Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ ကောရိန္သု 9

တမန်တော်တစ်ပါး၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

ငါသည် လွတ်လပ်သောသူ မဟုတ်လား၊ တမန်တော်တစ်ပါးလည်း မဟုတ်လား၊ ငါရို့၏ အသျှင်ယေသျှုကို မြင်ရယာ မဟုတ်လား။ သင်ရို့သည် သခင်ဘုရားအဖို့အလို့ငှာ ငါ၏လုပ်ဆောင်မှု အသီးအပွင့်တိ မဟုတ်လား။ အခြားသောသူများသည် ငါ့ကို တမန်တော်အဖြစ် လက်မခံကြသော်လည်း သင်ရို့သည် လက်ခံကြ၏။ ငါသည် တမန်တော်ဖြစ်ကြောင်းကို ပြသောသက်သီမှုကား သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း အသက်ရှင်ကြသော သင်ရို့ကိုယ်တိုင်ပင် ဖြစ်ပေ၏။

ငါ့အား ဝေဖန်ပြစ်တင်ကြသောသူရို့ကို ငါပြောသည်ကား၊ ငါ၏ လုပ်ဆောင်မှုအဖို့ ငါ၌ စားသောက်ခွင့် မဟိလား။ ငါသည် ခရီးလားရာ၌ ပေတရုမှစ၍ သခင်ဘုရား၏ညီတော်များနှင့် အခြားတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သော မယားကို ခေါ်ဆောင်ပိုင်ခွင့် မဟိလား။ ထိုသို့မဟုတ် ငါနှင့် ဗာနဗသာလျှင် ငါရို့၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ရမည်လော။ ဇာစစ်သားသည် မိမိ၏စရိတ်ဖြင့် စစ်မှုထမ်းသနည်း။ ဇာဥယျာဉ်မှူးသည် မိမိစိုက်ပျိုးသော စပျစ်ဥယျာဉ်မှ စပျစ်သီးကို မစားဘဲ နိန်သနည်း။ ဇာသိုးထိန်းသည် မိမိထိန်းကျောင်းရသော သိုးများမှ နို့ကိုမသုံးဆောင်ဘဲ နိန်သနည်း။

ငါသည် လူ့သဘောအားဖြင့်သာ ပြောသည် မဟုတ်၊ ပညတ်ကျမ်း၌လည်း ဤအတိုင်းပင် ပြောထားပေ၏။ 1 မောသျှေ၏ ပညတ်ကျမ်းတွင် “တလင်းနယ်သည့် နွားကို နှာရုပ်တပ်၍ မထားရ” ဟု ရီးထား၏။ ဤသို့ မိန့်တော်မူသည်မှာ ဘုရားသခင်သည် နွား၏အကြောင်းကို မိန့်တော်မူသလော။ အကယ်စင်စစ် ငါရို့အဖို့ မိန့်တော်မူသည် မဟုတ်လား။ ငါရို့အဖို့ ရီးသားထားခြင်းဖြစ်၏။ လယ်ထွန်သောသူနှင့် ရိတ်သိမ်းသောသူရို့သည် မိမိရို့၏ ဝီစုကို ရခြင်းငှာ မျှော်လင့်လျက် လုပ်ကိုင်ကြ၏။ 2 ငါရို့သည် သင်ရို့၌ ဝိညာဉ်ရေးရာနှင့်ဆိုင်သော မျိုးစိ့ကို စိုက်ပျိုးခပြီးနောက် သင်ရို့ပါးမှ ရုပ်ဝတ္ထုနှင့်ဆိုင်သော အကျိုးကျေးဇူးများကို ရိတ်သိမ်းကြလျှင် ငါရို့ လွန်ရာကျမည်လား။ အခြားသူရို့သည် သင်ရို့ပါးမှ ဤသို့ရပိုင်ခွင့်ဟိလျှင် ငါရို့သည် သာ၍ပင် ရပိုင်ခွင့် ဟိသည် မဟုတ်လော။

သို့သော် ငါရို့သည် ထိုအခွင့်အရေးကို မသုံးခဘဲ ငါရို့သည် ခရစ်တော်၏ သတင်းကောင်းအဖို့ အတားအဆီး မဖြစ်စီခြင်းငှာ အရာခမ်းသိမ်း၌ သည်းခံခကြ၏။ ဗိမာန်တော်၌ အလုပ်လုပ်သော သူရို့သည် မိမိရို့၏အစားအစာများကို ဗိမာန်တော်မှ ရကြသည်ကိုလည်းကောင်း၊ ယဇ်ပလ္လင်၌ ယဇ်ပူဇော်သော သူရို့သည်လည်း မိမိရို့၏ဝီစုကို ယဇ်ကောင်မှ ရကြသည်ကိုလည်းကောင်း သင်ရို့ မသိကြသလော။ 3 ထိုနည်းတူစွာ သတင်းကောင်းကို ဟောပြောသက်သီခံသောသူရို့သည်လည်း သတင်းကောင်းအားဖြင့် မိမိရို့၏ အသက်မွီးလောက်သောအစာကို ရသင့်၏ ဟူ၍ သခင်ဘုရား မိန့်မှာတော်မူခ၏။

သို့သော် ငါသည် ထိုအခွင့်အရေး တစ်စုံတစ်ခုကိုမျှ မယူခ။ ယင်းကဲ့သို့ အခွင့်အရေးများကို တောင်းဆိုလို၍ ဤစာကို ရီးလိုက်ခြင်းလည်းမဟုတ်။ ငါ၏ ဂုဏ်ယူဝင့်ကြွားခြင်းအခွင့်ကို တစ်စုံတစ်ယောက်အား ဖျက်ဆီးခွင့်ပြုလိုက်သည်ထက် အယင်သီရခြင်းကို ငါနှစ်သက်၏။ ငါသည် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောသောအခါ ဂုဏ်ယူဝင့်ကြွားခွင့်မဟိ။ အကြောင်းမူကား ဘုရားသခင်သည် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောရန် ငါ့အား တာဝန်ပီးထား၏။ ငါသည် မဟောဘဲနိန်လျှင် ဇာလောက် အမင်္ဂလာ ဟိလိမ့်မည်နည်း။ ငါသည် မိမိဆန္ဒအလျောက် အမှုတော်ကို ဆောင်ရွက်လျှင် အကျိုးဟိ၏။ သို့ရာတွင် မိမိဆန္ဒအလျောက် မဟုတ်လျှင် ဘုရားသခင်သည် ငါအား ဤအမှုတော်ကို လုပ်ဆောင်ရန် ပီးအပ်ထားခြင်းဖြစ်၏။ သို့ဖြစ်၍ ငါသည် ဇာအကျိုးကို ခံစားရသနည်း။ ငါသည် အမှုတော်၌ အခကြေးငွီမယူ၊ ရပိုင်ခွင့်များကို မတောင်းဆိုဘဲ သတင်းကောင်းတရားကို ဟောပြောရသော အခွင့်ထူးပင်လျှင် ငါ၏ ခံစားရသောအကျိုးဖြစ်၏။

ငါသည် ဇာသူ့ကျွန်လည်း မဟုတ်၊ လွတ်လပ်သောသူ တစ်ယောက်ဖြစ်၏။ သို့သော် ငါသည် များစွာသောလူတိကို ရစီခြင်းငှာ လူတိုင်း၏ ကျွန်ဖြစ်၏။ ငါသည် ယုဒလူမျိုးရို့၌ အမှုတော်ဆောင်စဉ် သူရို့ကို ရစီခြင်းငှာ ယုဒလူမျိုးတစ်ယောက်ကဲ့သို့ နီထိုင်၏။ ငါသည် မောသျှေ၏ ပညတ်တရားကို စောင့်သောသူ မဟုတ်သော်လည်း ပညတ်တရားကို စောင့်သောသူရို့အား ရစီခြင်းငှာ ငါသည် ပညတ်တရားကို စောင့်သောသူကဲ့သို့ နီထိုင်၏။ ထိုနည်းတူ ပညတ်တရားကို မစောင့်သော တခြားလူမျိုးရို့၌ အမှုတော်ဆောင်ရွက်စဉ် သူရို့အား ရစီခြင်းငှာ ပညတ်တရားကို မစောင့်သောတခြားလူမျိုးကဲ့သို့ နီထိုင်၏။ ဤသို့ဆိုရာ၌ ငါသည် ဘုရားသခင်၏ ပညတ်တော်ကို မလိုက်နာဟုမဆို။ အကယ်စင်စစ် ငါသည် ခရစ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်၏။ ငါသည် ယုံကြည်ခြင်း အားနည်းသော သူရို့အထဲသို့ ရောက်သောအခါ ထိုသူရို့ကို ရခြင်းငှာ ယုံကြည်ခြင်းအားနည်းသူကဲ့သို့ နီထိုင်၏။ လူအမျိုးမျိုးထဲမှ အချို့သောသူရို့ကို တစ်နည်းနည်းအားဖြင့် ကယ်တင်နိုင်ခြင်းငှာ ငါသည် အမျိုးမျိုးနီထိုင်ခ၏။

ငါသည် သတင်းကောင်းတရား၏ ကောင်းကြီးမင်္ဂလာကို မျှဝီပီးနိုင်ရန် ထိုသတင်းကောင်းတရားအကျိုးငှာ ထိုအရာအလုံးစုံကို ဆောင်ရွက်၏။ အဗြီးပြိုင်ပွဲ တစ်ပွဲ၌ အဗြီးသမားများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်းသာလျှင် အောင်ဆု ရဟိသည့်အကြောင်းကို သင်ရို့သိကြ၏။ သို့ဖြစ်၍ သင်ရို့သည် အောင်ဆုကို ရနိုင်ခြင်းငှာ ဗြီးကြလော့။ ပြိုင်ပွဲဝင်ခြင်းငှာ လေ့ကျင့်သော အားကစားသမားတိုင်းသည် တင်းကြပ်သော စည်းကမ်းများကို လိုက်နာရ၏။ ထိုသို့ လေ့ကျင့်ရသည့် အကြောင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းငှာ ပြုကြခြင်း ဖြစ်ပေ၏။ ငါရို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရဟိခြင်းငှာ ပြုကြ၏။ ထို့ကြောင့် ငါသည် ပန်းဝင်ရာသို့ တည့်မတ်စွာ ဗြီး၏။ ငါသည် လက်ဝှေ့ထိုးသောအခါ လီကို ထိုးသတ်သော လက်ဝှေ့သမားတစ်ယောက်ကဲ့သို့ မဟုတ်။ ငါသည် သူတစ်ပါးအား ပြိုင်ပွဲဝင်ရန် ခေါ်ခပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲ၌ မယှုံးစီခြင်းငှာ ငါ၏ကိုယ်ခန္ဓာကို မာကြောအောင် ထိုးကြိတ်ခြင်းကိုခံ၍ လေ့ကျင့်လေ့ဟိ၏။

Source notes (3)
  1. Cross-reference ၁ တိ ၅.၁၈
  2. Cross-reference ရော ၁၅.၂၇
  3. Cross-reference မ ၁၀.၁၀; လု ၁၀.၇

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.