Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ ကောရိန္သု 2

ကားတိုင်ထက်တွင် အသီခံတော်မူသော ခရစ်တော်၏အကြောင်း သတင်းစကား

ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ထံပါးသို့ ရောက်လာ၍ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော သမ္မာတရား1ကို ဟောပြောသောအခါ စကားလုံးကြီးများ၊ တတ်မြောက်ထားသော ပညာများနှင့် ယှဉ်၍ ဟောပြောသည်မဟုတ်။ အကြောင်းမူကား သင်ရို့နှင့်အတူ ဟိစဉ်က ငါသည် ယေသျှုခရစ်တော်၏ အကြောင်းနှင့် အထူးသဖြင့် လက်ဝါးကပ်တိုင်၌ ကိုယ်တော် အသီခံတော်မူသည့် အကြောင်းမှတစ်ပါး အခြားသောအရာ မှန်သမျှကို မိ့ပျောက်စီခြင်းငှာ စိတ်ပိုင်းဖြတ်ထား၏။ 2 ထို့ကြောင့် ငါသည် သင်ရို့ထံပါးသို့ လာသောအချိန်၌ အားနည်း၍ ကြောက်ရွံ့တုန်လှုပ်လျက်၊ ငါ၏ ဟောပြောခြင်းနှင့် သတင်းစကားတွင် လူရို့၏ဉာဏ်ပညာဖြင့် ကျွမ်းကျင်သောစကားများကို အသုံးမပြုဘဲ ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် နားလည်သဘောပေါက်စီသော စကားများကိုသာ အသုံးပြု၏။ သို့ဖြစ်၍ သင်ရို့၏ ယုံကြည်မှုသည် လူရို့၏ ဉာဏ်ပညာ၌ အမှီမပြုဘဲ ဘုရားသခင်၏ တန်ခိုးတော်၌သာ အမှီပြုစီလို၏။

ဘုရားသခင်၏ ဉာဏ်ပညာတော်

ငါသည် ဉာဏ်ပညာနှင့် ယှဉ်သောစကားကို ဝိညာဉ်ရေးရာ ရင့်ကျက်သော သူရို့အား ပြောဆိုပါ၏။ သို့ရာတွင် ထိုဉာဏ်ပညာကား ဤလောကနှင့် သက်ဆိုင်သည် မဟုတ်။ လောကီမင်းများနှင့်လည်း မသက်ဆိုင်။ လောကီမင်းရို့၏ တန်ခိုးအာဏာသည်လည်း ပျက်ပြယ်တတ်၏။ ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။ လောကီမင်းတစ်ဦးတစ်ယောက်မျှ ဤဉာဏ်ပညာတော်အကြောင်းကို မသိနားမလည်ကတ်။ အကယ်၍ သိနားလည်ကြလျှင် သူရို့သည် ဘုန်းတန်ခိုးတော်၏ အသျှင်ကို လက်ဝါးကပ်တိုင်တွင် တင်၍ သတ်ကြလိမ့်မည် မဟုတ်။ သို့ရာတွင် ကျမ်းစာ၌ လာသည်အတိုင်း၊

“ဇာသူမျှ မမြင်ဖူး၊ မကြားဖူး၊

ဇာသူမျှ မဖြစ်နိုင်ဟု ထင်မှတ်ထားသောအရာကို၊

ဘုရားသခင်သည် မိမိအား ချစ်သောသူရို့အဖို့ ပျင်ဆင်ထားတော်မူ၏။”

သို့သော်3 ထိုကွယ်ဝှက်ထားသော အမှုအရာကို ဘုရားသခင်သည် ငါရို့အား မိမိ၏ ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူ၏။ ထိုဝိညာဉ်တော်သည် ခပ်သိမ်းသော အရာကို သာမက ဘုရားသခင်၏ ကွယ်ဝှက်ထားသည့် နက်နဲသော အကြံအစည်တော်များကိုပင်လျှင် ရှာဖွီတော်မူ၏။ ငါရို့၏ အကြောင်းအလုံးစုံကို ငါရို့အထဲ၌ ဟိသော စိတ်ဝိညာဉ်ကသာလျှင် သိ၏။ ထိုနည်းတူ ဘုရားသခင်၏အကြောင်း အလုံးစုံကို ဘုရားသခင်၏ ဝိညာဉ်တော်ကသာလျှင် သိတော်မူ၏။ ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည် မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။

ထို့ကြောင့် ငါရို့သည် လူ၏ဉာဏ်ပညာအားဖြင့် သွန်သင်ဟောပြောခြင်းကို မပြုဘဲ၊ ဝိညာဉ်တော်ကို ခံယူရဟိကြသော သူရို့4အား ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများကို ယှင်းပြသောအခါ ဝိညာဉ်တော်၏ သွန်သင်ပီးသော စကားများကိုသာ အသုံးပြုကြ၏။ ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။ ဝိညာဉ်တော်ကို ခံယူရဟိသောသူသည် အရာခပ်သိမ်းရို့ကို ပိုင်းခြား၍ သိနိုင်၏။ သို့ရာတွင် ထိုသူအား မည်သူမျှ ပိုင်းခြား၍ မသိနိုင်။ ကျမ်းစာ၌ လာသည်ကား၊

“ဇာသူသည် သခင်ဘုရား၏ စိတ်တော်ကို သိပါသနည်း။

ဇာသူသည် ကိုယ်တော့်ကို အကြံဉာဏ် ပီးနိုင်ပါမည်နည်း”

ဟူ၍ ဖြစ်၏။ သို့ရာတွင် ငါရို့မူကား ခရစ်တော်၏ စိတ်သဘောကို ရဟိကြ၏။

Source notes (4)
  1. Footnote ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော သမ္မာတရား၊ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် ဘုရားသခင်အကြောင်း သက်သီခံချက် ဟူ၍ ပါဟိသည်။
  2. Cross-reference တ ၁၈.၉
  3. Footnote သို့သော်၊ အချို့သောမူရင်း လက်ရီးမူကျမ်းများတွင် အကြောင်းမူကား၊ ဟူ၍ ပါဟိ၏။
  4. Footnote ဝိညာဉ်တော်ကို ခံယူရဟိကြသော သူရို့အား၊ သို့မဟုတ် ဝိညာဉ်တော်အားဖြင့် ပီးသော နှုတ်ကပက်တော်နှင့်အတူ။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.