Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ ကောရိန္သု 10

ရုပ်တုကိုးကွယ်မှုနှင့် ပတ်သက်၍သတိပီးချက်

ညီအစ်ကိုရို့၊ မောသျှေ၏ နောက်သို့ လိုက်ကြသော ငါရို့ဘိုးဘေးတိ ဇာပိုင် ဖြစ်ပျက်တွိ့ကြုံခသည်ကို သတိရစီလို၏။ သူရို့သည် မိုးတိမ်၏ အကွယ်အကာဖြင့် ပင်လယ်နီကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခကြ၏။ သူရို့သည် မိုးတိမ်နှင့် ပင်လယ်ထဲတွင် မောသျှေ၏ တပည့်များအဖြစ် ဗတ္တိဇံမင်္ဂလာကို ခံယူကြ၏။ သူရို့အားလုံးသည် တူညီသော ဓမ္မမုန့်ကို စားကြရပြီး၊ တူသော ဓမ္မရီကိုလည်း သောက်ကြရ၏။ သူရို့နှင့်အတူ လိုက်လာကြသော ဓမ္မကျောက်မှ ရီကို သူရို့သည် သောက်သုံးကြ၏။ ထိုကျောက်ကား ခရစ်တော်ကိုယ်တိုင်ပင် ဖြစ်၏။ သို့သော် ထိုသူရို့အထဲမှ လူအများစုကို ဘုရားသခင် နှစ်သက်တော်မမူ။ ထို့ကြောင့် သူရို့၏ သီပြီးသော ခန္ဓာကိုယ်များသည် တောကန္တာရ၌ ပြန့်ကျဲနိန်၏။

ဤဖြစ်ပျက်သမျှသော အရားအားလုံးသည် ငါရို့အဖို့ ပုံဥပမာများ ဖြစ်၏။ ဤသည်ကား အဂုခါ ဆိုးညစ်သော ဆန္ဒအတိုင်း သူရို့ပြုလုပ်ခသကဲ့သို့ မပြုလုပ်စီခြင်းငှာ ငါရို့အား သတိပီးခြင်းပင် ဖြစ်၏။ ကျမ်းစာ၌လာသည်ကား “လူရို့သည် ထိုင်၍ စားသောက်ကြပြီးနောက် အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏” ဟု လာသည်နှင့်အညီ ထိုသူရို့ထဲမှ လူတချို့ ပြုသကဲ့သို့ ရုပ်တုမကိုးကွယ်ကေ့။ ငါရို့သည် ထိုသူအချို့ပြုခသကဲ့သို့ မတရားသောမေထုန်မလိုက်စားကတ်ကေ့။ တစ်နိ့၌ သူရို့အတွင်းမှ လူ ၂၃,၀၀၀ ရို့သည် သီဆုံးကြ၏။ ငါရို့သည် ထိုသူအချို့ကဲ့သို့ သခင်ဘုရား1အား မနှောင့်ယှက်ကတ်ကေ့။ နှောက်ယှက်သော သူရို့သည်ကား မြွီကိုက်၍ သီကျလားကြ၏။ သင်ရို့သည် အချို့သော ထိုသူရို့ကဲ့သို့ မငြီးတွားကတ်ကေ့။ သူရို့သည် သီမင်းတမန်၏ လက်ချက်ဖြင့် ဆုံးပါးပျက်စီးရကြ၏။

ထိုသူရို့၌ ဤဖြစ်ပျက်သောအရာများသည် တခြားသူရို့အဖို့ ပုံဥပမာ ဖြစ်စီခြင်းငှာပင် ဖြစ်၏။ ကပ်ကာလအဆုံးသောအချိန်၌ အသက်ရှင်ရနိန်ကြ သောသူရို့ဖြစ်သည့်ငါရို့အား သတိပီးသောအားဖြင့် ထိုအကြောင်းအရာများကို ကျမ်းစာတော်၌ ရီးထားလျက်ဟိ၏။

သင်သည် ခိုင်ခံ့စွာရပ်တည်လျက် နိန်သည်ဟု ထင်လျှင် မယိုင်မလဲစီခြင်းငှာ ကောင်းစွာသတိပြုလော။ သင်ရို့တွိ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် လူ၌ဖြစ်တတ်သော သာမန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရားသခင်သည် ကတိတည်တော်မူသော အသျှင်ဖြစ်တော်မူသဖြင့် သင်ရို့အား မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံစီတော်မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌ ခံနိုင်သောခွန်အားကို ပီးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရာလမ်းကိုလည်း ပီးတော်လိမ့်မည်။

ထို့ကြောင့် ချစ်စွာသောညီအစ်ကိုရို့၊ ရုပ်တုကိုးကွယ်ခြင်းမှ ယှောင်ကြဉ်ကြလော့။ ငါသည် သင်ရို့အား အသိအလိမ္မာ ဟိသောသူရို့ကဲ့သို့ ပြောနိန်ခြင်းဖြစ်၏။ ငါစကားကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ကြလော့။ 2ငါရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ ပွဲတော်ခွက်ဖလားမှ စပျစ်ရည်ကို သောက်ကြသောအခါ ခရစ်တော်၏ အသွီးတော်ကို ဝီငှခံယူ၍ သောက်ကြသည် မဟုတ်လော။ မုန့်ကို ချိုးဖဲ့၍ စားသောအခါ၌လည်း ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို ဝီငှခံယူ၍ စားကြသည် မဟုတ်လော။ အကြောင်းမူကား၊ မုန့်သည် တစ်လုံးတည်းဟိသည်ဖြစ်၍၊ ထိုမုန့်တစ်လုံးတည်းကို ဝီငှ၍ သုံးဆောင်ကြသောကြောင့် ငါရို့သည် အရီအတွက်အားဖြင့် များသော်လည်း ခန္ဓာကိုယ် တစ်ကိုယ်တည်းသာ ဖြစ်ကြ၏။

ဣသရေလလူရို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ သူရို့သည် ပီးလှူထားသော ယဇ်ကောင်၏အသားကို ဝီငှ၍ စားကြသဖြင့် ယဇ်ပလ္လင်၌ ပူဇော်ခြင်းတွင် ပါဝင်ကြ၏။ ထိုသို့ဆိုသော် ငါသည် ရုပ်တု၊ သို့မဟုတ် ရုပ်တုအား ပူဇော်သော အစားအစာသည် အရေးပါသောအရာ တချို့ဟိသည်ဟု ဆိုလိုသလော။ ထိုသို့ ငါ မဆိုလို။ ဘုရားသခင်အား မကိုးကွယ်သောသူရို့၏ ပူဇော်သောယဇ်သည် နတ်ဆိုးများကို ပူဇော်သောယဇ်သာလျှင် ဖြစ်ပြီး၊ ဘုရားသခင်အား ပူဇော်သောယဇ် မဟုတ်ကြောင်းကိုသာလျှင် ဆိုလို၏။ ငါသည် သင်ရို့အား နတ်ဆိုးများနှင့် ဆက်ဆံခြင်း မဟိစီလို။ သင်ရို့သည် သခင်ဘုရား၏ခွက်ဖလားကို သော်လည်းကောင်း၊ နတ်ဆိုးရို့၏ ခွက်ဖလားကို သော်လည်းကောင်း မသောက်နိုင်။ သခင်ဘုရား၏စားပွဲနှင့် နတ်ဆိုးများ၏စားပွဲ နှစ်ခုလုံး၌ မစားနိုင်။ ငါရို့သည် သခင်ဘုရားအား အမျက်တော်ကို ထွက်စီလိုကြသလော။ ငါရို့သည် သခင်ဘုရားထက် ပို၍တန်ခိုးကြီးကြသလော။ 3

“ငါရို့၌ ဇာအမှုကိုမဆို ပြုနိုင်ခွင့်ဟိ၏” ဟု သူရို့ဆိုကြသည်အတိုင်း မှန်သော်လည်း အရာခပ်သိမ်းသည် ကောင်းမွန်သည် မဟုတ်။ “ငါရို့တွင် ဇာအမှုကိုမဆို ပြုပိုင်ခွင့်ဟိ၏” ဟု ဆိုသော်လည်း အရာခပ်သိမ်းသည် ငါရို့၏ အကျိုးကို ပြုစုပီးသည် မဟုတ်။ ဇာသူမျှ ကိုယ်ကျိုးကို မရှာစီကေ့။ သူတစ်ပါး၏ အကျိုးကိုသာလျှင် ရှာစီ။

သင်ရို့၏ သြတ္တပ္ပစိတ်ကိုထောက်၍ ဈီး၌ရောင်းသမျှကို မစစ်ကြောမမိန်းမြန်းဘဲ ဝယ်၍ စားကြလော့။ အကြောင်းမူကား၊ “ဤမြီကြီးနှင့်တကွ မြီကြီးထက်တွင် ဟိသမျှသောအရာများကို သခင်ဘုရားသည် ပိုင်တော်မူ၏” ဟု ကျမ်းစာတော်၌ လာ၏။

မယုံကြည်သော သူတစ်ယောက်သည် သင်ရို့အား ဧည့်ခံကျွေးမွေးခြင်းငှာ ခေါ်ဖိတ်လျှင် သင်ရို့လားလိုက လားကြလော။ သင်ရို့၏ သြတ္တပ္ပစိတ်ကိုထောက်၍ သင်ရို့ရှိ့၌ ချကျွေးသမျှတိကို မစစ်ကြောမမိန်းမြန်းဘဲ စားလော့။ သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအား ယဇ်ပူဇော်သော အသားဖြစ်၏” ဟု ဆိုလျှင် ထိုသို့ ပြောသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုထောက်၍ လည်းကောင်း ထိုအသားကို မစားကတ်ကေ့။ သြတ္တပ္ပစိတ်ဆိုရာ၌ သင်ရို့၏ စိတ်ကို မဆိုလို။ တစ်ပါးသူ၏ စိတ်ကို ဆိုလို၏။

အကြောင်းမူကား “ငါ၏လွတ်လပ်မှုကို ဇာကြောင့် သူတစ်ပါး၏ သြတ္တပ္ပစိတ်ဖြင့် ကန့်သန့်ထားရပါမည်နည်း။ အကယ်၍ ငါသည် အစားအစာအဖို့ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီး သုံးဆောင်သော အစားအစာနှင့်ပတ်သက်၍ သူတစ်ပါးက အကျွန့်ကို ဇာကြောင့် ဝေဖန်ရပါမည်နည်း။”

သင်ရို့သည် စားသည်ဖြစ်စီ၊ သောက်သည် ဖြစ်စီ၊ ဇာအမှုအရာကို ပြုသည်ဖြစ်စီ ဘုရားသခင်၏ ဘုန်းတော်အဖို့ ပြုကြလော့။ ယုဒလူတိအတွက် ဖြစ်စီ၊ တခြားလူမျိုးတိအတွက် ဖြစ်စီ၊ ဘုရားသခင်၏ အသင်းတော်တိအတွက် ဖြစ်စီ ကဲ့ရဲ့စရာအကြောင်း မဖြစ်စီခြင်းငှာ နီထိုင်ကြလော့ — သင်ရို့သည်လည်း ငါပြုသကဲ့သို့ ပြုကြလော့။ ငါသည် လူတိ ကယ်တင်ခံရမည့်အကြောင်း၊ ပြုသမျှသော အမှုတိတွင် ကိုယ်ကျိုးကိုမရှာဘဲ လူတိအကျိုးကို ငဲ့၍ သူရို့နှစ်သက်အောင် ပြု၏။

Source notes (3)
  1. Footnote သခင်ဘုရား၊ တချို့သော လက်ရီးမူရင်း လက်ရီးမူကျမ်းများတွင် ခရစ်တော်၊ ဟူ၍ ပါဟိ၏။
  2. Cross-reference မ ၂၆.၂၆–၂၈; မာ ၁၄.၂၂–၂၄; လု ၂၂.၁၉,၂၀
  3. Cross-reference ၁ ကော ၆.၁၂

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.