Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ သက်သာလောနိတ် 2

သက်သာလောနိကမြို့တွင် ပေါလု အမှုတော်ဆောင်ခြင်း

ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ပါးသို့ ငါရို့ရောက်လာခြင်းသည် အချည်းနှီးမဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။ 1ငါရို့သည် သင်ရို့ဟိရာ သက်သာလောနိကမြို့သို့ မလာခင် ဖိလိပ္ပိမြို့တွင် ကဲ့ရဲ့ပြောဆိုမှုနှင့် နှိပ်စက်မှုတိကို ခံခရကြောင်း သင်ရို့သိကြ၏။ ထိုသို့ ဆန့်ကျင်ခြင်းကို ခံရသော်လည်း သတင်းကောင်းကို သင်ရို့အား ဟောပြောရန် ဘုရားသခင်သည် ငါရို့ကို ရဲ့ရင့်စီတော်မူ၏။ ငါရို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် လှည့်ဖျားခြင်းအားဖြင့် သင်ရို့အား တိုက်တွန်းနိုးဆော်နိန်ကြသည် မဟုတ်။ ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ငါရို့ကို အသိအမှတ်ပြုသဖြင့် သတင်းကောင်းတရားကို ယုံကြည်အပ်နှံထားတော်မူသည်နှင့်အညီ ငါရို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဟောပြောကြ၏။ ငါရို့သည် လူရို့၏ နှစ်သက်မှုကို ရစီရန် မဟုတ်ဘဲ ငါရို့၏ စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်၏ နှစ်သက်မှုကိုရစီရန် ကြိုးစားကြ၏။ သင်ရို့သိကြသည့်အတိုင်း ငါရို့သည် ချော့မော့မြှောက်ပင့်သောစကားကို တစ်ခါလေ့ မသုံးခ။ ဝှက်ထားသော လောဘစိတ်လည်း လုံးဝ မဟိကြောင်းကို ဘုရားသခင်သည် ငါရို့၏သက်သီ ဖြစ်တော်မူ၏။ ငါရို့သည် ခရစ်တော်၏ တမန်တော်တိအနေဖြင့် ဩဇာအာဏာကို အသုံးပြုနိုင်သော်လည်း သင်ရို့ပါးမှဖြစ်စီ၊ အခြားသူရို့ပါးမှဖြစ်စီ လူတိချီးမွမ်းခြင်းကို ခံရစီခြင်းငှာ မကြိုးစားခ။ ငါရို့သည် သင်ရို့နှင့်အတူ ဟိစဉ်အခါက မိမိ၏သားသမီးတိကို တယုတယပြုစုသည့် မိခင်ကဲ့သို့2 သင်ရို့အား ပြုစုကြ၏။ အကြောင်းမူကား ငါရို့သည် သင်ရို့အား အလွန် ချစ်မြတ်နိုးကြသည်ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ သတင်းကောင်းကိုသာမက ငါရို့၏အသက်ကိုပင် သင်ရို့အား ပီးလိုသောဆန္ဒ ဟိကြ၏။ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ကြိုးပမ်း​အားထုတ်​မှု​နှင့် ပင်ပန်း​ခက်ခဲ​မှုများကို သင်ရို့သည် အမှန်ပင် မှတ်မိကြ၏။ ငါရို့သည် သင်ရို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စီရန် နိ့ရော၊ ညပါ အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား ဟောပြောကြ၏။

ငါရို့သည် ယုံကြည်သူ သင်ရို့နှင့် ဟိခစဉ်တွင် သန့်ယှင်း ဖြောင့်မတ်၍ အပြစ်ဆိုဖွယ်မဟိအောင် နီထိုင်ခကြောင်းကို သင်ရို့နှင့် ဘုရားသခင်သည် ငါရို့၏ သက်သီဖြစ်ကြ၏။ ဖခင်သည် မိမိ၏ သားသမီးတိ၌ ပြုမူသကဲ့သို့ ငါရို့သည် သင်ရို့တစ်ဦးချင်းစီ၌ ပြုမူခကြောင်းကို သင်ရို့သိကြ၏။ မိမိ၏နိုင်ငံတော်နှင့် ဘုန်းတန်ခိုးတော်ထဲသို့ သင်ရို့အား ခေါ်တော်မူသော ဘုရားသခင် နှစ်သက်တော်မူသည့် အသက်ရှင်နီထိုင်မှုဖြင့် အသက်ရှင်ကြစီရန် ငါရို့သည် သင်ရို့အား တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပီးကာ တောင်းဆိုခကြ၏။

ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။ 3ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ယေသျှုခရစ်တော်၌တည်သော ယုဒပြည်ဟိ ဘုရားသခင်၏ အသင်းတော်များ၌ ဖြစ်ပျက်ခသည့်နည်းတူ သင်ရို့၌လည်း ဖြစ်ပျက်ခ၏။ ထိုသူရို့သည် ယုဒလူမျိုးရို့လက်၌ ညှည်းဆဲခြင်းကို ခံရသကဲ့သို့ သင်ရို့သည်လည်း မိမိလူမျိုး၏လက်တွင် ညှည်းဆဲခြင်းကို ခံခရကြ၏။ 4 အသျှင်ယေသျှုနှင့် ပရောဖက်တိကို အသီသတ်ခသော ထိုသူရို့သည် ငါရို့ကိုလည်း ညှည်းဆဲခကြ၏။ သူရို့သည် ဘုရားသခင်ကို မနှစ်သက်သောသူ၊ လူတိုင်းကို ဆန့်ကျင်သောသူတိ ဖြစ်ကြ၏။ တခြားလူမျိုးတိ ကယ်တင်ခြင်းရခြင်းငှာ ငါရို့ဟောပြောသည်ကိုပင် တားဆီးရန် ကြိုးစားကြ၏။ ထိုနည်းအတိုင်း သူရို့သည် မိမိရို့၏အပြစ်များ ပြည့်စုံစီခြင်းငှာ အစဉ်မလပ် ကျူးလွန်လျက်ဟိကြ၏။ သို့ဖြစ်၍ နောက်ဆုံး၌ ဘုရားသခင်၏ အမျက်တော်သည် သူရို့၌ ကျရောက်လေ၏။

သက်သာလောနိတ် အသင်းတော်သို့ တဖန် အလည်လာလိုသော ပေါလု၏ဆန္ဒ

ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် စိတ်နှလုံးအားဖြင့် မဟုတ်ဘဲ ခန္ဓာအားဖြင့် ခေတ္တမျှ သင်ရို့နှင့် ခွဲခွာနိန်ရသော်လည်း တဖန် ပြန်တွိ့နိုင်ရန် အလွန်လိုလားတောင်းတကြသည်ဖြစ်၍ သာ၍ ကြိုးစားအားထုတ်ကြ၏။ အကြောင်းမူကား ငါရို့သည် သင်ရို့ပါးသို့ တဖန် လာလိုကြသောကြောင့် ဖြစ်၏။ ငါ ပေါလုကိုယ်တိုင် သင်ရို့ပါးသို့လာရန် အဖန်ဖန်အလီလီ ကြိုးစားခသော်လည်း စာတန်က ငါရို့၏လမ်းခရီးကို ဆီးတားထား၏။ ငါရို့၏အသျှင်ယေသျှု ကြွလာတော်မူသောအခါ ငါရို့သည် ကိုယ်တော်၏ရှိ့၌ မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝင့်ကြွားစရာ အကြောင်းမှာ ဇာအတွက်ကြောင့်လဲ။ သင်ရို့ အတွက်ကြောင့် မဟုတ်ပါလော။ အမှန်ဆိုရလျှင် သင်ရို့သည် ငါရို့၏ ဂုဏ်ယူဝင့်ကြွားစရာ၊ ငါရို့၏ ဝမ်းမြောက်စရာအကြောင်း ဖြစ်၏။

Source notes (4)
  1. Cross-reference တ ၁၆.၁၉–၂၄; တ ၁၇.၁–၉
  2. Footnote ငါရို့သည် သင်ရို့နှင့်အတူ ဟိစဉ်အခါက မိမိ၏သားသမီးတိကို တယုတယပြုစုသည့် မိခင်ကဲ့သို့၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် ငါရို့သည် သင်ရို့နှင့်အတူ ဟိစဉ်အခါက သားသမီးများအား ပြုစုသည့် မိခင်ကဲ့သို့၊ ဟု ဖော်ပြပါဟိသည်။
  3. Cross-reference တ ၁၇.၅
  4. Cross-reference တ ၉.၂၃,၂၉; ၁၃.၄၅,၅၀; ၁၄.၂,၅,၁၉; ၁၇.၅,၁၃; ၁၈.၁၂

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.