပူပန်ခြင်းသည် နိ့စဉ်နိ့တိုင်း ငါ့ကို ဖိစီးလျက်ဟိ၏။ တစ်စုံတစ်ယောက်သည် အားနည်းနိန်လျှင် ငါသည်လည်း အားနည်းရ၏။ တစ်စုံတစ်ယောက်သည် လမ်းလွဲနိန်လျှင် ငါသည် ပူပန်ခြင်းနှင့် ပြည့်နိန်၏။

ငါသည် ဝါကြွားရမည်ဆိုလျှင် မိမိ၏ အားနည်းချက်ကိုသာ အကြောင်းပြု၍ ဝါကြွားရမည်။ ငါသည် မုသာသုံး၍ မပြောကြောင်းကို အသျှင်ယေသျှု၏ ခမည်းတော်တည်းဟူသော ဘုရားသခင်သည် သိတော်မူ၏။ ထိုအသျှင်၏ နာမတော်သည် ကာလအစဉ်အဆက် မင်္ဂလာဟိတော်မူပါစီသတည်း။ 5 ဒမာသက်မြို့၌ အရေတဘုရင်၏ လက်အောက်ခံ မြို့ဝန်သည် ငါ့ကို ဖမ်းဆီးရန် မြို့တန်းခါးများတွင် တပ်သားတိကို အစောင့်ချထား၏။ သို့ရာတွင် တပည့်တော်ရို့သည် ငါ့အား တောင်းထဲတွင်ထည့်၍ ပြူတင်းပေါက်မှတဆင့် မြို့ရိုးက လျှောချခသောကြောင့် ငါသည် ထိုသူ၏ လက်မှ လွတ်မြောက်ခရ၏။

Source notes (5)
  1. Cross-reference ဖိ ၄.၁၅–၁၈
  2. Cross-reference တ ၁၆.၂၃
  3. Cross-reference တ ၁၆.၂၂; တ ၁၄.၁၉
  4. Cross-reference တ ၉.၂၃; တ ၁၄.၅
  5. Cross-reference တ ၉.၂၃–၂၅

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.