Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ ပေတရု 3

အိမ်ထောင်သျှင်နှင့် အိမ်ထောင်သျှင်မများ

1

ထိုနည်းတူစွာ အိမ်ထောင်သျှင်မရို့၊ သင်ရို့ အိမ်ထောင်သျှင်၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ထို့သို့ပြုလျှင် သင်ရို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်သော အိမ်ထောင်သျှင်တိ ဟိပါက သူရို့သည် သင်ရို့၏ အပြုအမူကိုထောက်၍ ယုံကြည်လာကြလိမ့်မည်။ ထိုသို့ပြုလျှင် သင်ရို့၏ နှုတ်အားဖြင့် ပြောရန်ပင် မလိုပေ။ ဇာကြောင့်ဆိုသော် သင်ရို့၏ စိတ်ထားစင်ကြယ်ခြင်းနှင့် ရိုသီလေးစားစွာ ကျင့်ကြံပြုမူခြင်းများကို သူရို့ တွိ့မြင်ကြမည် ဖြစ်သောကြောင့်ဖြစ်၏။ 2သင်ရို့သည် ဆံပင်ကျစ်ခြင်း၊ အဆင်တန်ဆာ ဆင်ခြင်း၊ အဝတ်အစား ဝတ်ဆင်ခြင်းတည်းဟူသော အပြင်ပန်းကို ဆင်ယင်ခြင်း မဖြစ်စီဘဲ၊ ဘုရားသခင်၏ ရှိ့တော်မှောက်၌၊ အလွန် အဖိုးတန်သည့် တည်ငြိမ်သော စိတ်သဘောနှင့် နူးညံ့သိမ်မွိ့သော စိတ်သဘောတည်းဟူသော မဖေါက်ပြန်မပျက်စီးတတ်သော အတွင်းစိတ်နှလုံးကို တန်ဆာဆင်ကြလော့။ ရှီးအခါက ဘုရားသခင်ကို ရိုသီကိုင်းယှိုင်းသော မိန်းမရို့သည် မိမိရို့၏ အိမ်ထောင်သျှင်စကားကို နားထောင်ခြင်းအားဖြင့် လှပစီခြင်းငှာ တန်ဆာဆင်ကြ၏။ စာရာသည် အာဗြဟံ၏စကားကို နားထောင်၍ သူ့ကိုလည်း သခင်ဟု ခေါ်သကဲ့သို့ သင်ရို့သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမဟိဘဲ ကောင်းသောအမှုကို ပြုကြလျှင် စာရာ၏သမီးများ ဖြစ်ကြ၏။ 3

ထိုနည်းတူ အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ အိမ်ထောင်သျှင်မရို့သည် အားနွဲ့သူတိဖြစ်ကြောင်းကို သိမှတ်ကာ အတူတကွ နီထိုင်ကြလော့။ အကြောင်းမူကား သူရို့သည် အသက်နှင့်ဆိုင်သော ဘုရားသခင်၏ ဆုကျေးဇူးကို သင်ရို့နှင့်အတူ ခံစားရကြမည့်သူများ ဖြစ်သောကြောင့် သူရို့အား လေးစားစွာ ဆက်ဆံကြလော့။ ထိုသို့ ပြုလျှင် သင်ရို့၏ ဆုတောင်းခြင်းကို ဆီးတား ခံရလိမ့်မည် မဟုတ်ပေ။

ကောင်းမွန်စွာပြုသည့်အတွက် ခံရသည့် ဒုက္ခဆင်းရဲ

အချုပ်ဆိုရသော် သင်ရို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်စိတ်တစ်ဝမ်းတည်းဟိလျက် ကြင်နာတတ်သောသဘော၊ ချစ်တတ်သောသဘော၊ သနားတတ်သောသဘော၊ နှိမ့်ချတတ်သောသဘော ဟိကြလော့။ အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။ ကျမ်းစာတော်မြတ်၌၊

“အသက်ရှင်ခြင်းကို နှစ်သက်၍၊

ကောင်းသောနိ့ရက်ကို တွိ့မြင်လိုသောသူသည်၊

မိမိ၏လျှာကို မကောင်းသောစကားနှင့် ကင်းစီလော့။

မိမိနှုတ်သည်လည်း မုသားစကားနှင့် ကင်းစီလော့။

သင်ရို့သည် ဆိုးသောအမှုကို ယှောင်ယှားလျက် ကောင်းသောအမှုကို ပြုရမည်။

ငြိမ်းသက်ခြင်းကိုရှာ၍ မှီအောင်လိုက်လော့။

အကြောင်းမူကား သခင်ဘုရားသည် ဖြောင့်မတ်သောသူရို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍၊

သူရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသောကြောင့် ဖြစ်၏။

သို့ရာတွင် မကောင်းသောအမှုကိုပြုသော သူရို့ပါးမှ မျက်နှာလွှဲတော်မူ၏” ဟူ၍ ဆိုထား၏။

သို့ဖြစ်၍ ကောင်းသောအမှု၌ သင်ရို့သည် စိတ်အားထက်သန်ကြပါမူ မည်သူသည် သင်ရို့အား ထိခိုက်နိုင်မည်နည်း။ 4သို့သော် သင်ရို့သည် ဖြောင့်မတ်ခြင်းတရားကြောင့် ဒုက္ခဆင်းရဲ ခံရလျှင် မင်္ဂလာဟိကြ၏။ ဇာသူ့ကိုမျှ မကြောက်ကတ်ကေ့၊ မစိုးရိမ်ကတ်ကေ့။ သို့သော် သင်ရို့၏ စိတ်နှလုံးတွင် ခရစ်တော်ကို သခင်ဘုရားအဖြစ် ရိုသီလေးမြတ်စွာ ခံယူကြလော့။ သင်ရို့ ခံယူထားသော မျှော်လင့်ချက်အကြောင်းကို မိန်းမြန်းလာသောသူအား အစဉ်မပြတ် ယှင်းလင်းဖော်ပြရန် အသင့် ဟိကြလော့။ သို့ရာတွင် နူးညံ့သိမ်မွိ့ပြီး ရိုသီစွာဖြင့် ထိုအရာများကို လုပ်ဆောင်ကြလော့။ သင်ရို့သည် မိမိကိုယ်ကိုသိသောစိတ် ကြည်လင်လျက် ဟိသောကြောင့် ခရစ်တော်၌ သင်ရို့၏ ကောင်းသော ကျင့်ကြံပြုမူပုံကို သင်ရို့အား ကြမ်းတမ်းစွာ စော်ကားပြောဆိုသော သူရို့သည် မြင်သောအခါ အရှက် ရကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင် အလိုတော်ဟိလျှင် မကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ထက် ကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ကား သာ၍ ကောင်း၏။ ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ5 သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။ ကိုယ်တော်သည် အကျဉ်းကျခံနိန်ရသော ဝိညာဉ်များပါးသို့ လား၍ ဝိညာဉ်တော်အားဖြင့် တရားဟောခတော်မူ၏။ ထိုဝိညာဉ်တိကား နောဧသည် သင်္ဘောကို တည်ဆောက်လျက် နိန်စဉ် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းသော်လည်း စကားကို နားမထောင်ခသူရို့၏ ဝိညာဉ်များပင် ဖြစ်သတည်း။ သို့ရာတွင် သင်္ဘောထဲတွင် သျှစ်ယောက်မျှသော လူအနည်းငယ်သာ ရီအားဖြင့် ကယ်တင်ခြင်းကို ခံရ၏။ ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။ ထိုအသျှင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ဟိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးသျှင်များကို အုပ်စိုး၍ နိန်တော်မူ၏။

Source notes (5)
  1. Cross-reference ဧ ၅.၂၂; ကော ၃.၁၈
  2. Cross-reference ၁ တိ ၂.၉
  3. Cross-reference ဧ ၅.၂၅; ကော ၃.၁၉
  4. Cross-reference မ ၅.၁၀
  5. Footnote အသီခံတော်မူခ၊ များစွာသော လက်ရီးမူရင်းကျမ်းများထဲတွင် ဝေဒနာခံစားရခ၊ ဟု ဖော်ပြထား၏။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.