Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ ပေတရု 2

အသက်ရှင်သောကျောက်နှင့် သန့်ယှင်းသောလူမျိုး

ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။ မွီးစသျှေ ကဲ့သို့ ဝိညာဉ်ရေးရာနှင့်ဆိုင်သော သန့်ယှင်းသော နို့ရည်ကို အမြဲ လိုလားတောင့်တကြလော့။ အကြောင်းမူကား ထိုအရာကို သုံးဆောင်မှသာလျှင် သင်ရို့သည် ကြီးထွား၍ ကယ်တင်ခြင်းကို ခံရလိမ့်မည်။ ကျမ်းစာတော်မြတ်က၊ “သခင်ဘုရားသည် အလွန် သနားကြင်နာတော်မူကြောင်းကို သင်ရို့ကိုယ်တိုင် သိကြပြီး ဖြစ်၏” ဟု ဆိုထား၏။

တန်ဖိုးမဟိသကဲ့သို့ လူတိ ပယ်ထားခြင်းကို ခံရသော်လည်း ဘုရားသခင်၏ ရွီးချယ်ခြင်းကိုခံရ၍ အဖိုးထိုက်သည့် အသက်ရှင်သောကျောက်တည်းဟူသော သခင်ဘုရားထံတော်သို့ လာကြလော့။ ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌၊

“ကြည့်ရှုလော့၊ ငါသည် ကျောက်တစ်လုံးကို ဇိအုန်တောင်ထက်၌ ချထား၏။

ထိုကျောက်သည် ငါရွီးချယ်၍ အဖိုးထိုက်သော ထောင့်ချုပ်ကျောက် ဖြစ်လာ၏။

ဇာသူမဆို ထိုအသျှင်ကို ယုံကြည်သောသူသည် လုံးဝ စိတ်ပျက်ရလိမ့်မည် မဟုတ်” ဟု ဆိုထား၏။

ယုံကြည်သောသူရို့အဖို့ ထိုကျောက်သည် အလွန် တန်ဖိုးဟိ၏။ သို့ရာတွင် မယုံကြည်သော သူရို့အဖို့မူကား၊

“တိုက်ကိုတည်ဆောက်သူရို့ တန်ဖိုးမဟိ၍ ပယ်ထားသောကျောက်သည်

အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက် ဖြစ်လာ၏” ဟု ဖော်ပြထား၏။

တခြားသော ကျမ်းစာတော်မြတ်တွင်၊

“ထိုကျောက်သည် လူတိအတွက် ခလုံးတိုက်စရာ ဖြစ်စီ၍၊

တိုက်မိ၍လဲစရာ ကျောက်ဖြစ်လိမ့်မည်”

ဟု ဆို၏။ သူရို့သည် နှုတ်ကပတ်တော်ကို မယုံကြည်ကြသဖြင့် ခလုံးတိုက်စရာ ဖြစ်ရကြ၏။ ဤကား ထိုသူရို့အတွက် ဘုရားသခင်၏ အလိုတော်ပင် ဖြစ်သတည်း။ 1

သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။ သင်ရို့သည် တစ်ခါက ဘုရားသခင်၏ လူစုတော် မဟုတ်သော်လည်း အဂုအခါ ကိုယ်တော်၏ လူစုတော် ဖြစ်ကြပြီ။ သင်ရို့သည် တစ်ခါက ဘုရားသခင်၏ ကရုဏာတော်ကို မခံရကြသော်လည်း အဂုမူကား ကိုယ်တော်၏ ကရုဏာတော်ကို ခံစားရကြပြီ။

ဘုရားသခင်၏ ကျွန်များ

အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။ သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။

သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ လူသားနှင့်စပ်ဆိုင်၍ စီရင်အုပ်စိုးခြင်းတည်းဟူသော အထွတ်အမြတ်ဖြစ်သော ဧကရာဇ်​မင်းကိုလည်းကောင်း၊ လူဆိုးတိကို အပြစ်ပီးရန်နှင့်၊ ကောင်းသောအမှုကို ပြုသောသူတိကို ဂုဏ်ပြုချီးမွမ်းရန် ခန့်ထားသော အစိုးရမင်းများကိုလည်းကောင်း နာခံကြလော့။ သင်ရို့သည် ကောင်းသောအမှုကို ပြုခြင်းအားဖြင့် လူမိုက်ရို့၏ အသိဉာဏ်ကင်းမဲ့စွာ ပြောဆိုမှုကို ရပ်တန့်စီရန် ဘုရားသခင် အလိုဟိတော်မူ၏။ လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ ခပ်သိမ်းသောလူတိကို ရိုသီကြလော့။ ယုံကြည်သူတိကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ ကြလော့။ ဧကရာဇ်မင်းအား ရိုသီလေးမြတ်ကြလော့။

ခရစ်တော်၏ ဆင်းရဲဒုက္ခခံရခြင်း ပုံဥပမာ

အခိုင်းအစီရို့၊ ရိုသီတတ်သောစိတ် အပြည့်အဝနှင့် သင်ရို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ စိတ်သဘောကောင်း၍ ညှာတာထောက်ထားတတ်သော သခင်များကိုသာ မဟုတ်၊ ကြမ်းတမ်းသော သခင်တိကိုလည်း နာခံကြလော့။ အကြောင်းမူကား သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကိုသိသဖြင့် မိမိရို့မခံထိုက်သော ဒုက္ခဝေဒနာများကို သည်းခံကြလျှင် ဘုရားသခင်သည် သင်ရို့အား နှစ်သက်တော်မူလိမ့်မည်။ သင်ရို့သည် ပြုမိသည့် အမှားများအတွက် ရိုက်နှက်ခံရသောအခါ သည်းခံကြလျှင် မည်သို့ ချီးမွမ်းစရာ ဟိကြမည်နည်း။ သို့ရာတွင် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာကို ခံရကြသောအခါ သည်းခံကြလျှင်မူကား ဘုရားသခင်သည် သင်ရို့အား ကျေးဇူးပြုတော်မူလိမ့်မည်။ ထိုသို့အလိုငှာ ဘုရားသခင်သည် သင်ရို့အား ခေါ်တော်မူခြင်းဖြစ်၏။ ခရစ်တော်ကိုယ်တိုင်ပင်လျှင် သင်ရို့အတွက် ဒုက္ခဝေဒနာကို ခံတော်မူ၍ ခြီရာတော်အတိုင်း သင်ရို့ လိုက်လျှောက်နိုင်ကြစီရန် ပုံဥပမာကို ထားပီးတော်မူခ၏။ ကိုယ်တော်သည် အပြစ်ကို မပြု၊ ကိုယ်တော်၏ နှုတ်တော်၌ မုသားကို မတွိ့ရ။ ပုတ်ခတ်ပြောဆိုခြင်း ခံရသောအခါ ပြန်၍ မတုံ့ပြန်။ ဒုက္ခဝေဒနာ ခံတော်မူရသောအခါ ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ မိမိကိုယ်ကို အပ်နှံတော်မူ၏။ ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။ သင်ရို့သည် သိုးများကဲ့သို့ လမ်းလွဲခကြသော်လည်း အဂုအခါ သိုးထိန်းဖြစ်တော်မူပြီး သင်ရို့၏စိတ်ဝိညာဉ်တိကို ကြည့်ရှုစောင့်ရှောက်တော်မူသော အသျှင်ထံသို့ ပြန်လည်၍ ရောက်ကြပြီ။

Source notes (1)
  1. Cross-reference တိ ၂.၁၄

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.