Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ သက်သာလောနိတ် 3

1

နောက်ဆုံး၌ ငါရို့သည် စောင့်မနိန်နိုင်ကြသောကြောင့် ငါရို့သည် အေသင်မြို့၌ ကျန်ခဖို့ ဆုံးဖြတ်ကြ၏။ ငါရို့သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရာတွင် ဘုရားသခင်၏အမှုတော်မြတ်၌ အတူတကွ ဆောင်ရွက်သူဖြစ်သော ငါရို့၏ညီ တိမောသေအား သင်ရို့ပါးသို့ စီရွှတ်လိုက်ကြ၏။ ထိုသူကို စီရွှတ်လိုက်ခြင်းမှာ သင်ရို့၏ ယုံကြည်ခြင်း ခိုင်ခန့်စီခြင်းငှာ တိုက်တွန်းနှိုးဆော်ရန်နှင့်၊ ဤညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် သင်ရို့တွင် ဇာသူမျှ မယိမ်းမယိုင် စီရန်ဖြစ်၏။ အကြောင်းမူကား ဤ ညှည်းပန်းနှိပ်စက်ခြင်းကို ငါရို့ခံရခြင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်း သင်ရို့ကိုယ်တိုင် သိကြ၏။ သင်ရို့နှင့်အတူ ဟိစဉ်အခါက ညှည်းပန်းနှိပ်စက်ခြင်း ခံရမည်ကို ကြိုတင်၍ ငါရို့ ပြောခပြီး ဖြစ်၏။ ငါရို့ ပြောခသည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်ရို့သိကြ၏။ ထို့ကြောင့် သင်ရို့သည် စာတန်မာရ်နတ်၏ စုံစမ်းသွီးဆောင်ရာသို့ လိုက်ပါသဖြင့် ငါရို့၏ လုပ်ဆောင်ခသမျှသည် အချည်းနှီးဖြစ်မည်ကို ငါသည် စိုးရိမ်ကြောင့်ကြသောကြောင့် သင်ရို့၏ ယုံကြည်ခြင်းကို သိလိုသဖြင့် ငါသည် တိမောသေကို ရွှတ်လိုက်ခြင်းဖြစ်၏။ 2အဂုအခါ တိမောသေသည် ပြန်လည်ရောက်လာ၍ သင်ရို့၏မေတ္တာနှင့် ယုံကြည်ခြင်းအကြောင်း သတင်းကောင်းကို ငါရို့ပါးသို့ ယူဆောင်လာခ၏။ သင်ရို့သည် ငါရို့အား အစဉ်မပြတ် သတိရကြောင်းကိုလည်းကောင်း၊ သင်ရို့ကို ငါရို့ တွိ့မြင်လိုသကဲ့သို့ သင်ရို့သည် ငါရို့အား တွိ့မြင်လိုကြကြောင်းကိုလည်းကောင်း တိမောသေက ပြောပြ၏။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် အရာရာ၌ အခက်အခဲနှင့် ဆင်းရဲဒုက္ခခံရသော်လည်း သင်ရို့၏ ယုံကြည်ခြင်းကြောင့် နှစ်သိမ့်မှုကို ခံစားရကြ၏။ အကြောင်းမူကား သင်ရို့သည် သခင်ဘုရား၌ ခိုင်ခံ့စွာ ရပ်တည်နိန်ကြသဖြင့် အဂုတွင် ငါရို့သည် အမှန်ပင် အသက်ရှင်နိုင်ကြ၏။ အဂုတွင် ငါရို့သည် သင်ရို့အတွက်ကြောင့် ငါရို့၏ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြ၏။ သင်ရို့အကြောင်းကြောင့် ငါရို့သည် ကိုယ်တော်၏ ရှိ့မှောက်၌ ဝမ်းမြောက်ရွှင်လန်းမှုကို ခံစားကြရသည့်အတွက် အသျှင်ဘုရားအား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ သင်ရို့ကို တဖန် ပြန်တွိ့နိုင်ရန်နှင့် သင်ရို့၏ယုံကြည်ခြင်း၌ လိုအပ်သမျှ စုံလင်စီမည့်အကြောင်း ငါရို့သည် နိ့ညမပြတ် အလွန်စိတ်အားထက်သန်စွာ ဆုတောင်းလျက်ဟိကြ၏။

ငါရို့၏အဖ ဘုရားသခင်နှင့် ငါရို့၏အသျှင်ယေသျှုသည် သင်ရို့ပါးသို့ ငါရို့လာမည့်လမ်းခရီးကို ပျင်ဆင်ပီးပါစီသောဝ်။ သင်ရို့၌ ငါရို့၏ချစ်ခြင်းမေတ္တာသည် ကြီးမားလာသကဲ့သို့ သင်ရို့အချင်းချင်း၌ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ လူအပေါင်းရို့၌ သင်ရို့ထားသော ချစ်ခြင်းမေတ္တာသည် လည်းကောင်း သာ၍ တိုးပွါးလာမည့်အကြောင်း သင်ရို့အား သခင်ဘုရား မစတော်မူပါစီသောဝ်။ ငါရို့၏အသျှင် ယေသျှုသည် မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ3 ကြွလာတော်မူသောအခါ သင်ရို့သည် ငါရို့၏အဖ ဘုရားသခင် ရှိ့တော်၌ အပြစ်ကင်း၍ သန့်ယှင်းမြင့်မြတ်စီခြင်းငှာ ကိုယ်တော်သည် သင်ရို့ကို ခိုင်ခံ့မြဲမြံတော်မူပါစီသောဝ်။

Source notes (3)
  1. Cross-reference တ ၁၇.၁၅
  2. Cross-reference တ ၁၈.၅
  3. Footnote မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ၊ သို့မဟုတ် မိမိ၏ ကောင်းကင်တမန်အပေါင်းရို့နှင့်တူ။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.